ရွှေမန်း ပဲစင်းငုံနီ(အသစ်)များစတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက် ဈေးရှိပြီး ဈေးကောင်းရရှိ နေကြောင်း ကုန်သည်များထံက သိရသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ နှမ်းနှင့် မြေပဲတို့ကို အဓိက စိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်တွင် ပဲစင်း ငုံနီကို ကုန်းခြောက်တောများ ဖြစ်သည့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် စိုက်ဧက ၁၅၀၀၀ ကျော်ရှိပြီး သီးညှပ်သီးနှံ အဖြစ်စိုက်ပျိုးကြကြောင်း၊ တချို့ တောင်သူများမှာ နှစ်သီးစားစိုက် ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုး ကို စိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်အတွင်းသို့ အခြားနယ်များမှလည်း ပဲစင်းငုံနီ များ ဝင်ရောက်လာရာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊...
FlashNews:
ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စျေးအနည်းငယ်ပြန်တက်
ဘဏ္ဍာနှစ် ရှစ်လအထိ ပို့ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်လာ
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်လာ
20404
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
အရန်ဆန် အိတ်ရေ ၈ သိန်း စုဆောင်းထားဟု MRF ဥက္ကဋ္ဌပြော
ရွှေမန်း ပို့ကုန်အခြေပြုအရန်ဆန်စနစ်အရ ဆန်တင်ပို့သူတွေရဲ့ ပါဝင်မှုနဲ့ အရန်ဆန်အိတ်ရေ ၈ သိန်းခန့် စုဆောင်းထားရှိပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ “ပို့ကုန်ဆန် ၁ တန် ပို့တိုင်း၊ ပို့တိုင်းမှာ ဆန် ၁ အိတ် (၁ တန်၊ ၁ အိတ်)။ ဆန်စပါးကဏ္ဍမှာရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ဆောင်ရွက်ထားပါတယ်”ဟု ၄င်းကပြောသည်။ အရန်ဆန်တွေ စုဆောင်းထားခြင်းကြောင့် လိုအပ်ချက်ရှိလာပါက ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံ/အလုပ်ရုံတွေထံ ရောင်းချပေးလျက်ရှိသည်။ “ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေကြောင့်၊ ဈေးကွက်လိုအပ်ချက်ကြောင့် အရန်ဆန်ထဲကနေ ထုတ်ရောင်းပေးတာပါ”ဟု MRF ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။ MRF အနေဖြင့်...
မြန်မာ့နာနတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုသော်လည်း ပို့မွှား၅ မျိုးကိုစစ်ဆေးခံရမည်
ရွှေမန်း မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း...
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်လာ
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ ရာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်လာပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၂၆၅ ထပ်မံမြင့်တက်လာကြောင်းသိရသည်။
နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်အထွက်နည်းလာသောကြောင့် ဈေးမြင့်တက်လာ
ရွှေမန်း ကွမ်းစိုက်တောင်သူများ အနေ ဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် နေ့ အပူချိန်ကျဆင်းကာ အအေး ဓာတ်ပိုလာသောကြောင့် ကွမ်း ရွက်အထွက်နည်းလာကြောင်း တောင်သူများထံမှ သိရသည်။ ပြည်တွင်းကွမ်းခြံများတွင် ကွမ်းရွက်အထွက်နှုန်း ကျဆင်း လာရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်မှု နည်းပါလာသော ကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀-၁၄၀၀၀ ပေါက်ဈေးရှိ လာသည်။ မန္တလေးဈေးကွက်သို့ ဝင် ရောက်လျက်ရှိသော ကွမ်းခြင်း ပမာဏလည်း လျော့ကျလာ ကြောင်း၊ တံတားဦးမြို့နယ်၊ မုံရွာမြို့ နယ်၊ ကန့်ဘလူမြို့နယ်တို့မှ ကွမ်း ခြံခူးဈေးများလည်း မြင့်တက်လာ ကြောင်း၊ ရက်ပိုင်းအတွင်း ဆက် လက်ဈေးမြင့်တက်မည့် အခြေ အနေများ ရှိနေကြောင်း၊ အဓိက ကွမ်းဈေးမြင့်တက်လာရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးစရိတ် ကြီးမှုကြောင့်လည်း ကွမ်းဈေးက မြင့်တက်လာကြောင်း ကွမ်းကုန်...
