မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ် အမှတ်၁ အခြေခံအထက်တန်းကျောင်းတွင် မြို့သစ် မြိနယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့မှကြီးကြပ်ကာ မြို့နယ် အဆင့်ကျန်းမာရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ပြည် တော်ပြန်များအတွက် Facility Quarantine ကန့်သတ်ထားရှိရာနေရာတွင် ယမန်နေ့ နေ့လည်(၃)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို ထိုင်းနိုင်ငံမှပြန်လာသည့် ကန့်သတ်ထားရှိသော ၁၄ ဦးအား မြို့နယ်ကျန်းမာ ရေးစင်တာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆရာဝန် ဒေါက်တာရဲလင်းကျော် နှင့် မြို့နယ်ဓါတ်ခွဲမှူး ဒေါ်ဥမ္မာတို့က လည်ချောင်းတို့ပတ်နှင့်နာခေါင်း တို့ပတ် တို့ကို ယူပြီး အမျိုးသားဓါတ်ခွဲခန်းရန်ကုန်သို့ ပိုးရှိ/မရှိ ဓါတ်ခွဲအတည်ပြုစစ်ဆေးရန် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပိုးတွေ့ရှိခဲ့သူမှာ မတ်လ ၂၉ ညနေ၅နာရီ အချိန်တွင် ပွင့်သစ်စရတနာဖြင့် မြဝတီမှရန်ကုန် ရန်ကုန်မှပြည် အောင်လံ/တောင်တွင်းကြီး မြို့သစ်သို့ မှန်လုံကာဖြင့်၃၀-၃-၂၀၂၀ရက်နေ့ ညပိုင်းတွင်ရောက်ရှိခဲ့ရာ မြို့သစ်...
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၈၀ ထပ်မံကျဆင်း
ပြည်တွင်းသုံး ကုလားပဲအုပ်စု၊ နှမ်းနှင့် မြေပဲများ ဈေးကောင်းရရှိ ဝယ်လိုအားကောင်းနေ
ဆီစက်များက ဝယ်ယူမှု ကောင်းမွန်လာခြင်းကြောင့် မန္တလေးစျေးကွက်အတွင် မြေပဲဆံစျေးနှုန်းကောင်းနေ
မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေရွှေမန်း
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ထုတ်ချေးပေးလျက်ရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
မကွေးတိုင်းအစိုးရက အုပ်ချုပ်ရေးဦးစီးဌာနတွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို Maskများနဲ့ Hand Gelများ ဖြန့်ဝေပေးထား
” မကွေးတိုင်းအစိုးရက အုပ်ချုပ်ရေးဦးစီးဌာနနဲ့တွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို Maskများနဲ့ Hand Gelများ ဖြန့်ဝေပေးထားတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ လိုအပ်သမျှကို၊ကျိုးစားပြီး ဝေငှထားပါတယ်၊ မကွေးတိုင်းအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊၂၅မြို့နယ်တမြို့နယ်လျှင် Mask၃၀၀၀၊ခရိုင်၅ခရိုင်၁ခရိုင်လျှင် Mask၄၀၀၀ဖြန့်ဝေပေးထားပါတယ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တော်ကြီးတွေအတွက် တမြို့နယ်လျှင် Mask၄၀၀၊ ၅၀၀မီလီလီတာဆန့် Hand gel၃၀ဘူး ဖြန့်ဝေပေးထားပါတယ်လို့ ဒေါက်တာအောင်မိုးညိုက မကွေးဂျာနယ်ကို ပြောပါတယ်။ တိုင်းဒေသကြီးတခုလုံး၊လက်လုပ်လက်စားများကို အားလုံးနီးပါးထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ တိုင်းကျန်းမာရေးဦးစီး၊ တိုင်းအစိုးရအဖွဲ့နှင့်၊ လုပ်အားပေးစေတနာရှင်များ စည်းဝေးတိုင်ပင်၍ Mask၊ ကာကွယ်ရေးဝတ်စုံ၊သာမိုမီတာအပူချိန်တိုင်း၊ အသက်ရှူစက်၊ဆပ်ပြာ၊ ပိုးသတ်ဆေးများကို လိုအပ်တဲ့နေရာတွေကို ဖြန့်ဝေပြီးကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။ တိုင်းအစိုးရထံတွင် COVID-19ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အလှူရှင်များမှ လှူဒါန်းသည့်လက်ကျန်စာရင်းမှာ PPEဝတ်စုံ၄၉၁ခု၊ Mask၅၈၀၀၀ခု၊ Hand Gel၆၇၅ဘူး၊ ပိုးသတ်ဆေး၇၅လီတာ၊ မျက်မှန်၄၅ခု၊ ရာဘာလက်အိတ်၅၁၀၀ခု၊ Sunday Coffee၂၀ထုပ်ပါ၁ဖာ၊ Sunday Tea၂၀ထုပ်ပါ၁ဖာ၊...
