ဘေးထောက်ပံ့မှုသတင်း မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြိ့ုနယ်မှာ ဧပြီလ ၂၁ရက်နေ့ ညနေ၄နာရီ၃၀မိနစ်ခန့်က လေပြင်းတိုက်ခတ်ခဲ့လို့ ကျေးရွာအုပ်စု၆စုမှာရှိတဲ့ ကျေးရာ၁၂ရွာတို့တွင် လူနေအိမ်၁၈၆လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု၁၈၆စု၊လူဦးရေ၇၁၉ ဦး လေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဧပြီလ ၂၂ရက်နေ့က အိမ်ဆောက်ပစ္စည်းဖိုး၆၅၂၀၀၀၀ကျပ်ကို လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံပေးခဲ့ကြောင်း သိရပါတယ်။ ၎င်းအပြင် ပွင့်ဖြူမြိ့ုနယ်တွင်လည်း ဧပြီလ ၂၁ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့တဲ့ လူနေအိမ်၂၂လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၆၆၀၀၀၀ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီလူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်
FlashNews:
ဆီစက်များက ဝယ်ယူမှု ကောင်းမွန်လာခြင်းကြောင့် မန္တလေးစျေးကွက်အတွင် မြေပဲဆံစျေးနှုန်းကောင်းနေ
မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေရွှေမန်း
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ထုတ်ချေးပေးလျက်ရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
မကွေးတိုင်းအစိုးရက Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းရှိခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်ထုတ်ပြန်
မကွေးတိုင်းအတွင်း နယ်မြေကျော်ခရီးသွားလာသူများအား Facility Quarantine ၂၁ရက်ထားရှိဆောင်ရွက်ရန်ကိစ္စနဲ့ ကျေးရွာတစ်ချို့ မှာ ၀င်ထွက်ခွင့် ပိတ်ပင်ခြင်းအား ဆောင်ရွက်ခြင်းမပြုရန် တိုင်းအစိုးရမှ ဧပြီလ ၂၁ရက်နေ့က ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလုံးထံ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းမှ အချို့သော မြို့နယ် ၊ရပ်ကွက်၊ကျေးရွာများတွင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ကြသူများနှင့် တိုင်းအတွင်း အခြားနေရာဒေသများသို့ သွားလာနေသူများကို ၀င်/ထွက် သွားလာခွင့်မပြုသည့်အတွက် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည်အတွက် ယခုလိုညွှန်ကြားချက်ထုတ်ပြန်ရကြောင်း သိရပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းက သွားလာသူတွေဆိုရင် ရပ်ကွက်/ကျေးရွာတွေကို ဖြတ်သန်းသွားလာခွင့်ပြုမှာပါ၊ တိုင်းအတွင်းကမဟုတ်ဘဲ အခြားတိုင်းနဲ့ပြည်နယ်ကိုသွားပြီး ပြန်လာသူတွေဆိုရင်တော့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ သတ်မှတ်နေရာတွေမှာ Facility Quarantine ၂၁ရက်ထားရှိပြီးမှ သူတို့နေအိမ်တွေမှာ နေထိုင်စေဖို့ ဆောင်ရွက်သွားမှာပါလို့ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောပါတယ်။ ကျွန်တော်တို့ရွာမှာ ၀င်ပေါက်တွေကို...
ဆင်ပေါင်ဝဲမြို့နယ် လေပြင်းတိုက်ခတ် လူနေအိမ် ၁၈၆လုံး အမိုးလန်ပျက်စီး
“ဆင်ပေါင်ဝဲမြို့နယ် လေပြင်းတိုက်ခတ် လူနေအိမ် ၁၈၆လုံး အမိုးလန်ပျက်စီး” ” မကွေးတိုင်းအစိုးရက Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းရှိခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်ထုတ်ပြန်” MGJ "ဆင်ပေါင်ဝဲမြို့နယ် လေပြင်းတိုက်ခတ် လူနေအိမ် ၁၈၆လုံး အမိုးလန်ပျက်စီး"" မကွေးတိုင်းအစိုးရက Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် တိုင်းအတွင်းရှိခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ညွှန်ကြားချက်ထုတ်ပြန်" Posted by မေကြးဂ်ာနယ္ on Wednesday, April 22, 2020
အများပြည်သူ အသွားအလာများသောလမ်းမကြီးများ တွင် တပ်မတော်က ဆေးဖျန်းပေး
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့၌ Covid 19 ကူးစက်ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧပြီ ၂၂ ရက် နံနက် ၆ နာရီအချိန်မှ နံနက် ၈ နာရီ အချိန် ထိ ပြည်ပပြန်လာသူများနေထိုင်ထားရှိသည့် အထက(၁) ကျောင်းဝင်အတွင်ရှိ လမ်းများနှင့်အများပြည်သူအသွား အလာများသော တောင်တွင်း – မကွေးလမ်း၊တောင်တွင်း – ပြည် လမ်းမကြီးများအား မကွေးတပ်နယ်မှူးရုံး၏ ညွှန့် ကြားချက်နဲ့အညီ တောင်တွင်းကြီးမြို့ အခြေစိုက် အမှတ် (၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊ဒုဗိုလ်မှူးကြီးတင့်ကျော်ကြီးကြပ်ဦးစီး ၍ အရာရှိ၊အရာခံ၊အကြပ်တပ်သား စစ်သည်များ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင် ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ဆွေနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ထွေးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၇)ဦး၊ မီးသတ်ယာဉ်တစ်စီးဖြင့် Covid-19 ကူးစက်ရောဂါကြို တင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးရည် ဖျန်းပေး...
မကွေးနဲ့ ဈေးများ ပိတ်တဲ့ဈေး ရက်တိုးပိတ်
မကွေးနဲ့ ဈေးများ ပိတ်တဲ့ဈေး ရက်တိုးပိတ် ဖွင့်တဲ့ဈေး – ဘုရားကွင်း
နှစ်ဆန်း၁ရက်နေ့ သရက် အကျဉ်းထောင်မှ အကျဉ်းသား ၂၂၇ ဦး လွတ်မြောက်
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများ အနက်မှ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေက သရက်အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၂၂၇ ဦးလွတ်မြောက်ခဲ့ကြောင်း၊ တစ်နိင်ငံလုံးရှိအကျဥ်းထောင်များမှ အကျဉ်းသား ၂၄၈၉၆ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရပါတယ်။ ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် သရက် အကျဉ်းထောင် အကျဉ်းသားများထဲမှ အမျိုးသား ၁၉၉ ဦး၊ အမျိုးသမီး အကျဉ်းသူ ၂၈ ဦးဖြစ်ကြောင်း၊ ဆင်ပေါင်ဝဲ ဘဝသစ်အကျဉ်းစခန်းမှ ၁၅၈ ဦး လွတ်လာခဲ့ကြောင်း သိရပါတယ်။ လွတ်လာသော အကျဥ်းသူ အကျဥ်သားများ မိမိနေရပ်ပြန်ရန်အတွက် ရေလမ်း ကားလမ်းများကို သက်ဆိုင်ရာတာ ဝန်ရှ်ိသူများက ကူညီဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၇ ရက်နေ့ သမ္မတဦးဝင့်မြင့်၏ လွတ်ငြိမ်း သက်သာခွင့်တွင် သေဒဏ်ကျခံရသူများကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့...
မင်းတုန်းမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်တချို့ပျက်စီး
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တချို့ပျက်စီးသွားကြောင်း သိရပါတယ်။ ဧပြီလ၁၄ရက် ညနေက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့လို့ မင်းတုန်းမြို့နယ်၊ ကျေးရွာ၆ရွာမှာရှိတဲ့ လူနေအိမ်၁၀လုံးနဲ့ဓမ္မာရုံ၁လုံး အမိုးပျက်ဆီးခဲ့ပြီးအိမ်ထောင်စု၁၀စု၊ လူဦးရေ၃၆ဦးနှင့်ဓမ္မာရုံ၁လုံးလေဘေးသင့်ခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုး ၁၃၉၂၈၀၀ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ မနေ့က မိုးလဲနည်းနည်းရွာသွားပါတယ်၊ပျက်ဆီးမှုအိမ်ခြေစာရင်းအတိအကျလုပ်ပြီးရင်တော့ အစိုးရကထောက်ပံ့မှုတွေလုပ်ပေးမှာပါ၊ ခုထိတော့မင်းတုန်းမြို့နယ်အတွင်းမှာ ပျက်ဆီးမှုက ဆိုးဆိုးဝါးဝါးကြီးမရှိပါဘူး၊ မင်းတုန်းမြို့ရဲ့မြောက်ဘက်ဆင်သေကျေးရွာလေးမှာ လေပြင်းတိုက်ခတ်မှုဖြစ်သွားတာပေါ့၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ချက်ခြင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သတင်းပို့ပါတယ်၊မြို့နယ်မှတစ်ဆင့် ခရိုင်၊ တိုင်းတို့ကိုသတင်းပို့နေပါပြီလို့ မကွေးတိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ် မင်းတုန်းမဲဆန္ဒနယ်အမှတ် (၂) ဦးအေးလှိုင်ဦးက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပျက်ဆီးသွားတဲ့ ဓမ္မာရုံ၁လုံး၊နေအိမ်၁၀လုံး၊ အိမ်ထောင်စု၁၀စု၊လူဦးရေ၃၆ဦးတို့အတွက် ဆန်ရိက္ခာဖိုး၇ရက်စာ၇၅၆၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုး၃၃၀၀၀၀ကျပ်၊ စုစုပေါင်း၄၀၅၆၀၀ကျပ်အား...
