ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စာအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံအချို့သာ အရောင်းအဝယ်ကောင်းနေ

ရွှေမန်း

ပဲမျိုးစုံဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး စာအုန်းဆီဂယက်ကြောင့် ဆီထွက်သီးနှံ အချို့သာ အရောင်းအဝယ်ကောင်းနေ ကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။

သင်္ကြန်ကာလအပြီး ပဲမျိုးဈေးကွက် အရောင်းအဝယ်ပြန်သွက်နေရာမှ ပို့ကုန်ရငွေ အပေါ် ငွေသား ချက်ချင်းရောင်းချရမှုကြောင့် ပို့ကုန်သမားများ ပစ္စည်းတင်ပို့မှုမရှိသေးဘဲ စောင့်ကြည့်နေတာကြောင့် ပြည်တွင်းပဲဈေးကွက်တွင် ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းလာသလို ပြည်တွင်းသုံးပဲများ ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေသည်။ သို့သော်လည်း စားအုန်းဆီတင်သွင်းမှုဂယက်ကြောင့် ဆီထွက်သီးနှံအချို့ဈေးကောင်း လာရာ မြေပဲဆံဈေးမှာ တစ်ပိသာ ကျပ် ၄၀၀၀ ကျော်ထိ ပေါက်ဈေးရှိလာသည်။ လာမည့် မေလအတွင်းမှာ နိုင်ငံခြားငွေဒေါ်လာဈေး သက်မှတ်ချက် အပြောင်းအလဲ မရှိလျှင် ဆက်လက် ဈေးအေးနိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ ပဲမျိုးဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေတယ်။ ဈေးကွက်ကောင်းတာဆိုလို့ ဆီထွက်သီးနှံ အချို့ပဲ ဈေးကောင်းနေပါတယ်။အဓိကတော့ စားဈေးအရမ်းမြင့်တက်သွားတော့ မြေပဲဆံဈေးကတက်လာတယ်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေ ပို့ကုန်ပဲတွေ ဈေးခပ်အေးအေး ဖြစ်သွားတော့ ဈေးကျဆင်းမှုရှိလာတယ်။ မြေထောက်ပဲဆို တစ်အိတ် ၁၆၈၀၀၀ ပေါက်ဈေးကနေ တစ်အိတ် ၁၆၀၀၀၀ လောက်ပဲပေါက်ဈေးရှိတော့တယ်။ ပဲစင်းငုံတစ်အိတ် ၁၃၀၀၀၀ ဈေး ၊မတ်ပဲ ၁၄၀၀၀၀ လောက်သာပေါက်ဈေးရှိတော့တယ်။ ဒေါ်လာ ကို ၁၈၅၀ ကို အခြေခံ ဈေးဖြစ်သွားတာကနေ ပို့ကုန်သမားတွေ စောင့်ကြည့်နေရာကနေ ပဲမျိုးစုံ ဈေးကွက်မှာ တစ်အိတ်ကျပ် ၁၀၀၀၀ ဝန်းဈေးကျဆင်းသွားတယ်။နှမ်းဈေးမှာလည်း ဈေးကွက်ပျောက်နေတယ်။ မြေပဲဆံကတော့ လုံးဆံမြေပဲက တစ်ပိသာ ကျပ် ၄၀၀၀ ကျော်သွားတယ်။ ပဲမျိုးစုံဈေးကွက်မှာ ပဲသစ်စပေါ်ကတည်းက တစ်လျှောက်လုံး ဈေးကောင်းလာတဲ့ ဆိုရင် မြေပဲဆံ တစ်မျိုးတည်းပဲရှိပါတယ်။လက်ရှိမှာ ဧရာဝတီမြစ်ရိုးတစ်လျှောက် အနိမ့်ပိုင်းမြေပဲခင်းအချို့မထင်မှတ်ဘဲ ရေတိုးခဲ့တာလို့ မြေပဲထွက်ရှိမှု မရှိတော့ဘူး။ အမြင့်ပိုင်း မြေပဲသမားတွေ အတွက်တော့ ဈေးကောင်းရ နေပါ တယ်။ ဧပြီလတစ်ခုလုံးအနေနဲ့ ကုလားပဲပုံမှန်ဈေးနဲ့ ငြိမ်နေတယ်။ ပို့ကုန်ပဲ အပါအဝင် ပဲမာလိုင်း အုပ်စုဈေးကျဆင်းနေပါတယ်။ စားအုန်းဆီဂယက်ကြောင့် မြေပဲဆံကတော့ ဈေးကောင်းနေအုန်း မယ်။လက်ရှိပဲဈေးကွက်တစ်ခုလုံး အခြေအနေက မေလအတွင်းမှာ ဈေးအေးနိုင်သေးတယ်။ ” ဟု ၎င်းကပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ ၊ပဲတီစိမ်း
ပို့ကုန်ပဲ မတ်ပဲ ၊ပဲစင်းငုံးနှင့် ပဲတီစိမ်းတို့မှာ ဧပြီလ သင်္ကြန်ကာလနောက်ပိုင်း ဈေးမြင့်တက်ထား သော်လည်း မေလ ပထမသီတင်းပတ်တွင် အရောင်းအဝယ်အေး ဈေးအနည်းငယ်ဆီ ကျဆင်းသွား သည်။ပို့ကုန်ပဲများ အပါဝင် အခြားပဲများလိုင်းများပါ လိုက်ပါဈေးကျဆင်း နေကြောင်းသိရသည်။ မေ ၂ ရက်နေ့တွင် မတ်ပဲ တစ်အိတ် ၁၄၀၀၀၀-၁၄၂၀၀၀၊ပဲစင်းငုံတစ်အိတ် ၁၂၈၀၀၀၊ ပဲတီးစိမ်းရွှေဝါ တစ်အိတ် ကျပ် ၁၅၂၀၀၀ ၊လမ်းပဲတီစိမ်း ၁၃၉၀၀၀ -၁၄၀၀၀၀ ၊အညာပဲတီစိမ်း ၁၂၅၀၀၀ေ ပါက်ဈေးရှိနေသည်။
မြေပဲ
အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီ ရောင်းချမှု ကန့်သက်ချက်များကြောင့် ပြည်တွင်း စားအုန်းဆီဈေးကွက်ကို ထိခိုက်မှုမရှိနိုင် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော်လည်း ပြည်တွင်းမှာ စားအုန်းဆီဈေးမှာ မြင့်တက်လာတာကြောင့် ယခင်သီတင်း ပတ်ထက် မြေပဲဆံဈေးအနည်းငယ်ထပ်မံမြင့်တက်လာတာကြောင့် မေလ ၂ ရက်နေ့တွင် လုံးဆံတစ်ပိသာ ကျပ် ၄၁၀၀-၄၂၀၀ ပေါက်ဈေးဖြစ်လာသည်။ ထို့သို့ မြေပဲဆံမြင့်တက်လာသလို ပဲပုတ်(ရှမ်း) ၅၃ပိသာတစ်အိတ်ကျပ် ၁၅၀၀၀၀ ထိဈေးမြင့်တက်လာသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိသာကျပ် ၈၅၀၀ ၊နှမ်းဆီ တစ်ပိသာ ကျပ် ၈၀၀၀ ၊ ပြင်ပတွင် စားအုန်းဆီတစ်ပိသာကျပ် ၇၀၀၀ကျော် ပေါက်ဈေးသာရှိပြီး ကုန်စည်ဒိုင်အတွင်းအရောင်းအဝယ်မရှိကြောင်းသိရသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး ၁၃၃၀၀၀၊ ပဲယင်း တစ်အိတ် ၁၉၅၀၀၀၊ ပဲကြီး တစ်အိတ် ကျပ် ၁၉၀၀၀၀၊ ပဲထောပတ် တစ်အိတ် ကျပ် ၁၃၀၀၀၀၊စွန်တာပြာ တစ်အိတ်ကျပ် ၁၃၀၀၀၀၊ မြေထောက်ပဲတစ်အိတ် ကျပ် ၁၅၃၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၆၀၀၀၀ ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.