၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မေလ အတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့နိုင်ခဲ့

ရွှေမန်း

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မေလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရာတွင် တန်ချိန် ၂၅၉၅၀၁ ဒသမ ၃
တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး
အသင်း ချုပ်၏ စာရင်းများအရ သိရသည်။

၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခွဲလျာထားပြီး၊ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် မတ်လ
၃၁ ရက် အထိ လျာထားချက်၏ ၉၉ ရာခိုင်နှုန်းဖြစ်သော တန်ချိန် ၂ ဒသမ ၄၈၇ သန်းကို တင်ပို့နိုင်ခဲ့ပြီး
ယခုဘဏ္ဍာနှစ် ပထမဧပြီ လတွင် ဆန်တန်ချိန် ၆၉၁၉၄ တန်၊ ဆန်ကွဲ ၇၃၅၉၄ တန် ၊ မေလတွင် ဆန်တန်ချိန်
၁၄၇၈၈၂ ဒသမ ၃ တန် ၊ ဆန်ကွဲတန်ချိန် ၁၁၁၆၁၉ တန် ပင်လယ်ရေကြောင်းမှ ဆန်၊ဆန်ကွဲတန်ချိန် ၂၅၉၂၂၁ဒသမ ၃ တန်၊ နယ်စပ် ကုန်သွယ် ရေးမှ ဆန်၊ဆန်ကွဲ တန်ချိန် ၂၈ဝ တင်ပို့နိုင်ခဲ့ကြောင်း MRF က ထုတ်ပြန်ထားသည်။

မေလတွင် ဆန်တင်ပို့မှု ကုမ္ပဏီ ၆ဝ ခုမှ နိုင်ငံပေါင်း ၂၅နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဆန်တန်ချိန်အများဆုံးကိုဖိလစ်ပိုင်နိုင်ငံ ဒုတိယအများဆုံးကို တရုတ်နိုင်ငံက လည်းကောင်း၊ တတိယအများဆုံးမှာ စပိန်နိုင်ငံတို့ ဖြစ်သည်။

ဆန်ကွဲကို နိုင်ငံ ၁၀ နိုင်ငံသို ့ တင်ပို့ခဲ့ရာ ဘယ်လ်ဂျီယံ နိုင်ငံက ပထမအများဆုံး၊ တရုတ်နိုင်ငံက ဒုတိယအများဆုံး နှင့် တတိယအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံတို့က အသီးသီးဝယ်ယူထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published.