ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေတာကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှု ကမိုပိုအဆင်ပြေလာ

ရွှေမန်း

ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေတာကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုက မိုပိုအဆင်ပြေတွက်ခြေကိုက်ကြောင်း သိရသည်။

နွေစပါးစိုက်ပျိုးမှုအတွက် ဆည်ရေလုံလောက်စွာရရှိမှု စိုက်ပျိုးစရိတ် ၊သွင်းအားစုများ ဈေးကြီးမြင့်တို့ကို ချိန်ဆ ပြီး လက်ရှိစပါးပေါက်ဈေးအရ နွေနှမ်းစိုက်ပျိုးမှုက ဆည်ရေအတွက် မစိုးရိမ်ရခြင်း စိုက်ပျိုးစရိတ်သက်သာခြင်း ဆီထွက်သီးနှံ နှမ်းမြေပဲတို့ ဈေးကောင်းရရှိနေခြင်းတို့ကြောင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း ထို့ပြင် စပါးပြီးစပါး စိုက်ပျိုးခြင်းထက် သီးနှံပြောင်းလဲစိုက်ပျိုးခြင်းက မြေပြုပြင်ပြီးသလို သွင်းအားစုသုံးစွဲမှုကို များစွာလျော့ချနိုင်ကြောင်း ပုသိမ်ကြီးနယ်မှ တောင်သူဦးမျိုးသန့်က ပြောသည်။

“ မတ်လက စိုက်ပျိုးခဲ့တဲ့ နှမ်းကို အခုရိတ်သိမ်းြ့ပီး မိုးစပါးကောက်ကြီးအတွက် ပျိုးထောင်နေပါပြီ။ ၇လပိုင်းမှာ ပျိုးထောင်ထားပြီး ၈ လပိုင်းမှာ မိုးစပါး အနေနဲ့ မဂျမ်းတော့ မျိုးစပါးစိုက်ပျိုးသွားမှာပါ။ နိုဝင်ဘာဘာကုန်လောက် မဂျမ်းတော မျိုးစပါးရိတ်သိမ်းပြီး ရင် ကုလားပဲ စိုက်ပျိုးသွားမှာပါ။ ကုလားပဲကလည်း မတ်လမှာရိတ်ပြီးပြီးချင်း နှမ်းပြန်စိုက်ပျိုးပါတယ်။ ဒီလိုနဲ့ တစ်နှစ် သုံးသီး စိုက်ပျိုးပါတယ်။ နှမ်းကတော့ မိုးမရွာရင် ရေသွင်းနိုင်အောင် ရေသွင်းရေထုတ်စနစ်တကျ ဆောင်ရွက်ထားပါတယ်။ တောင်သူအများစုလည်း ဒီလိုစိုက်ပျိုးစေချင်ပါတယ်။ စပါးပြီးစပါးစိုက်ပျိးလို့ အဆင်မပြေတော့ပါဘူး။ နွေစပါးစိုက်ပျိုးစရိတ်ထက်သက်သာတဲ့ နှမ်းစိုက်ပျိုးမှုက အထွက်နှုန်းကောင်း ဈေးကွက်ကောင်းတော့ နွေနှမ်းစိုက်ပျိုးမှုက ပိုမိုတွက်ခြေကိုက်ပါတယ်။ အခုလိုသွင်းအားစုတွေ ဈေးမြင့်မားချိန်မှာ စိုက်ပျိုးစရိတ်လျော့ချဖို့ သီးနှံတစ်ခုချင်းအကျိုးအမြတ်များဖို့ ဆိုရင် အခုလို တစ်နှစ်သုံးသီးစိုက်ပျိုးခြင်းက သီးနှံကွင်းဆက်အလိုက် မြေပြုပြင်ပြီးဖြစ်သလိုသွင်း အားစုသုံး စွဲမှု ကိုလျော့ချနိုင်ပါတယ် ” ဟု ၎င်းကပြောသည်။

နွေနှမ်းရိတ်သိမ်းလိုက်တဲ့ နှမ်းရိုးတွေက မိုးစပါးအတွက် မြေခံကောင်းသလို မိုးစပါးရိတ်လိုက်တဲ့ ကောက်ရိုးက ကုလားပဲအတွက် အစိုဓါတ်ထိန်းပေးတဲ့အပြင် ကုလားပဲ အပင်အာဟာရ အတွက် အထောက်ကူဖြစ်ကြောင်း နောက် ကုလားပဲရိတ်သိမ်းြ့ပီး မြေထည်လိုက်တော့ နွေနှမ်းအတွက် မြေအချဉ်ဓါတ်ရကြောင်း သီးနှံပြောင်းလဲ စိုက်ပျိုးမှုက သွင်းအားစုမြေဆီသုံးစွဲမှုလျော့ချနိုင်သလို ကုလားပဲနှင့် နှမ်းမှာ ဈေးကွက်ဈေး ကောင်း နေတာကြောင့် တောင်သူများ အကျိုးအမြတ်များကြောင်း သိရသည်။

လက်ရှိမှာတောင်သူအများစုမှာ မိုးစပါးနှင့် နွေသီးနှံကိုကို အများဆုံးစိုက်ပျိုးကြပြီး ကြားသီးနှံ ဆောင်းကုလားပဲ ကို စိုက်ပျိုးမှုနည်းလာကြောင်းသိရသည်။

ယခုနှစ်နွေစပါး ရွှေသွယ်ရင် တင်း၁၀၀ ကျပ် ၈၂၀၀၀၀ ၊ ရက်၁၀၀ စပါး တင်း၁၀၀ ကျပ် ၇၉၀၀၀၀ ပေါက်ဈေးရှိပြီ သွင်းအားစုဈေးမြင့်နေတာကြောင့် တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၅သိန်းအထက်တွင်ကုန်ကျမှု ရှိနေတာကြောင့် တစ်ဧက ကျပ် သုံးသိန်းဝန်းကျင်သာ အကျိုးအမြတ်ကျန်ရှိသည်။

နွေနှမ်းမှာ တစ်ဧက စိုက်ပျိုးစရိတန်ကျပ် ၂၀၀၀၀၀ ခန့်သာကုန်ကျပြီ နွေနှမ်းဖြူ တစ်တင်းကျပ် ၆၀၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့် နှမ်းစိုက်ပျိုးမှု မိုမိုတွက်ခြေကိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ယာမြေများတွင် နွေနှမ်းစိုက်ပျိုးမှုက တစ်ဧက တင်း ၁၀တင်းကျော် သာထွက်ရှိပြီး လယ်မြေတွင် ရေသွင်း ရေထုတ်ကောင်းစွာပြုလုပ်နိုင်ပါက နှမ်း ၁၅ ခန့်ထွက်ရှိပြီး လက်ရှီဈေးကွက် ပေါက်ဈေးအရ တစ်ဧက ကျပ် ၉၀၀၀၀၀ ခန့်ဝင်ငွေရရှိကြောင်း နှင့်ယခုှနှစ် ဧပြီလ မှ စတင်ကာ မိုးရွာ မကြာခဏ ရွာသွင်းမှု ရှိခဲ့ရာ နှမ်းအကြိုက်ရာသီတုဖြစ်တာကြောင့်နှမ်းပိုမိုထွက်ရှိကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးကပြောသည်။

Leave a Reply

Your email address will not be published.