ရွှေမန်း မန္တလေးစျေးကွက်အတွင်းတွင် တရုတ်နိုင်ငံဝယ်ယူမှုကြောင့် ပြောင်းစျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး မတ်ပဲ၊ ပဲစင်းငုံ မှ ပြည်ပဝယ်ယူမှုရှိသော်လည်း စျေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိကြောင်း မန္တလေးပွဲစားကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။ ပြောင်းစျေးနှုန်းမှာ မတ်လပထမသီးတင်းပတ်တွင် ပြောင်းဖူး(ဗမာ) ၈၁ဝဝဝကျပ်မှ မတ်လတတိယသီးတင်း ပတ်တွင် ၈၂၀၀၀-၈၃၀၀၀ ကျပ် ၊ ပြောင်းဖူး(ရှမ်း) ၈၄၀၀၀ ကျပ်မှ ၈၅၀၀၀-၈၅၅၀၀ ကျပ် သို့လည်းကောင်း အနည်းငယ်မြင့်တက်လာခဲ့ပြီး မတ်ပဲစျေးနှုန်းမှာ မတ်လတတိယသီတင်းပတ်တွင် ၂၈၀၀၀၀-၂၈၃၀၀၀ ကျပ်၊ ပဲ စင်းငုံ ၂၇၇၀၀၀-၂၈၀၀၀၀ ကျပ်ရှိနေပြီး ယခင်သီးတင်းပတ်စျေးနှုန်းနှင့် သိသိသာသာကွာခြားမှုမရှိကြောင်း သိ ရသည်။ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံက လွတ်လပ်စွာတင်သွင်းခွင့် တစ်နှစ်ထပ်မံသက်တမ်းတိုးလိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ပေမယ့် ကုန်သည်တွေက သင်္ကြန်အရှိန်ကြောင့်ထင်တယ်၊ သိသိသာသာတင်ပို့တာမျိုးမလုပ်ကြဖူး၊ ဟိုဘက်ကလည်း ပုံမှန်လေးပဲဝယ်ယူနေတဲ့အတွက် စျေးတန်းကမပြောင်းလဲတာပါ၊ ပြောင်းကတော့ ခုရက်ပိုင်း တရုတ်ကအဝယ်လိုက်တဲ့အတွက် စျေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်၊...
FlashNews:
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာတစ်ပိဿာ လျှင် (၆၈၇၅ကျပ်) ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။ ပြီးခဲ့သည့် တစ်ပတ် (၁၀.၃.၂၀၂၅)မှ (၁၆.၃.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၈၉၀ကျပ်)ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၁၇.၃.၂၀၂၅) မှ (၂၃.၃.၂၀၂၅) ညွှန်းစျေးသည်လည်း (၆၈၇၅)ဖြစ်သဖြင့် ၁၅ ကျပ် စျေးကျသွားခြင်းဖြစ်သည်။
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
ရွှေမန်း ပြည်ပပို့ကုန်ပဲအမျိုးအစားဖြစ်သည့် ပဲစင်းငုံနှင့်မတ်ပဲတို့မှာ ဖေဖော်ဝါရီလထဲတွင် စျေးနှုန်းပြောင်းလဲမှုများရှိ သော်လည်း ယခုလအတွင်း စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ပဲကုန်သည်များထံကသိရသည်။ အိန္ဒိယနိုင်ငံမှ မတ်ပဲအား အခွန်ကင်းလွတ်ခွင့် သက်တမ်းထပ်မံတိုးမြင့်လိုက်ခြင်း၊ ပဲစင်းငုံမှာလည်း အခွန်းကင်း လွတ်ခွင့် နှင့် တင်ပို့ခွင့်သက်တမ်းတိုးထားခြင်းကြောင့် စျေးကွက်တည် ငြိမ် နေလာပြီး စျေးနှုန်းမှာလည်း တည် ငြိမ်လျက်ရှိခြင်းဖြစ်သည်။ ပြည်ပပို့ကုန်ပဲများစျေးနှုန်းတည်ငြိမ်နေပြီး ပြည်တွင်းသုံးပဲအမျိုးအစားမှာ နယ်ပယ်ပေါင်းစုံ ဝင်ရောက်မှုများရှိ လာခြင်းကြောင့် လှောင်လက်များက စောင့်ကြည့်ဝယ်ယူနေကြသဖြင့် စျေးနှုန်းအားဖြင့် အနည်းငယ်အေးလာသည်။ “ မတ်ပဲနဲ့ ပဲစင်းငုံက အဓိက အိန္ဒိယစျေးကွက်ကိုတင်ပို့နေတာဖြစ်ပါတယ်၊ သူတို့က အခုလိုဝယ်ယူမှုသေချာ သွားတဲ့အတွက် သိုလှောင်သူတွေက ဝယ်ယူမှုသွက်လက်လာတယ်၊ ဒါကြောင့် စိုက်ပျိုးသူတွေအဆင်ပြေသလို၊ ကုန်သည်တွေလည်းအဆင်ပြေကြပါတယ် ´´ ဟု ပဲကုန်သည်တစ်ဦးကပြောသည်။ မြန်မာနိုင်ငံအတွင်း မတ်ပဲ၊ ပဲစင်းငုံတို့မှာ ရာသီဥတုကြောင့် ပိုးမွှားများ အနည်းငယ်ကျဆင်းမှုတို့ကြောင့်...
