မန္တလေး ဧပြီ ၁၈ မန္တလေးငလျင်ကြီး ထိခိုက်ခံရသည့် ပြည်သူများအား နေထိုင်မှု ပိုမိုအဆင်ပြေစေရေးအတွက် သုဓမ္မာဇရပ် ၁၅ ဆောင်မှ အောင်မြေသာစံမြို့နယ် ကုသိုလ်တော် ဘုရားဝင်းနှင့် ၁၄လမ်း ၊ ၆၃လမ်းနှင့် ၆၄ လမ်းကြားရှိ အမှတ် ၁၇ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ယာယီပြောင်းရွေ့နေထိုင်ရန် သက်ဆိုင်ရာက နေရာချထားပေးခဲ့သည်။ ထိုသို့ နေရာဖြန့်ခွဲထားရှိရာ ဥပုသ်တော်ရပ်ကွက်၊ ဌာနေ အရှေ့ /အနောက် စုစုပေါင်း ၃ ရပ်ကွက်မှ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၃၃ ယောက်အား ကုသိုလ်တော်ဘုရားဝင်း အတွင်းတွင် လည်းကောင်း၊ အထက (၁၇) ကျောင်းဝင်း အတွင်း၌ ပုလဲငွေရောင်ရပ်ကွက်မှ အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၅၀၀ အား ယာယီတဲ...
FlashNews:
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ရွှေမန်း မြန်မာ့နှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင် /စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်း သား၊ အကျဉ်းသူ ၄၂၀ ဦး လွတ်ငြိမ်းခွင့် ရရှိခဲ့သည်။ အဆိုပါ မန္တလေးဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၃၄၁ ဦး၊ အကျဉ်းသူ ၇၉ ဦး စုစုပေါင်း ၄၂၀ ဦးတို့အား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းဗိုလ်တို့က ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးဗဟိုအကျဉ်းထောင်၌...
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေး ဧပြီ ၇ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာတွင် ဗဟိုပြု၍ မတ် ၂၈ ရက်က အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ လှုပ်ရှားခဲပြီးနောက် ဧပြီ ၆ ရက်နေ့ထိ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ရှားမှုပေါင်း ၉၄ -ကြိမ်ရှိပြီဖြစ် ပြီး ပြင်းအားရစ်(ခ်)တာစကေး ၃ နှင့် ၄ အတွင်းအင်အားအနည်းငယ်ဖြင့် အများဆုံးလှုပ်ရှားခဲ့သည်။ “ငလျင်လှုပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရဘူး။လှုပ်ပြီးမှသာ ဘယ်နေရာဗဟိုပြုပြီး ဘယ်လောက် ပမာဏနဲ့ လှုပ်တယ်ဆိုတာကို ထုတ်ပြန်နိုင်တာပါ။ဒါကို သေချာမသိဘဲ ဘယ်နေ့ငလျင်လှုပ်မယ်၊ဘယ်လောက် ရှိမယ်ဆို ပြီး ပြောတာတွေကို မယုံကြဖို့လိုတယ်။မိုးရွာမယ်၊နေပူမယ်၊ ရေကြီးမယ်၊မုန်တိုင်းတိုက်မယ်ဆိုတာကို ကြိုတင် ခန့်မှန်းနိုင်သလို မိုး/ဇလဌာနက အချိန်နဲ့တပြေးညီ ထုတ်ပြန် ပေး လျက်ရှိပါတယ်”ဟု မိုး/ဇလ တာဝန်ရှိသူ ကပြောသည်။...
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
မန္တလေး ။ ဧပြီ ၄ မန္တလေးတိုင်းဒေသကြီးတွင် ဧပြိ ၆ ရက်မှ၁၁ ရက်အတွင်း နေရာကွက်ကျားနှင့် နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး ဧပြီ ၃ ရက်နေ့ညပိုင်းခန့်မှန်းချက်များအရ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေမတွေ့ရသေးကြောင်းမိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။ “ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ဘက်က လေနွေးများနဲ့ လေအေးများနဲ့ တရုတ်ပြည်ပြည်မကြီး ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းဒေသက ရွှေလျားလာတဲ့ လေအေးတွေ ဆုံတွေ့ပြီး မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးရွာသွန်းနိုင်သည်ဟုဆိုသည်။ “အရှေ့ဘက်ကလာတဲ့ လေဗွေလှိုင်းတွေကြောင့် မန္တလေးတိုင်းဒေသကြီအတွင်းမှာ ဧပြီ ၆ ရက်ကနေ ၁၁ ရက်နေ့အတွင်းမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွှာနိုင်ပါတယ်။ပြီးခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေစုဖွဲ့မှုတွေက ဒီနေ့ညနေပိုင်းမှာ အောက်ပိုင်းဒေသတွေမှာ အားကောင်း လာတာတွေ့ရပြီး မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေထိ...