နယ်စပ်မှ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့် ပိတ်သွားပြီးနောက် ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်သို့ ပြောင်း အများဆုံးတင်ပို့နေ

ရွှေမန်း

နယ်စပ်မှထိုင်းနိုင်ငံပြောင်းတင်ပို့ခွင့် ပိတ်သွားပြိးနောက် စက်တင်ဘာလကစပြီး ပြောင်းကို ပင်လယ်ရေကြောင်းကနေ ဖိလစ်ပိုင်နိုင်ငံကို အများဆုံးတင်ပို့နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ထံက သိရသည်။

ထိုင်းနိုင်ငံကို အခွန်လွတ်နဲ့ တင်ပို့ခွင့်က ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးပြီဖြစ်တဲ့အတွက် လက်ကျန်ပြောင်းတွေကို ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို တင်ပို့နေခြင်းဖြစ်သည်။ ယခုနှစ်မှာ ပြည်တွင်းတိရစ္ဆာန်အစာ ပြုလုပ်သည့်ဈေးကွက်ကလည်း ဝယ်ယူမှု ပိုများပြီး တန်ချိန် ၈ သိန်းကျော်အထိ ဝယ်လိုအားရှိလာကြောင်းပြောင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိမှာ ပြောင်းတစ်တန်ကို FOB ဈေး ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိနေသည့် အတွက် ပင်လယ်ရေကြောင်းက တင်ပို့ဖို့ အဆင်ပြေကြောင်း သိရသည်။
လက်ရှိရန်ကုန်ပြောင်း ဈေးကွက်ထဲမှာတော့ ပြောင်းတစ်ပိဿာကို ကျပ် ၁၁၀၀ ဝန်းကျင် ပေါက်ဈေး ဖြစ်ပေါ်နေပြီး တောင်သူတွေ လက်ထဲမှာ ဆောင်းပြောင်း လက်ကျန်မရှိတော့သော်လည်း လာမည့် နိုဝင်ဘာလထဲမှာတော့ နွေပြောင်းတွေ ပြန်ပေါ်လာတော့မည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ပြောင်းရာသီမှာတော့ ပြည်ပကို ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီးလက်ရှိမှာ မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို စက်တင်ဘာလမှ ဇန်နဝါရီလထိ ရပ်နားထားရကြောင်း သိရသည်။

Leave a Reply

Your email address will not be published.