Home Quarantine အမျိုးသမီးသေဆုံးသည့်ကိစ္စ မြို့ခံများက အလောင်းဖော် စစ်ဆေးပေးစေချင်
မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကင်းကျေးရွာမှ Home Quarantine ခံယူနေတဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမျိုးတဦး ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက သေဆုံးပြီး နေ့လည်အသုဘချခဲ့သော်လည်း မြို့ခံပြည်သူများက အလောင်းပြန်ဖော်ပြီး စစ်ဆေးပေးရန် တောင်းဆိုနေကြောင်း သိရပါတယ်။ အဆိုပါလူနာမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ ဧပြီလ ၃ ရက်နေ့က ကံမမြို့နယ် ကင်းကျေးရွာသို့ ပြန်လာပြီး Home Quarantine ခံယူကြောင်း၊ ဖျားနာမှု ဖြစ်သော်လည်း ကျန်းမာရေးဆရာဝန်နှင့် မပြဘဲ တောရွာအပ်ကိုင်တစ်ဦးနဲ့သာ ကုသနေခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကံမမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။ ဆုံးသွားတော့ဆေးရုံကို အကြောင်းကြားပါတယ်၊ ကျန်းမာရေးဌာနက လာပြီးတော့စစ်တာပေါ့၊ စစ်တော့သာမန်သေတယ်လို့ပဲပြောတယ်၊ ၁၂နာရီလောက်မှာ နာရေးချလိုက်ပါတယ်၊...
ILBC – YIS နှင့်အလင်းရောင်ကိုယ်ပိုင်အထက်တန်း ကျောင်း မိသားစုများမှ တောင်တွင်းကြီးပြည်သူ့ဆေး ရုံကြီးသို့ သိန်း(၁၅၀)တန်ဖိုးရှိ Portoblex – Ray စက် အားပေးအပ်လှူဒါန်း
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် covid-19ရောဂါနှင့်ပတ် သက်၍စမ်းသပ်စစ်ဆေးမှုများလွယ်ကူလျှင်မြန်စွာပြု လုပ်နိုင်ရန်အတွက် ရန်ကုန်မြို့မှ ဆရာကြီးဦးတင်မောင် ဝင်းဦးစီးဖွင့်လှစ်သည့် ILBC School ၊ YIS School ၊ နှင့်အလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု များမှ စုပေါင်းလှူဒါန်းသော သိန်း(၁၅၀)တန်ဖိုးရှိ Port oblex – Rayစက်အား ၂၀၂၀ခုနှစ် ဧပြီ ၁၃ ရက်နေ့မွန်း တည့်၁၂နာရီ အချိန်ခန့် တောင်တွင်းကြီးမြို့နယ်ပြည်သူ့ ဆေးရုံးကြီး မြို့နယ်ကုသရေးဦးစီးဌာနရုံးခန်း၌ ရန်ကုန် မြို့ ILBC School မှ Khaing Swe Thin Liaison Officer ကပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး Dr Daw Kyin Kyin Mar မှလက္ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာအားပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်၊တိုင်းဒေသကြီးလွှတ်တော်...
တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့အထဲက ပြန်လည်မျှဝေပေးသွားမယ်လို့ လူမှုရေးဝန်ပြီးပြော
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးတဲ့စာရင်းထဲမှာ တစ်ကယ်လိုအပ်တဲ့သူတွေ ကျန်နေခဲ့ရင် မကွေးတိုင်း အစိုးရအဖွဲ့ကို အလှူရှင်တွေလှူဒါန်းထားတဲ့ အထဲက ပြန်လည်မျှဝေပေးသွားမှာဖြစ်တယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ပြောပါတယ်။ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးဝေခဲ့ရာ မကွေးတိုင်းအတွင်း တကယ်လိုအပ်တဲ့အခြေခံလူတန်းစားအားလုံးမရရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့လို့ဖြစ်တာလို့ သိရပါတယ်။ အချိန်ကလဲ အချိန်တိုတိုအတွင်း စာရင်းကောက်ရတာမလို့ ကျန်တဲ့အိမ်ထောင်စုတွေလဲ...
အစိုးရအထောက်အပံ့ လက်လုပ်လက်စား (အခြေခံလူတန်းစား) အားလုံးမရ၊ စာရင်းကောက်ရန် အချိန်မလောက်၍ဖြစ်ရဟုဆို
Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တခုကို ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ ဧပြီလ ၁၀ ရက်နေ့က ပေးခဲ့ပေမဲ့ မင်းဘူးမြို့နယ်တွင် အခြေခံလူတန်းစားအကုန် မရရှိခဲ့ကြောင်း၊ စာရင်းကောက်ယူရန်အတွက် အချိန်ရရှိမှု နည်းပါးခဲ့ကြောင်း သိရပါတယ်။ ကျွန်မက မင်းဘူးမြို့ အမှတ်၁ရပ်ကွက်မှာ နေပါတယ်၊ စာရင်းလာမကောက်လို့ရပ်ကွက်ရုံးကိုသွားပြောပါတယ်၊ စာရေးက ဝေပေးတဲ့နေ့ရမယ်လို့ ပြောတယ်၊ ဝေပေးတဲ့နေ့ရောက်တော့ စာရင်းမပါဘူးတဲ့၊ နင်ကရေနံမြေရပ်ကလေတဲ့၊ နဂိုကတည်းက ရေနံမြေသွားဆိုရင်အစောကြီးကတည်းက ရေနံမြေသွားပြီးစာရင်းပေးမှာပေါ့၊ အခုဝေတဲ့နေ့ကြမှ ကျွန်မလုပ်ပေးပါဆိုရင်ရမှာလား၊ကျုပ်လုပ်လွှတ်မှာပေါ့၊ နောက်၁ယောက်ကိုလဲ...
မနက်ဖန်ဆို သင်္ကြန်စပြီဆိုတော့ အိမ်မှာနေရင်း သင်ကြန်ကျ ကျလိမ့်မယ်ထင်ပါတယ်
မနက်ဖန်ဆို သင်္ကြန်စပြီဆိုတော့ အိမ်မှာနေရင်း သင်ကြန်ကျ ကျလိမ့်မယ်ထင်ပါတယ်။ မကွေးဂျာနယ်ပရိတ်သတ်အတွက် မကွေးသား လူဝိုင်း ရဲ့ သီချင်းလေး တင်ပေးလိုက်ပါတယ်။ https://www.facebook.com/magwayjournal/videos/521704651849383/
ငါးလအရွယ် ကလေးငယ်၁ဦးကို စောင့်ကြည့်လူနာအဖြစ် မင်းဘူးဆေးရုံမှာ ကုသပေးနေ
မင်းဘူးမြို့နယ် ဖလံတောကျေးရွာမှ ငါးလအရွယ် ကလေးငယ်၁ဦးကို စောင့်ကြည့်လူနာအဖြစ် ယနေ့ နေ့လယ်ပိုင်းက မင်းဘူးမြို့ အထွေထွေကုဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ သိရပါတယ်။ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ဟုတ်ပါတယ် ၅လအရွယ်ကလေးပါ၊ ဘာမှစိတ်ပူစရာမရှိဘူး၊ စောင့်ကြည့်လူနာအဆင့်ပါဘဲ၊ အခုဟာက ခရီးသွားရာဇဝင်တွေ ဘာမှမရှိဘူး၊ ဒါပေမယ့်ကျွန်တော်တို့က စိတ်ချရအောင်လို့ပါလို့ ပြောပါတယ်။ မင်းဘူးခရိုင်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ယခုကလေးငယ်၁ဦးနဲ့ ပြီးခဲ့သည့်မတ်လ၁၄ရက်နေ့က စောင့်ကြည်လူနာအဖြစ် တရုတ်ပြည်ကပြန်လာသောအမျိုးသားတစ်ဦး တက်ရောက်ကုသခဲ့ရာ တရုတ်ပြည်မှ ပြန်လာသောအမျိုးသားမှာ Covid-19ပိုးမတွေ့ရှိကြောင်း သိရပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံးမှဆင်းသွားပြီးဖြစ်ကြောင်း သိရပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်
