“အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covid 19ရောဂါကုသသည့်  Remdesivirကုသဆေး ထိုးဆေးအလုံး(၄၀၀) မကွေးတိုင်းအတွက် ရောက်ရှိ”

မကွေး အောက်တိုဘာ ၂၉

“အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့သည့် Covid 19ရောဂါကုသရေးဆိုင်ရာ Remdesivirကုသဆေး ထိုးဆေးများမှ အလုံးရေ(၄၀၀) အောက်တိုဘာ ၂၉ရက်နေ့က မကွေးတိုင်းအတွက် ရရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက သိရသည်။ “အဆိုပါဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ “ဒီနေ့ ညနေပိုင်းမှာ ရောက်လာတယ်၊တစ်တိုင်းလုံးအတွက် အလုံး ၄၀၀ရပါတယ်၊ကုတင် ၂၀၀ နဲ့အထက် ဆေးရုံကြီးတွေကို အဓိက ဖြန့်ဝေသွားမှာပါဟု မကွေး တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာခင်မောင်သန်းက ပြောသည်။ “မကွေးတိုင်း၌ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးသင်ကြားရေးဆေးရုံ၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီး (၄)ခု မှာ ကုတင် ၂၀၀ နှင့်အထက်ဆေးရုံကြီးများ ဖြစ်သည်။ ရောက်မယ်လို့ကြားတယ်၊ နောက်ပေါ်တဲ့ထိုးဆေးပါ၊ကုသဆေးဘဲပြောရမှာပေါ့၊ တိုင်းဦးစီးမှူးကို စာတင်တောင်းထားပါတယ်ဟု မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။ “Covid 19ရောဂါ ကုသရေးဆိုင်ရာ Remdesivirကုသဆေး ထိုးဆေးကို သက်ဆိုင်ရာ သမားတော်ကြီးများ၏ ဆုံးဖြတ်ချက်အတိုင်း ဆေးထိုးဖို့လိုအပ်သည့်လူနာများကိုထိုးပေးမှာဖြစ်ကြောင်း သိရသည်။ “မကွေးတိုင်းတွင် အောက်တိုဘာ ၂၉ ရက်နေ့ထိ Covid 19ရောဂါအတည်ပြုလူနာ ၆၃၂ ဦး ရှိနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် မေတ္တာရပ်ခံကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာခင်မောင်သန်းက ပြောကြားသည်။

သက်မှူးအိမ်

Leave a Reply

Your email address will not be published.