စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11မျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးမှ တောင်သူများလာရောက်လေ့လာ

ရွှေမန်း

စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11 မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှုများကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များမှ တောင်သူကိုယ်စားလှယ်များ က မေ ၂၅ ရက် နေ့နံနက်ပိုင်းက မန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။

GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို မကြာမီက နေပြည်တော် တွင် စံကွက်ရိတ်သိမ်းမှု အပြီး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက် ၊ဥက္ကံ၊ တော်လတီ စသည့် ကျေးရွာများမှာ စပါးစိုက်တောင်သူကြီးများ က လာရောက်လေ့လာရာ GW-11 စပါးမျိုးမှာ အပင် သက်တမ်း ၁၁၀ ရက် ကြာမြင့်သဖြင့်နွေစပါး၊မိုးစပါး နှစ်မျိုးလုံးစိုက်ပျိုးနိုင်သည်။အပင်ပေါက်ရာခိုင်နှုန်းမြင့်မားသလို ပင်ပွှားနှုန်းလည်းကောင်းမွန်တာကြောင့် တစ်ဧက အောင်နှံ ၁.၂၀၀.၀၀၀(ဆယ်နှစ်သိန်း)၊ အောင်စေ့ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းကျော် ဖြစ်တာကြောင့်တစ်ဧက အထွက်နှုန်း ၁၅၀-၁၆၀ ကျော်ထွက်ရှိကြောင်း တစ်ဧက စိုက်ပျိုးစရိတ် မှာ ရိတ်သိမ်းအထိ ကျပ် ၄၀၀၀၀၀ ကျော်သာ ဒေသစပါးမျိုးများနှင့် အတူတူကုန်ကျသော်လည်း စပါးတင်းပိုမိုထွက်ရှိခြင်း စပါးစျေး ကောင်း ရရှိခြင်းတို့ကြောင့် တစ်ဧက အကျိုးအမြတ် ၄သိန်းခွဲခန့်ရရှိကြောင်း ကို မှတ်တမ်းများနှင့်တကွ စိုက်ပျိုးရေးပညာရှင်က ရှင်းပြသည်။

စပါးစိုက်တောင်သူများအတွက် ၂၀၂၅ခုနှစ်တွင် အထွက်နှုန်းမြင့် GW-11စပါးမျိုး ဧက ခြောက်သိန်းထိ စိုက်ပျိုးနိုင်ရန် မျိုးစပါးစိုက်တောင်သူများနှင့်မျိုးစပါးတိုးချဲ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နှစ်အလိုက် မျိုးစပါးထုတ်လုပ်နေမှု အခြေအနေများကို လေ့လာရေးလာတောင်သူများကို ရှင်းပြသည်။

GW-11မျိုးစပါးကို ၂၀၂၁ခုနှစ်တွင် ဧရာ၀တီတိုင်းတွင် စတင်ဖြန့်ဖြူးစိုက်ပျိုးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပဲခူးတိုင်းအနောက်ပိုင်းတွင် စိုက်ပျိုးခဲ့ရာ တောင်သူများအနေဖြင့် GW-11 မျိုးစပါးပိုမိုရောင်းချပေးနိုင်ရန် တောင်းဆိုမှုများရှိလာတာကြောင်း ၊ယခုနှစ်တွင် GW—11 စပါးစိုက်ပျိုးဧက ၂သိန်း၅သောင်း အတွက် မျိုးစပါးရရှိရေးအတွက် နွေစပါး ၊မိုးစပါး နှစ်သီးစိုက်ပျိုးပြီးထုတ်လုပ်ပေးနေကြောင်း လာမည့် ၂၀၂၅ ခုနှစ်တွင် GW-11 စပါးမျိုး ဧက ၆သိန်း စိုက်ပျိုးနိုင်ရန် မျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က နေပြည်တော်တွင် ဧက ၈၀၀ ၊ပဲခူးတိုင်းအုတ်တွင်း တွင် ဧက ၄၀၀ ကို နွေစပါး၊မိုးစပါး စိုက်ပျိုးပြီး မျိုးစပါးထုတ်လုပ်ခဲ့ရာ GW—11စပါးစိုက်ဧက ၁၂၀၀၀၀ အတွက်ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင် က ပြောသည်။

“ GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို ၂၀၂၁ ခုနှစ်က စတင်ပြီ နေပြည်တော် ၊ပဲခူး ဒေသတွေမှာ နွေစပါး ၊မိုးစပါး တစ်နှစ် နှစ်သီးနဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ GW-11 စပါးမျိုး ဧက ခြောက်သိန်း ထိ စိုက်ပျိုးနိုင်အောင် မျိုးစပါးစိုက်တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီစပါးမျိုးက အထွက်နှုန်းကောင်း စပါးမျိုးဖြစ်တော့ ယခုလို စက်သုံးဆီစျေးတွေကြီးမြင့်ချိန် သွင်းအားစု မြေသြစာစျေးတွေ မြင့်နေတာတောင် တစ်ဧက တင်း ၁၂၀ ကျော် ၁၅၀ လောက်ထွက်တော့ အနည်းဆုံး တစ်ဧက ၄-၅ သိန်း အကျိုးအမြတ်ကျန်လို့ တွက်ခြေကိုက်တဲ့စပါးမျိုးပါ။ ဒီနေ့ ရန်ကုန်တိုင်း တိုက်ကြီးနယ်က တောင်သူတွေ က စပါးမျိုးထုတ်လုပ်မှုပိုမိုထုတ်လုပ်ပေးဖို့ တောင်းဆိုကြပါတယ်။တောင်သူတွေ အနေနဲ့ အထွက်နှုန်းမြင့် မျိုးစပါးကို စိုက်ပျိုးမှအဆင်ပြေမှာပါ။GW-11 စပါးမျိုးက မျိုးစေ့ချန် စိုက်ပျိုးလို့ရပေမယ့် တောင်သူတွေ မျိုးကွဲပယ်လုပ်ငန်းကို သေချာလုပ်နိုင်မှ မျိုးစပါးအရည်အသွေးမကျဆင်းမှာပါ။ အကောင်းဆုံးကတော့ မျိုးချိန်စိုက်ပျိုးတာထက် ကုမ္ပဏီက သန့်စင်ပြီးမျိုးကိုသုံးတာက ကုန်ကျစရိတ်ပိုသက်သာပြီး အထွက်နှုန်းလျော့ကျမရှိနိုင်တော့ဘူး။ ” ဟု ၄င်းကပြောသည်။

ထိုပြင် လာရောက်လေ့လာသည့် တောင်သူများကို GW11 စပါးမျိုးများထုတ်လုပ်နေမှုများနှင့် အဲဗား ဂရင်းမြက်နှင့် ပြည်လုံးချမ်းသာ ရောနှောသစ် တော့စိုက်ခင်း စိုက်ပျိုးထား ရှိမှုကိုလည်းရှင်း လင်းပြသခဲ့ပြီး စစ်ကိုင်းမြို့ စက်မှုဇုံရှိ အထပ်သားထုတ်လုပ်နေမှု ၊သြဂဲနစ်ကွန်ပေါင်းဓါတ်မြေသြစာ ထုတ်လုပ်နေမှုများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.