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာတစ်ပိဿာ လျှင် (၆၈၉၀ကျပ်) ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။ ပြီးခဲ့သည့် တစ်ပတ် (၃.၃.၂၀၂၅)မှ (၉.၃.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၉၀၅ ကျပ်)ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၁၀.၃.၂၀၂၅) မှ (၁၆.၃.၂၀၂၅) ရည်ညွှန်းစျေးသည် (၆၈၉၀ကျပ်) ဖြစ်သဖြင့် ၁၅ ကျပ် စျေးကျသွားခြင်းဖြစ်သည်။
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ရွှေမန်း ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ၁၁ လတာအတွင်း ပြည်ပဝယ်လက် နိုင်ငံများထံ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအမေရိကန် ဒေါ်လာ ၁ဝ၈၇ သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ် ၅ရက်က ထုတ်ပြန်ထားသည်။ ဆန်၊ ဆန်ကွဲမက်ထရစ်တန်ချိန် ၂၃၇၃၇ဝ၇ ဒသမ ၅ တန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ၁ဝ၈၇ သန်း ရရှိထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက အများဆုံး ဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာအများဆုံး တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ဆန်၊ ဆန်ကွဲ တန်ချိန် ၁၂၉၄၅၂ တန် တင်ပို့မှုမှအမေရိကန်ဒေါ်လာ ၅၂ သန်းထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း ဆန်တန်ချိန် ၁၃၁၃၈ တန်၊ ဆန်ကွဲတန်ချိန် ၅၆၇၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ တန်ချိန်၁၂၉၄၅၂...
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
ရွှေမန်း ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာ သလို အသစ်ဝင်ကုလားပဲများ အဝယ် သွက်နေကြောင်းပဲ၊ နှမ်းကုန်သည်များ ထံမှ သိရသည်။ အသစ်ဝင် ပြည်တွင်းသုံးကုလားပဲများ လက်ရှိပေါက်ဈေးမှာ ကျဆင်းနေသောကြောင့်လှောင်လက်ကုန်သည်များ အဓိကအဝယ်ကောင်းနေခြင်ဖြစ်သည်။ ပို့ကုန်ပဲများ ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း၊ အသစ်ဝင် ပြည်တွင်းသုံးကုလားပဲသစ် များ စုံလင်စွာ ဝင်ရောက်လာသော်လည်း ဈေးနှုန်းများကျဆင်းနေကြောင်း၊ ထိုသို့ဈေးကျဆင်းမှုများကြောင့် ပြည်တွင်းလှောင်လက်သမားများ အဝယ်ရှိလာကြောင်း၊ပဲမာလိုင်းများမှာ ယခင်နှစ်ထက်ဈေးများစွာ ကျဆင်းမှုများရှိနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင်ဦးကျော်သွင်က ပြောသည်။ “ ပြည်တွင်းသုံးကုလားပဲ၊ပဲမာလိုင်းများ ဈေးကွက်အတွင်းစုံလင်စွာ ဝင်ရောက်လာပါတယ်။ဈေးနှုန်းတွေကတော့ ပြည်တွင်းသုံးပဲဖြစ်လို့ ခပ်အေးအေး အရောင်းအဝယ်နဲ့ ဈေးကျဆင်းနေပါတယ်။မနှစ်က ပဲနီပြာတစ်အိတ်လျှင် ငွေကျပ် လေးသိန်းကျော် ငါးသိန်းနီးပါး ပေါက်ဈေးရှိခဲ့တာ ဒီနေ့မှာတစ်အိတ်ကို ငွေကျပ် ၂၈ဝဝဝဝဈေးသာ ပေါက်ဈေးရှိပါတယ်။ကျွန်းစားတော် ပဲတွေလည်း ဈေးကျဆင်းနေ ပါတယ်။ အဓိကအရောင်း အဝယ်ဖြစ်နေတာကတော့ပြည်တွင်းသုံးကုလားပဲတွေပါ။တစ်အိတ်ကိုငွေကျပ် ၅ဝဝဝ- ၁ဝဝဝဝတက်လိုက်ကျလိုက်နဲ့ဖြစ်နေတာပါ။...