နိုင်ငံတော်မှထောက်ပံ့ပေးသည့် ပစ္စည်းစာရင်း ပြုစုနေစဉ် စလင်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဒါးနဲ့ထိုးခံရ
မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ဧပြီလ ၉ရက်နေ့က နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပစ္စည်းစာရင်းအား ပြုစုနေစဉ် ဒါးနဲ့အထိုးခံရကြောင်း သိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းက စာစီကျောင်းရပ်ကွက်နေ အောင်ထွန်းဝေ၃၅နှစ်ဆိုသူသည် အရက်သေစာသောက်စားပြီး စာစီကျောင်း အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်တပ်ဆင်ထားတဲ့ Maskကို နွားတွေတပ်တာလို့ ပြောဆိုပြီး Maskကို လူအများကြားတွင် ဆွဲချွတ်ခဲ့သေးသည့်အပြင် မလုပ်ရန်နှင့် ပြန်တော့ဟုပြောဆိုခဲ့သည့်အပေါ်ကိုလည်း လက်မခံဘဲ ညစ်ညမ်းစွာဆဲဆိုပြီး ဓါးနှင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်၊ ရပ်ကွက်ရုံးထဲဝင်ကာ စာရင်းပြုစုနေသည့် အုပ်ချုပ်ရေးမှူးကို ဒါးနဲ့ထိုးခဲ့တယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဟုတ်ပါတယ်၊ ဒါးထိုးမှုဖြစ်ခဲ့ပါတယ်၊ အထိုးခံရတဲ့အုပ်ချုပ်ရေးမှူးလဲ ကျန်းမာရေးကောင်းပါတယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲးမှူးခင်မောင်ကြည်က မကွေးဂျာနယ်ကို ပြောပါတယ်။ ပြစ်မှုကျူးလွန်သူ အောင်ထွန်းဝေကို စလင်းမြို့မရဲစခန်းက (ပ)၃၇၉/၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၃/၅၀၆/၂၉၄(တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား...
မကွေးတိုင်းအတွင်း ဆန် ဆီ ဆား ပဲ ကြက်သွန် ဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆယ်လေးစုရှိ
Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း နိင်ငံတော်အစိုးရမှ ပုံမှဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုထောက်ပံ့ရန် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းအတွင်းဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆဲ့ လေးဦးရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။ မကွေးတိုင်းတစ်တိုင်းလုံးကို အစကတော့ ၄သိန်း၅သိန်းနဲ့များနေတာပေါ့လေ၊ ဖောင်းပွနေတာအိမ်ထောင်စုပြောတာနော်၊ ခုကတော့အိမ်ထောင်စုအရေအတွက် ၃သိန်းပတ်ဝန်းကျင်၃သိန်းပေါ့၊ အဲဒါနဲ့ပြည်ထောင်စုကိုလှမ်းတင်ပြမှာ၊ပြည်ထောင်စုက ၃သိန်းလက်ခံတယ်ဆို ဝေတော့မှာပေါ့လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ အိမ်ထောင်စုတစ်စု ထောက်ပံ့ရန်အတွက် ဆန်၈ပြီ ၁၁၀၀၀ကျပ်၊ ဆီ၅၀သား ၁၇၅၀ကျပ်၊ ဆား၅၀သား ၁၂၀ကျပ်၊ ပဲ၁ပိသာ ၁၃၅၀ကျပ်နဲ့ ကြက်သွန်၁ပိသာ ၆၀၀ကျပ် စုစုပေါင်း၁၄၈၂၀ကျပ်ကုန်ကျကြောင်း သိရပါတယ်။ မကွေးတိုင်းအတွင်းရှိ ခရိုင်/မြို့နယ်အလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားစာရင်းမှာ မကွေးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၀၄မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၇၅၀၄ဦး၊...