ပြောင်းရာသီအစ တောင်သူများ ဈေးကောင်းရလာ
ရွှေမန်း ယခုနှစ် ပြောင်းရာသီအစ တွင် ပြည်တွင်းပြောင်းဈေးကွက် မှာ ယခင်နှစ်ထက် ဈေးကောင်း ရရှိလာကြောင်း ပြောင်းကုန်သည် များထံမှ သိရသည်။ လက်ရှိ တွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ မှု ရပ်နားထားသော်လည်း အခြား ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံ များသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိ သည်။ မကြာမီ တရုတ်နိုင်ငံသို့ လည်း နယ်စပ်ကုန်သွယ် ရေးလမ်း ကြောင်းမှတစ်ဆင့် ပြန်လည်တင် ပို့နိုင်မည့် မျှော်လင့်ချက်များဖြင့် ပြောင်းရာသီအစကတည်းက ဈေး ကောင်းပေးဝယ်ယူကာ ပြောင်စုဆောင်း မှုများ ရှိနေကြောင်း ကုန်သည်များက သုံးသပ်ထားသည်။ နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးဈေးကွက်၌ ပြောင်း (CP)-၅၄ပိဿာတစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀- ၇၈၀၀၀၊ အထွက်တိုးပြောင်း(နီ) -၅၃...
ပြည်တွင်းပဲ ရာသီအကုန် ပဲမာလိုင်းအချို့ ပစ္စည်းပြတ်၊ တရုတ်ပို့ကုန် မြေထောက်ပဲ ဈေးမြင့်တက်လာ
ရွှေမန်း ပြည်တွင်းပဲရာသီကုန်ဆုံး ခါနီးဖြစ်သောကြောင့် ပဲမာလိုင်း အချို့ ပစ္စည်းပြတ်လပ်မှုများ ရှိ နေပြီး တရုတ်ပို့ကုန်မြေထောက် ပဲဈေးမြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရ သည်။ ပဲ၊ နှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ် ယူမှု ကောင်းလာသောကြောင့် မြေထောက်ပဲ ဈေးမြင့်တက်လာရာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ ပေါက်ဈေးရှိလာရာ ယခင်သီတင်း ပတ်ထက် ငွေကျပ် ၂၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။ နိုဝင်ဘာလကုန်ပိုင်းတွင် မြေပဲဆန်ဈေးကွက်မှာ ဒေသစုံမှ ဝင်ရောက်လာမှုကြောင့် အရောင်း အဝယ်ကောင်းနေပြီး ဈေးနှုန်း အနည်းငယ်သာ ကျဆင်းမှု ရှိ သော်လည်း အမြင့်ဈေးတန်းတွင် ရှိနေကြောင်း၊ နှမ်းမျိုးစုံမှာ ပို့ကုန် တင်ပို့ရန်အတွက် ဝယ်ယူမှု ကောင်းသော်လည်း ဈေးအနည်း ငယ် ကျဆင်းလာကြောင်း...
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ရွှေမန်း ဆောင်းစိုက်သီးနှံအဖြစ် ဧရာ၀တီမြစ်ရေ ကျဆင်းချိန် အောက်တိုဘာလဆန်းပိုင်းက စတင် စိုက်ပျိုးထားသည့် စားဖို ဆောင်သီးနှံများဖြစ်သည့် ချဉ် ပေါင်ရွက်၊ ဘူးသီးများ စတင် ခူးဆွတ်ရောင်းချနေရာ ယခင်နှစ် များထက် ဈေးကောင်းရရှိလာ ကြောင်း တောင်သူများထံက သိရ သည်။ “ ဆောင်းစိုက်အနေနဲ့ ကန် စွန်းဥ၊ မြေပဲတွေနဲ့ ချဉ်ပေါင်ရွက်၊ ဘူးပင်ကတော့ အညွှန့်တွေ စတင် ခူးနေပါပြီ။ ချဉ်ပေါင်ကတော့ အစည်း ၁၀၀ကို ငွေကျပ် ၃၅၀၀- ၄၀၀၀ ဈေးရပါတယ်။ ချဉ်ပေါင် က တစ်ဧကကို ငွေကျပ် ၅၀၀၀၀၀ စိုက်ပျိုးစရိတ် ကုန်ကျပါတယ်။ ချဉ်ပေါင်ကတော့ အပင်နုတ်စနစ် နဲ့ တစ်ကန့်ကို ချဉ်ပေါင်အစည်း ၈၀၀၀ လောက်ထွက်ပါတယ်။တစ်ဧကနှုန်းဆိုရင် ချဉ်ပေါင် အစည်း ၃၂၀၀၀...
