ရွှေမန်း ပြည်တွင်းလက်ကျန် နည်း လာသောကြောင့် ဂျုံဈေးကွက်မှာ ဩဂုတ်လဆန်းပိုင်းထက် ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀၀ ခန့် ဈေးမြင့်တက်လာ ကြောင်း ကုန်သည်များထံက သိရသည်။ ပြည်တွင်းဂျုံလက်ကျန်နည်းပါး လာခြင်း၊ တောင်သူများလက်ဝယ် တွင် မရှိတော့ဘဲ လှောင်သမား လက်များတွင်သာ ကျန်ရှိတော့ တာကြောင့် ဈေးမြင့်တက်လာ ခြင်းဖြစ်ပြီး နိုင်ငံခြားဂျုံပေါက်ဈေး မှာလည်း မြင့်တက်လာသော ကြောင့် ယခုလို တစ်လအတွင်း ဂျုံဈေးမြင့်တက်လာခြင်းဖြစ် ကြောင်း မန္တလေးမြို့ ဒေါင်းဂျုံစက်ပိုင်ရှင် ဦးသက်တင်က ပြောသည်။ “ ပြည်တွင်းဂျုံလက်ကျန်က နည်းလာတော့ ဈေးမြင့်တက်လာ တာပါ။ အရောင်းအဝယ်ကတော့ ပုံမှန်သာ ရှိနေပါတယ်။ ကမ္ဘာ့ ဂျုံဈေးကလည်း မြင့်တက်လာ တော့ ပြည်တွင်းဂျုံဈေးလည်း လိုက်ပါမြင့်တက်လာတာပါ။ ဂျုံ စိုက်ပျိုးချိန်ကလည်း...
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ရွှေမန်း ပြည်တွင်းဒေါ်လာဈေး ကျ ဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးဈေးကျဆင်းလာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။ ပြည်တွင်းဒေါ်လာဈေးမှာ သြဂုတ် ၂၉ရက် နံနက် ဈေးကွက်ဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေ ကျပ် ၅၄၅၀-၅၆၅၀ ဝန်းကျင် ပြင်ပပေါက်ဈေးရှိနေပြီး ဈေးကျ ဆင်းလာရာ ပို့ကုန်ပဲများအပါ အဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးကျဆင်းလာခြင်း ဖြစ်သည်။ အခြားပို့ကုန်ပဲများ ဈေးကျ ဆင်းမှုရှိသော်လည်း နှမ်းမျိုးစုံ ဈေး ကွက်မှာ ကျဆင်းမှုမရှိ အမြင့်ဈေး အတိုင်းရှိနေသည်။ နိုင်ငံခြားငွေဈေး ဆက်တိုက် ဆိုသလို ဈေးကျဆင်းလာသော ကြောင့် ပဲ၊ နှမ်းဈေးကွက်မှာ ဈေး အနည်းငယ်ကျဆင်းလာကြောင်း၊ ကုလားပဲအုပ်စုမှာ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ကျော် ပေါက် ဈေးကတော့ အမျိုးအစားအလိုက် ငွေကျပ်...
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ရွှေမန်း ပြည်တွင်းပဲဆီ လိုအပ်ချက် မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါး လည်ပတ်အဆင်ပြေ နေကြောင်း ဆီစက်လုပ်ငန်းရှင် များ ထံက သိရသည်။ ပြည်တွင်း စားအုန်းဆီ တင် သွင်းမှုကို ၂၀၂၃ခုနှစ်ကတည်းက စားအုံးဆီ တင်သွင်းမှု လျှော့ချ သောကြောင့် ပြည်တွင်းမှာရှိသည့် ဆီစက် ၈၀ရာခိုင်နှုန်းကျော် လည် ပတ်လာကြောင်း၊ စားဆီတင်သွင်း မှုလျော့သလို တိရစ္ဆာန်စာ ပဲဖက် လည်း တင်သွင်းမှု လျှော့သွား ကြောင်း၊ စားအုန်းဆီတင်သွင်း မှုနှင့်ပဲဖတ်တင်သွင်းမှု လျှောချ တင်သွင်းခြင်းကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျော့ကျသွားကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးဆန်း ထွန်းလွင်က ပြောသည်။ “ နိုင်ငံခြားကနေ ဆီလျော့ သွင်းလိုက်တာနဲ့ ပြည်တွင်းဆီ လိုအပ်ချက်များပြီး ဆီစက်တွေ အားလုံးနီးပါး...