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
ရွှေမန်း ပုသိမ်ကြီးမြို့နယ်၊သံဘို ကျွန်းကျေးရွာတွင် နွေသီးနှံ အဖြစ် ကန်စွန်းဥများကို အများ ဆုံးပြန်လည်စိုက်ပျိုးကြ သိရ သည်။ ပြီးခဲ့သည့် ဆောင်းစိုက် ရာသီတွင် ကန်စွန်းဥအထွက် နှုန်းကောင်းပြီး ဈေးကောင်းရရှိ ခဲ့တာကြောင့် နွေသီးနှံကိုလည်း ကန်စွန်းဥကို ဆက်လက်စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း၊ နွေစိုက် ကန်စွန်းဥစိုက်ခင်းများမှာ ဆောင်း စိုက်ထက်စိုက်ပျိုးစရိတ် ပိုမိုကုန် ကျသလို အထွက်နှုန်းလည်း ဆောင်းစိုက်ထက်အထွက်နှုန်း နည်းလေ့ရှိကြောင်း၊ နွေစိုက်တွင် ရေ၊ ဆေးသေချာဂရုစိုက်သုံးစွဲ လျှင် အထွက်နှုန်းကောင်းပြီး၊ ရေ သေချာမပေးနိုင်ရင် အထွက်နှုန်း ကျဆင်းနိုင်ကြောင်း သံဘိုကျွန်း ကျေးရွာမှ ကန်စွန်းဥစိုက်တောင် သူ ဦးခင်မောင်ရင်က ပြောသည်။ “ ဆောင်းစိုက်ကန်စွန်းဥ များ တူးဖော်ပြီးပြီးချင်းကို မြေ ပြုပြင်ပြီး နွေသီးနှံအဖြစ် ကန်စွန်း ဥများကို...
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
ရွှေမန်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များကို အသုံးပြုခြင်းဖြင့် ဖျက်ပိုးများကို နှိမ်နင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သင့်ကြောင်း သိရသည်။ မီးရောင်ထောင်ချောက်အသုံးပြုတာက အရွယ်ရောက်ဖျက်ပိုး အမတွေကို သေကြေပျက်စီးစေပြီးတော့ မျိုးပွားမှုကို လျော့နည်းစေမယ်၊ ၂ဧကပတ်လည်ကို မီးရောင်ထောင်ချောက်တစ်ခုနှုန်းထားခြင်းဖြင့်လည်း ဖျက် ပိုးအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ဟု အဆိုပါဌာနကတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖျက်ပိုးအများစုမှာ မီးရောင်အား ကြိုက်နှစ်သက်ကြပြီး ညအချိန်တွင် စိုက်ခင်းများတွင် မီးထောင်ချောက်ထား ခြင်းအားဖြင့် စပါးဆစ်ပိုးဖလံ၊ မြေပဲရွက် လိပ်ရွက်ကပ်ဖလံ၊ ငမြှောင်တောင်ဖလံ၊ နှမ်းဖလံ၊ သီးတောင့်ထိုးဖလံ၊ ဖြုတ်အမျိုးမျိုး၊ စပါးနှံစိတ်ပိုး၊ ပိုးလောင်မီးပိုးစသည့်ဖြင့် ပိုးအမျိုးအစားပေါင်းစုံမှ ထောင်ချောက်အတွင်း ကျ ရောက်ကာ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးကာ သီးနှံပိုးကောင်များအား ဖျက်ဆီးနိုင်ကြောင်းသိရသည်။ ပိုးဖလံမျိုး မီးကိုတိုးဆိုသလို ပိုးကောင်လေးတွေ အကုန်လုံး ဖမ်းဆီးပြီးတော့ ရှင်းလင်းလိုက်နိုင်တဲ့အတွက် စိုက်ခင်းတွေမှာ ပိုးသတ်ဆေးအသုံးပြုရတာလည်းလျော့နည်းသွားမယ်၊ သီးနှံထွက်နှုန်းကိုလည်း သိသိသာသာ တိုးမြင့်လာစေနိုင်တယ်၊ ကုန်ကျစရိတ်အနေနဲ့လည်း ဘာမှမရှိတဲ့အတွက် တောင်သူတွေလုပ်ဆောင်သင့်ပါ တယ်၊ “ ဟု အဆိုပါဌာနကတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးရောင်ထောင်ချောက်အပြင် အဝါရောင်တောက်ပသော စက္ကူများကို ချိတ်ဆွဲခြင်း၊ မီးရောင်ထောင်ချောက် အောက်တွင် ပလပ်စတစ်အိတ်ထည့်ကာ ကျလာသော အကောင်များကို ဖမ်းဆီးသည့်နည်းအပြင် ရေနံဆီ၊ ဓာတ်ဆီ၊ ဒီ ဇယ်ဆီ၊ ပိုးသတ်ဆေး အရည်တစ်မျိုးမျိုးအား ဇွန်းတစ်ဝက်ခန့်ထည့်ပြီး ရေအိုင်အလည်ကောင်တွေ မီးထောင်ချောက်အားထားရှိခြင်းဖြင့် ဖျက်ပိုးများမှာ မီးရောင်တိုးကာ ပြုတ်ကျလာသည့်အကောင်များရေအိုင်အ တွင်းကျကာ သေကျေဖျက်ဆီးခြင်းအားဖြင့် ဖျက်ဆီးပိုးများကို သေစေနိုင်မည်ဖြစ်ကြောင်းသိရသည်။ မီးထောင်ချောက်အား တောင်သူများအနေဖြင့် လုပ်ဆောင်လိုပါက တင်ပြနိုင်ပြီး လိုအပ်သော နည်းစနစ်ပိုင်းဆိုင် ရာများ၊ ကူညီမှုများကို စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
- 1
- 2