ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အေးနေသော်လည်း ပို့ကုန်ပဲများပုံမှန်သင်္ဘောတင် အဝယ်ရှိနေ

ရွှေမန်း

ဒေါ်လာငွေဈေး တည်ငြိမ်နေ တာနှင့်အတူ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးအေးနေသော်လည်း ပို့ ကုန်ပဲများ ပုံမှန်သင်္ဘောတင် အဝယ် ရှိနေကြောင်း ပဲ၊ နှမ်း ကုန်သည် များထံက သိရသည်။

ဒေါ်လာငွေဈေး ငြိမ်နေတာ နှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခု လုံး ဈေးအေးနေကြောင်း၊ ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာလည်း ပုံမှန် သင်္ဘောတင်ရှိသော်လည်း အဝယ် အေးနေကြောင်း၊ အသစ်ဝင် နှမ်း နှင့် မြေပဲဆန်တို့မှာ ဈေးမြင့်တက် ခြင်းမရှိသော်လည်း ဈေးကွက် အတွင်း ဝင်သလောက် အဝယ်ရှိ နေကြောင်း၊ မကြာမီ ပဲအသစ် များ ပေါ်လာချိန်မှသာ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး လှုပ်လှုပ်ရှား ရှားဖြစ်လာမည်ဖြစ်ကြောင်း ဦးစိုး ဝင်းမြင့်(စိုးဝင်းမြင့်)ပွဲရုံက ပြော သည်။

“နိုင်ငံခြားငွေဈေး အေးနေ တာကြောင့် ပို့ကုန်မတ်ပဲနဲ့ ပဲ စိမ်းငုံဈေး အေးနေပါတယ်။ သင်္ဘောတင်အဝယ်ကတော့ အမြဲ ရှိနေပါတယ်။ လက်ကျန်ပစ္စည်း နည်းသွားပေမယ့် ပေါက်ဈေး အတိုင်း အရောင်းအဝယ်တော့ ဖြစ်နေပါတယ်။ အိန္ဒိယမှာလည်း မတ်ပဲ၊ ပဲစိမ်းငုံ ပေါ်ချိန်ဖြစ်လို့ ဈေးမတက်သော်လည်း ပုံမှန် အဝယ် ရှိနေပါတယ်။ ပြည်တွင်း သုံးကုလားပဲအုပ်စုမှာ တစ်အိတ် ၁၉၀၀၀ ကျော် ဈေးငြိမ်နေပါ တယ်။ အသစ်ဝင် နှမ်းမျိုးစုံနဲ့ မြေပဲဆန်ကတော့ အရောင်းအဝယ် ပုံမှန်ရှိနေတော့ နှမ်းဆီ၊ ပဲဆီ လည်း ဈေးငြိမ်နေပါတယ်။ ပြည် တွင်း ပဲမာလိုင်းမှာလည်း ပုံမှန် သာ အရောင်းအဝယ် ဖြစ်နေပါ တယ်။ ပဲ၊ နှမ်း ဈေးကွက်တစ်ခု လုံးအနေနဲ့ ဒေါ်လာဈေးငြိမ်နေ တာနှင့်အတူ ဈေးအေးနေခြင်းဖြစ် ပါတယ်။ မကြာမီ ပဲအသစ်များ ပေါ်လာမှသာ ပဲ၊ နှမ်းဈေးကွက် လှုပ်လှုပ်ရှားရှား ရှိလာမည်´´ ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

အိန္ဒိယတွင် ပဲစင်းငုံနှင့် မတ် ပဲ ပေါ်ချိန်ဖြစ်သဖြင့် ပြည်တွင်း ပဲဈေးမြင့်တက်မှု မရှိနိုင်ခြင်း ဖြစ်ရာ နိုဝင်ဘာ ၁၇ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ကျပ် ၁၇၂၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ကျပ် ၁၇၅၀၀၀ သာပေါက် ဈေးဖြစ်ပြီး တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့် ကျဆင်းသွားသည်။ ပဲတီစိမ်းအညာမှာ ထိပ်စသုံး တင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ပေါက်ဈေးရှိသော် လည်း ပုံမှန်အရောင်းအဝယ် ဖြစ် နေသည်။

မြေပဲ

နယ်စုံမှ အသစ်ဝင် မြေပဲ ဆန်များ ဈေးကွက်အတွင်း ဝင် သလောက် အရောင်းအဝယ် ဖြစ် နေရာ နိုဝင်ဘာ ၁၇ ရက်တွင် ထိပ်စမြေပဲဆန်မှာ ၅၄၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် သွက် နေပြီး ဆီဆန်မှာ တစ်ပိဿာ ကျပ် ၄၉၀၀-၅၀၀၀ ပေါက်ဈေး ရှိနေသည်။ မြေပဲဆီ တစ်ပိဿာ လျှင် ကျပ် ၁၁၀၀၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၅၀၀ ပေါက်ဈေး ရှိနေ သည်။

ပို့ကုန်ပဲများနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်း များမှာ ဆက်လက်ဈေးအေးနေဆဲ ဖြစ်ရာ နိုဝင်ဘာ ၁၇ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၇၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ကျပ် ၂၂၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ကျပ် ၁၆၀၀၀၀၊ စွန်တာ ပြာ တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ကျပ် ၂၃၈၀၀၀၊ ကျွန်းစား တော်ပဲ တစ်အိတ်လျှင် ကျပ် ၃၈၀၀၀၀ ပေါက်ဈေး ဖြစ်နေ သည်။

Leave a Reply

Your email address will not be published.