ဘဝခရီး၊ အသက်မွေးဝမ်းခရီးနဲ့ ကိုဗစ်

ကောင်းဇာ်

လူတွေက အသက်ရှင်သန် ရပ်တည်ရေးအတွက် နေ့စဉ်သွားလာ လှုပ်ရှား ရုန်းကန်နေကြရတယ်။
ကိုဗစ် 19 ကလည်း ဘဝရှင်သန်ရေးနေ့စဉ်ဖြေရှင်း နေရတဲ့ လူတွေကို မျိုးကွဲအသစ်အသစ်တွေနဲ့ တိုက်ခိုက်ဖို့ အမြဲချောင်းမြောင်းနေသလိုပါပဲ။
ကိုဗစ်လှိုင်းတလှိုင်း တိုက်ခိုက်လိုက်တာနဲ့ လူတွေရဲ့ နေ့စဉ်ဘဝ၊ အလုပ်အကိုင်နဲ့ အသက်ရှင်ရေးကို ထိခိုက်သွားတယ်။ လှိုင်းတွေရဲ့အစမှာ လူအများအပြားရဲ့ အသက်တွေထိခိုက်ခဲ့တယ်။ တဘဝလုံးမှာ ဒါဏ်ရာအမာရွတ်တွေလို ကျန်းမာရေး‌တွေ ထိခိုက်ပြီး ကုသနေကြရတယ်။
ကိုဗစ်လှိုင်းတွေက ပျော့လာသလို ဖြစ်လာတယ်။ ရာသီတုပ်ကွေးနဲ့ ဆင်တူလာတယ်။ ကိုဗစ်ရဲ့အန္တရာယ် ကြားမှာ ရှင်သန်ရင်း လုပ်ကိုင်ရှာဖွေသွားလာနေကြရတယ်။
ကိုဗစ်လှိုင်းတွေပေါ်လာလည်း အလုပ်အတွက် နေ့စဉ် ခရီးသွားနေရတယ်။ ပိုကောင်းတဲ့အလုပ်အကိုင်ရဖို့ ခရီးပိုသွားနေရတယ်။ မိမိအိမ်က ထွက်ပြီး ပြည်တွင်းက မြို့ကြီးပြကြီးတွေဆီ သွားပြီး အလုပ်အကိုင် ရှာရတယ်။ နိုင်ငံခြားတိုင်းပြည်တွေဆီ ခရီးသွားပြီးလည်း အလုပ်အကိုင်ရှာရတယ်။
ထိုင်းနိုင်ငံတရားဝင် အလုပ်သွားလုပ်သူ အမျိုးသမီးငယ်တဦးက သူတို့ထဲက တယောက်က နှာစေးချောင်းဆိုးဖြစ်နေတာကို တွေ့တော့ ဖြစ်သူကို နယ်စပ်မှာပဲ Quarantine ၅ရက်ဝင်ခိုင်းတယ်လို့ ရှင်းပြပါတယ်။ ဖြစ်သူကျန်နေခဲ့တယ်။ သူတို့က ဆက်သွားရပြီး အလုပ်လုပ်မယ့်မြို့ရောက်တော့ စက်ရုံမှာ အလုပ်တန်းမဝင်ရပဲ စီစဉ်ပေးတဲ့နေရာမှာ ၅ရက် Quarantine ဝင်ရပြီး ကိုယ့်စားရိတ်နဲ့ ကိုယ်နေရတယ်။ ၅ရက်ပြည့်တဲ့အချိန် သူတို့ထဲက တယောက်က နှာစေးချောင်းဆိုးဖြစ်တာတွေ့သွားပြီး Quarantine ၅ရက် ထပ်ဝင်ရတယ်။ “စုစုပေါင်း ၁၀ရက်ဖြစ်သွားတာပေါ့။ နယ်စပ်မှာ ၅ရက်ဝင်ခဲ့ရတဲ့သူက အလုပ်လုပ်မယ့်မြို့မှာ ထပ်မဝင်ရတော့ သူက အလုပ်ဝင်တာ ပိုစောသွားတယ်”လို့ ပြောပါတယ်။
အလုပ်အကိုင်တွေအတွက် မြို့ကြီးပြကြီးတွေကိုတက် အလုပ်ရှာရတယ်။ နယ်စပ်ကတဆင့် ခရီးသွားပြီး အလုပ်အကိုင်တွေ ရှာရတယ်။ ပိုဝေးတဲ့တိုင်းပြည်တွေဆီအထိသွားပြီး အလုပ်တွေ ရှာဖွေလုပ်ကိုင်ရတယ်။
နိုင်ငံခြားကို အလုပ်အကိုင်အတွက် ခရီးသွားလာရတဲ့အခါ ကြုံရမှာကို ပုဂ္ဂလိက ဟော်တယ်နဲ့ ခရီးသွားလာရေးလုပ်ကိုင်သူတဦးက “​လေယာဥ်စီးရင် ဒီ ၂ ခုထဲကတခုပြရတယ်။ ကိုဗစ်အနဲဆုံး ၂ ကြိမ်ထိုးထား​ကြောင်းစာရွက်ပြရတယ်။ မထိုးရ​သေးသူ စာရွက်မပြနိုင်သူဆို ​လေ​ကြောင်းလိုင်းကသတ်မှတ်ထားတဲ့ ​ဆေးခန်းတခုခုမှာ ​လေယာဥ်မစီးခင် 48 hrs အတွင်း ကိုဗစ်စစ်ထားတဲ့ ကိုဗစ် Negative ဖြစ်​ကြောင်းစာရွက် ပြရတယ်။ သူတို့ အသိအမှတ်ပြု ​ဆေးခန်း​တွေက​တော့ မြို့နယ်တိုင်းမှာ အများကြီးပါ အဲဒီထဲက ကိုယ်နဲ့ နီးရာကိုစစ်​ပေါ့”လို့ ရှင်းပြပါတယ်။