ကျန်းမာရေး စောင့်ရှောက် ကြည့်ရှု့သူများကို ပိုးတွေ့ရှိ မရှိ ဆေးစစ်ခြင်းနှင့်ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်
မကွေးခရိုင် မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ မြို့နယ်အဆင့် ကျန်းမာရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ပြည်တော်ပြန်များကိုလည်း Facility Quarantine ထားရှိခဲ့ရာတွင် covid-19ပိုးတွေ့လူနာ case(53)နှင့် အခန်းခြင်းကပ်လျှက်ရှိပြည်တော်ပြန်နှင့်ကျန်းမာရေး စောင့်ရှောက် စောင့်ကြည့်သူများကို ပိုးတွေ့ရှိ မရှိ ဆေးစစ်ခြင်းနှင့်ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Case-53 လူနာနှင့်အနီးကပ်ကျန်းမာရေးစောင့်ကြည့်ခဲ့ကြသည့်ကျန်းမာရေးဌာနမှ၀န်ထမ်း(၆)ဦးနှင့်မြို့နယ်ကြက်ခြေနီအလုပ်အမှု ဆောင်နှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးတို့နှင့်အတူ case-53 ပိုးတွေ့လူနာ နှင့်အခန်းခြင်းကပ်လျှက်ရှိပိုးရှိ မရှိစစ်ဆေးရန်ကျန်ခဲ့သည့်ပြည်တော်ပြန်(၅)ဦးတို့ကို ယနေ့နေ့လည်(၃)နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှပြည်သူ့ကျန်းမာရေးဆရာ၀န်ဒေါက်တာရဲလင်းကျော်နှင့်မြို့နယ်ဓာတ်ခွဲမှူးဒေါ်ဥမ္မာတို့ကလည်ချောင်းတို့ဖတ်နှင့်နှာခေါင်းတို့ဖတ်တို့ကိုယူ၍အမျိုးသားဓာတ်ခွဲခန်းရန်ကုန်သို့ ပိုးရှိမရှိ စစ်ဆေးရန် ဆောင်ရွက်ခဲ့ကြကြောင်းမြို့နယ်ကျန်းမာရေးဦူစီးဌာနမှသိရသည်။ မြို့သစ်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် Facility Quarantine ထားရှိသည့် ပြည်တော်ပြန် (၁၈)ဦးနေထိုင်သည့် အခန်းနှင့်အဆောင်များကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုးသတ်ဆေးပက်ဖြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ လှိုင်ဘွား ( မြို့သစ်)
မကွေးတိုင်းအတွင်း COVID-19ပိုးလူနာ၁ဦးတွေ့ရှိပြီးနောက် ကျေးရွာတစ်ချို့ ရွာအဝင်အထွက်ကို LOCK DOWNပြုလုပ်
ကျန်းမာရေးဝန်ကြီးဌာန ဧပြီလ ၁၃ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်မှ လူနာ၁ဦး Covid-19 ပိုးတွေ့ ရှိကြောင်း ကြေငြာပြီးနောက် မကွေးတိုင်းအတွင်း ကျေးရွာတစ်ချို့မှာ ကျေးရွာအတွင်း သူစိမ်းမဝင်နိင်ရန်အတွက် ရွာ အဝင်အထွက်လမ်းများ Lock Down ပိတ်ပင်ထားလျှက်ရှိတယ်လို့ သိရပါတယ်။ ကျေးရွာအတွင်း သူစိမ်းများမဝင်ရောက်နိင်ရန်အတွက် မကွေးမြို့နယ် ကြာကန်ကျေးရွာ ရွာအဝင်အထွက်လမ်းမျာကို ယနေ့ ဧပြီလ ၁၄ရက်နေ့ နံနက်ပိုင်းက စပြီးပိတ်ပင်ထားကြောင်း သိရပါတယ်။ အခုရွာထဲကို ပြည်ပကသူစိမ်းမှန်သမျှအဝင်မခံတော့ပါဘူး၊ မြို့သစ်နဲ့ ကြာကန်ကထိစပ်နယ်မြေဖြစ်သွားပြီ၊ အချို့ဈေးသည်တွေဆို နေရာအနှံ့မှာ ဈေးရောင်းတဲ့သားစိမ်းငါးစိမ်းသည်တွေရှိပါတယ်၊သားစိမ်းငါးစိမ်းသည်တွေ နေရာအနှံ့အပြားမှာသွားနေတဲ့အတွက် ရောဂါပါလာနိုင်တယ်၊ နောကိတစ်ခုက ကုန်စိမ်းသည်တွေရှိမယ်၊ သူတို့က နေ့စဉ်နဲ့အမျှသွားလာနေတော့ ပိုးပါလာမှာကြောက်လို့ အဝင်မခံတော့ဘူး၊ လောလောဆယ်တော့ ကျွန်တော်တို့ကြာကန်ရွာတော့ အဝင်အထွက်တွေပိတ်လိုက်ပါပြီဟု ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက်က ပြောပါတယ်။ ပြည်တွင်းပြန်လာတဲ့သူတွေကို...
မြို့သစ်မြို့နယ်မှ Covid-19 ပိုးတွေ့ လူနာကို မကွေးတိုင်းဆေးရုံကြီးတွင် ပြောင်းရွှေ့ကုသပေးလျက်ရှိ၊ ကျန်းမာရေးကောင်းမွန်
ကျန်းမာရေးဝန်ကြီးဌာန ဧပြီလ ၁၃ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်မှ Covid-19 ပိုးတွေ့ လူနာကို မကွေးတိုင်းဆေးရုံကြီးတွင် ပြောင်းရွှေ့ကုသပေးလျက်ရှိရာ လူနာမှာ ကျန်းမာရေးကောင်းမွန်လျှက်ကြောင်း သိရပါတယ်။ မနက်က၂နာရီအချိန်ခန့်လောက်မှာ ရောက်ပါတယ်၊ အခြေအနေကောင်းမွန်ပါတယ်မကွေးတိုင်းဆေးရုံကြီးမှာ ပိုးတွေ့လူနာအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အခန်းတွေ ၊ ကုတင်တွေ ၊ အသက်ရှူကူစက်တွေ အဆင်သင့်ရှိပါတယ်၊လူနာအခြေအနေကကောင်းပါတယ်၊ အထူးကုကြီးတွေနဲ့ညနေ၃နာရီမှာ အစည်းအဝေးလုပ်ဖို့ခေါ်ထားတယ်၊ အဲဒီအစည်းအဝေးပြီးမှအသေးစိတ်ပြောလို့ရမှာပါလို့ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက မကွေးဂျာနယ်ကို ပြောပါတယ်။ အဆိုပါပိုးတွေ့လူနာဟာ မြို့သစ်မြို့နယ်၊ ထန်းတစ်ပင်ကျေးရွာက အသက် ၃၁နှစ် အရွယ်ရှိတဲ့ ကိုသန်းထွန်း ဆိုသူဖြစ်ပါတယ်။ ပိုးတွေ့ရှိသူသည် မတ်လ ၂၉ရက်နေ့မှ ထိုင်းက ပြန်ဝင်လာကြောင်း သိရပါတယ်။ သူကထိုင်းကနေပြီးတော့ မတ်၂၉ရက်နေ့က ပြန်လာတယ်၊ မြဝတီကဆက်ထွက်လာပါတယ်၊ ရန်ကုန်ကို မတ်၃၀ရက်နေ့မနက်အစောကြီးရောက်ပါတယ်၊ ရန်ကုန်ကနေပြည်ကိုထွက်လာပါတယ်၊ ပြည်ကိုနေ့ခင်း၁၂နာရီလောက်ရောက်ပါတယ်၊...