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
ရွှေမန်း ဧရာ၀တီမြစ်ရေကျဆင်းမှု နှင့်အတူ မြေနုကျွန်းစိုက်ခင်းများ တွင် မြေပဲအပါအဝင် ဈေးကွက် ဝင် သီးနှံများကို စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူ များထံက သိရသည်။ ဧရာ၀တီမြစ်အတွင်းရှိ မြေနုကျွန်း (ကျွန်းရွာ)များတွင် စက်တင်ဘာ လဆန်းပိုင်းမှာ ဧရာ ၀တီမြစ်ရေ ထပ်မံတက်ခြင်းမရှိ တော့ပါက သီးနှံများစိုက်ပျိုးရန် မြေပြုပြင်ခြင်းများ စတင်လုပ်နေ ပြီဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာ တွင် မြေပဲသီးနှံနှင့် ကန်စွန်းဥကို ပထမဦးစားပေး အများဆုံးစိုက်ပျိုး ကြကာ အခြားဈေးကွက်ဝင်သီးနှံ များကိုလည်း စိုက်ပျိုးရန်ပြင်ဆင် လျက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ ဦးခင်မောင်ရင်က ပြောသည်။ “ ဩဂုတ်လကုန် စက်တင် ဘာလဆန်းမှာ မြစ်ရေထပ် မတက်တော့ရင် အသင့်စိုက်ပျိုး နိုင်အောင် ပြင်ဆင်နေပါတယ်။ ဧရာ၀တီမြစ်ရေကျဆင်းမှုနောက် ပိုင်း မြေနုကျွန်းများတွင်...
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
ရွှေမန်း မကွေးတိုင်းဒေသကြီးမှ ဆီထွက် သီးနှံအထူးဇုန်စိုက်ပျိုး မှုမှ မိုးနှမ်းများစတင် ရိတ်သိမ်း၍ ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်စိုက်ပျိုးရာသီမှ စတင် ကာ ဆီထွက်သီးနှံ ဧက ၃သန်း ကို အထူးဇုန်သက်မှတ်ပြီး မေလ မှ စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ် လ တတိယပတ်တွင် စတင်ရိတ် သိမ်းပြီး ဈေးကွက်အတွင် ရောင်းချနေခြင်း ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း မှာ စားသုံးဆီဖူလုံရေးအတွက် အထူးဇုန်သတ်မှတ်ကာ မြေပဲ ၆၉၉၈၂ ဧက၊ နှမ်း ၂၃၅၇၈၇ ဧက၊ နေကြာ ၅၀၈၃၁ ဧက စုစုပေါင်း ၃၅၆၆၀၀ ဧကကို မေလ မှစတင်ကာ စိုက်ပျိုးခဲ့ ခြင်း ဖြစ်သည်။ မကွေးတိုင်းဒေသကြီး၊မကွေး...
ဈေးကွက်အာမခံချက်ကောင်းသောကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ ရွှေမန်း ကျောက်ဆည်ခရိုင်အတွင်း ရှိ ငှက်ပျောစိုက်တောင်သူများ အနေဖြင့် ဈေးကွက်အာမခံချက် ကောင်းသောကြောင့် ငှက်ပျော စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိသည်။ ငှက်ပျောစိုက်တောင်သူများ အနေဖြင့် ငှက်ပျောကို ဝါဆိုဦး တွင် အခင်းသစ်အဖြစ် စတင်စိုက် ပျိုးလေ့ရှိပြီး တစ်နှစ်တိတိစိုက် ပျိုးရကြောင်း ထိုသို့ စိုက်ပျိုးရာ တွင် လိုအပ်သည့် စိုက်ပျိုးစရိတ် ကို ငှက်ပျောပွဲစားများထံမှ ကြို တင်ရယူနိုင်သောကြောင့် စိုက်ပျိုး စရိတ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ စိုက် ပျိုးနိုင်ကြောင်း မြစ်သားမြို့နယ် ငှက်ပျောစိုက်တောင်သူ ကိုစိုးသိန်း က ပြောသည်။ “ ငှက်ပျောဈေးက ကောင်း နေတော့ ပွဲစားတွေက ငွေကြိုပေး ကြတယ်။ ဒီလိုကြိုငွေရတော့ စိုက်ပျိုးစရိတ်အတွက် ပူပင်စရာ မလိုဘဲ ကောင်းကောင်းအရင်းအနှီး...