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ
ရွှေမန်း ဆောင်းစိုက်သီးနှံအဖြစ် ဧရာ၀တီမြစ်ရေ ကျဆင်းချိန် အောက်တိုဘာလဆန်းပိုင်းက စတင် စိုက်ပျိုးထားသည့် စားဖို ဆောင်သီးနှံများဖြစ်သည့် ချဉ် ပေါင်ရွက်၊ ဘူးသီးများ စတင် ခူးဆွတ်ရောင်းချနေရာ ယခင်နှစ် များထက် ဈေးကောင်းရရှိလာ ကြောင်း တောင်သူများထံက သိရ သည်။ “ ဆောင်းစိုက်အနေနဲ့ ကန် စွန်းဥ၊ မြေပဲတွေနဲ့ ချဉ်ပေါင်ရွက်၊ ဘူးပင်ကတော့ အညွှန့်တွေ စတင် ခူးနေပါပြီ။ ချဉ်ပေါင်ကတော့ အစည်း ၁၀၀ကို ငွေကျပ် ၃၅၀၀- ၄၀၀၀ ဈေးရပါတယ်။ ချဉ်ပေါင် က တစ်ဧကကို ငွေကျပ် ၅၀၀၀၀၀ စိုက်ပျိုးစရိတ် ကုန်ကျပါတယ်။ ချဉ်ပေါင်ကတော့ အပင်နုတ်စနစ် နဲ့ တစ်ကန့်ကို ချဉ်ပေါင်အစည်း ၈၀၀၀ လောက်ထွက်ပါတယ်။တစ်ဧကနှုန်းဆိုရင် ချဉ်ပေါင် အစည်း ၃၂၀၀၀...
မြေပဲလုံးဆန်ထိပ်စများပို့ကုန်အဝယ်ရှိလာသလို ဈေးကွက်အတွင်း အဝင်နည်းလာသောကြောင့်မြေပဲဆီဆန်များလည်း ဈေးမြင့်တက်လာ
ရွှေမန်း မြေပဲလုံးဆန် ထိပ်စများ ပို့ကုန် အဝယ်ကောင်းလာသလို ဈေးကွက်အတွင်းအဝင် နည်း လာသောကြောင့် မြေပဲဆီဆန် များ ဈေးမြင့်တက်လာကြောင်း ကုန်သည်များထံက သိရသည်။ ကထိန်ရာသီနောက်ပိုင်း ပဲ၊ နှမ်းဈေးကွက်အတွင်း မြေပဲဆန်၊ နှမ်းမျိုးစုံနှင့် ပို့ကုန်ပဲတီစိမ်းများ အရောင်းအဝယ် သွက်လာနိုင် ကြောင်း ကုန်သည်များသုံးသပ် ထားသည်။ နိုဝင်ဘာလဆန်းပိုင်းတွင် မြေပဲဆန်ဈေးကွက် ကျဆင်းနေ သောကြောင့် ဈေးကွက် အဝင် နည်းလာခဲ့သည်။ ကထိန်ပွဲတော် ကာလဖြစ်သောကြောင့် အရောင်း အဝယ်ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ဖြစ်မှုနည်းပါးနေချိန်ဖြစ် သည်။လက်ရှိအချိန်တွင် တရုတ် လိုင်းအဝယ်ကောင်းလာသည့် မြေပဲလုံးဆန်ထိပ်စများ အဝယ် သွက်နေသလိုအဝင်နည်းလာသည့် မြေပဲဆီဆန်များလည်း ဈေးပြန် လည်မြင့်တက်ကြောင်း၊ပွဲတော် ပိတ်ရက်များအလွန်မှာ အရောင်း အဝယ်ခပ်သွက်သွက်ပြန်ဖြစ်လာ နိုင်ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။ ...
- 1
- 2