သူကဆက်ပြီး နိုင်ငံခြားထွက်အလုပ်လုပ်သူတွေအတွက် ကိုဗစ်နဲ့ဆိုင်ပြီး လိုအပ်တဲ့ စာရွက်စာတန်းကိစ္စတွေ အကြောင်းကို “နိုင်ငံခြား airline ဆိုရင်လဲတူတူပဲ။ ဒါ​ပေမဲ့ နိုင်ငံခြားသွားသူ​တွေအားလုံးက ​ဆေးထိုးထား​ကြောင်းစာရွက်ကို နိုထရီလုပ် တုံးထုသွားရမယ်”လို့ ဆက်ရှင်းပြပါတယ်။
ကိုဗစ်ရဲ့ မာယာက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးထားလည်း ထပ်ဖြစ်နိုင်တယ်။ အကြိမ်ကြိမ်ထိုးလည်း ထပ်ဖြစ်နိုင်ပါတာ်။ အကြိမ်ကြိမ်ထိုးနေရပြီး Booster ထိုးပြီးလည်း ထပ်ဖြစ်နိုင်တယ်။ ဆေးထိုးထားခြင်းရဲ့ ကောင်းတဲ့အချက်က မထိုးထားသူတွေထက် ခံနိုင်ရည်မြင့်တယ်။ နောက်ဆက်တွဲဖြစ်တဲ့ ကျန်းမာရေးထိခိုက်မှုကို သက်သာစေတယ်။ ကိုဗစ်လှိုင်းအကြိမ်ကြိမ်ရဲ့နောက် New Normal Life က ကိုဗစ်ဖြစ်နိုင်ခြေရှိတာထဲမှာ လူတွေရှင်သန်သွားလာ လုပ်ကိုင်နေရတာပါ။ Quarentine လိုအပ်လာတဲ့ အခြေအနေတွေ ရှိပါတယ်။
ဖြစ်ပွားနှုန်းမြင့်လာလို့ လိုအပ်ရင် Home Quarantine ကိုကိုယ်တိုင်နားလည်သဘောပေါက်ပြီး ကျင့်သုံးဖို့လိုပါတယ်။ အမိန့်တွေနဲ့ ပြဌာန်းတာက တချို့အခြေအနေမှာ အားနည်းစေတာ ရှိတယ်။
ကျန်မာရေးဌာနတွေက တကယ်တန်းတာဝန်ယူ စောင့်ရှောက်ကုသပေးဖို့ လိုပါတယ်။ ရောဂါလက္ခဏာ ပြနေသူတွေကို သူနဲ့ သူ့မိသားစုဝန်းကျင်ရဲ့ အသိစိတ်ဓါတ်နဲ့ Home Quarantine လုပ်စေတာမှာအားနည်းချက်တွေ ရှိစေနိုင်ပါတယ်။
တရုတ်ပြည်လို တမြို့လုံး၊ တနယ်လုံး မိမိအိမ်မှာပဲ Home Quarantine လုပ်ဖို့မှာ နိုင်ငံရဲ့အစီအမံနဲ့ တာဝန်ယူမှုက ကြီးပါတယ်။ သူတို့လို လုပ်နိုင်ဖို့ သူတို့လို အခြေခံတွေလိုပါတယ်။
မိမိတို့တတ်နိုင်တဲ့ ကိုဗစ်အခြေခံကျန်းမာရေးအသိတွေကို အမြဲလိုက်နာကျင့်သုံးနေဖို့ လိုတယ်။ ကိုဗစ်က လူတွေသွားနိုင်တာထက်ဝေးဝေးနဲ့ မြန်မြန် ခရီးပိုသွားနိုင်တယ်ဆိုတာကိုလည်း သတိရှိနေဖို့လိုပါတယ်။
ကာကွယ်ဆေး ထိုးပါ။ ဖြစ်နိုင်တဲ့ ထိုးလို့လက်လှမ်းမီတဲ့ ကာကွယ်ဆေးကို ထိုးပါ။ Post covit syndrome သက်သာမယ်။ အဖြစ်နည်းမယ်။ Post covit လက္ခဏာတွေ သိပ်မတွေရ၊ သိပ်မခံစားရဘူး။ကာကွယ်ဆေးထိုးပါ။ Mask နှာခေါင်းစည်းတပ်ပါ။ အပြင်ကပြန်လာတိုင်း လက်ဆေးပါ။ တကိုယ်ရည် ပိုးသတ်ဆေး အသုံးပြုပါ။ ခပ်ခွာခွာနေကြပါ။
အနာဂါတ်လူလားမြောက်လာမယ့် ကလေးတွေအတွက် မိမိက စ ကာကွယ်ပါ။ အလုပ်အတွက် ခရိးသွားလာ လုပ်ကိုင်ရတဲ့အခါမှာလည်းအကျိုးရှိစေပါတယ်။
ကလေးတွေ၊ လူငယ်တွေကို အနာဂါတ်မှာ ပိုကျန်းမာ သန်စွမ်းတဲ့ သူတွေဖြစ်ဖို့ အားလုံးအခြေခံကျန်းမာရေးအလေ့အထကောင်းတွေကို အမြဲလိုက်နာ ကျင့်သုံးပါ။

Leave a Reply

Your email address will not be published.