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ရွှေမန်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင် မောင်း ကုန်းဒေသရှိ ကြံတောင်သူများ အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃- ၂၀၂၄ ကြံရာသီတွင် တင်သွင်း ခဲ့သည့် ကြံဖိုးငွေများ အပြည့် အဝမရရှိသေးကြောင်း သိရသည်။ ထိုသို့ ကြံဖိုးငွေများ မရရှိ သေးသည့်အပြင် မိုးရာသီ ကြံ စိုက်ခင်းများပြုပြင်ရန်အတွက် ကြံစရန်ငွေများလည်း မရရှိသေး တာကြောင့် ကြံစိုက်ခင်းများ ပြုပြင်ရန်နှင့် သွင်းအားစုများ ထည့်သွင်းရန် အခက်အခဲဖြစ်နေ ကြောင်း ကျောက်ထုံးကြီးကျေးရွာ မှ ကြံစိုက်တောင်သူ ဦးချိုတူး က ပြောသည်။ “ ကသာခရိုင်အတွင်းက တောင် သူတွေ မနှစ်က ကြံဖိုးငွေ လေး ပုံ တစ်ပုံခန့် ရရှိရန် ကျန်ရှိနေ ပါသေးတယ်။ ကြံဖိုးငွေလည်း အပြေအကြေမရဘူး။ ကြံစိုက်...
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
ရွှေမန်း ပြည်ပမှ ပဲပုပ်တင်သွင်းမှု ကိုလျှော့ချပြီး ပြည်တွင်းထုတ် လုပ်မှုကို အစားထိုးသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရ သည်။ ပြည်တွင်းတိရစ္ဆာန်အစာ အတွက်လိုအပ်သည့် အသားဓာတ် အဖြစ် ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းမှုကို ၃နှစ် အတွင်းအပြီး လျှော့ချသွားဖြစ်ကြောင်း၊ ပြည် တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ်ဖတ်တွေကို အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ ပဲပုပ်ဖတ်ကို ပြည်ပကနေ တင်သွင်းနေရတာကို ၃နှစ်အတွင်း အပြီးလျှော့ချသွားမှာပါ။တိရစ္ဆာန် အစာအတွက်လိုအပ်တာကို ပြည် တွင်းက ပဲပုပ်ဆီဖတ်တွေနဲ့ အစား ထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်နေပါ တယ် ´´ ဟု ၎င်းကပြောသည်။ ပြည်တွင်းမှာ ပဲပုပ်ကို ကြက်၊ ဝက်နှင့်...
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ရွှေမန်း မြေပဲအထွက်နှုန်းကောင်းမွန် စေရန် စနစ်တကျမြေဩဇာသုံးစွဲ သင့်ကြောင်းနှင့် ထိုမှသာ မြေပဲ အထွက်နှုန်း တိုးမြင့်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မြေပဲသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ မိုးနည်းရပ်ဝန်း ဒေသများဖြစ်သော မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ တွင် အများအပြားစိုက်ပျိုးရာမှာ မြေပဲသီးနှံသည် နုန်းမြေနှင့်သဲ မြေတွင် စိုက်ပျိုးရန် အကောင်း ဆုံးဖြစ်သည်။ ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာ ၌ ဇွန်၊ ဇူလိုင် မိုးခေါင်၍ အပင် ကြီးထွားမှုမရှိဘဲ ရပ်တန့်နေရာမှ ဩဂုတ်လတွင် မိုးပြန်လည်ရရှိ ခြင်းကြောင့် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုရသလောက် အထွက် ယူ ရိတ်သိမ်းရမည့် အခြေအနေ များ တွေ့ရပါသည်။ အဆိုပါတောင်သူများအနေ ဖြင့် စွယ်ချချိန်အတွက် သင့် တော်သည့် ကွန်ပေါင်းမြေဩဇာ ၁၂...
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ရွှေမန်း ပြည်တွင်းသကြားဈေးတည်ငြိမ်နေ ပြည်တွင်းထွက်ရှိသည့် သကြားများတွင် ပြည်ပတင်ပို့နိုင် သည့် အရည်အသွေးမီ သကြားဖြူ ပမာဏ နည်းလာတာကြောင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလည်း နည်းလာနိုင်သည်။ ၂၀၂၃-၂၀၂၄ ကြံရာသီ တွင် ထုတ်လုပ်ခဲ့သည့် သကြား များမှာ ရာသီနောက်ကျကြိတ် ဝါးမှုများကြောင့် အရည်အသွေး ကောင်း ပထမအဆင့် သကြား ဖြူထွက်ရှိသည့်ပမာဏ နည်းပါး ခဲ့ပြီး ဒုတိယတန်းစား သကြား များသာ ပိုမိုထွက်ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပို့ကုန်သကြားတင်ပို့ မှုလျော့နည်းနိုင်ပြီး ပြည်တွင်း တွင်သကြားပိုလျှံမှုများနေနိုင် ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးဝင်ဌေးက ပြောသည်။ “ သကြားရာသီအသစ် ပြီးပြီးချင်းမှာ သကြားတန်ချိန် တစ်သိန်းကျော် တင်ပို့ထားခဲ့ပြီး နောက်ပိုင်းမှာ အရည်အသွေး ကောင်းသကြားဖြူပမာဏက နည်း သွားတော့...