မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ၂ဦး Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူခဲ့ရာ ၎င်းတို့၂ဦးကို ထောင်ဒဏ်၃လစီချမှတ်လိုက်ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။
မတ်လ၂၆ရက်နေ့က ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်သို့ အမေရိကန်နိုင်ငံမှပြန်လည်ရောက်ရှိလာတဲ့ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်း၊ စည်ပင်ရပ်ကွက် ဂန့်ဂေါမြို့နယ်နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ ကျောတိုက်ရပ်ကွက်၊ဂန့်ဂေါမြို့နယ်ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း သတ်မှတ်ရက်မပြည့်မီ ၎င်းတို့သဘောဆန္ဒအလျှောက် ဂန့်ဂေါမြို့မှ မတူပီမြို့သို့ထွက်ခွာသွားရာ ဒေသန္တရအမိန့်ထုတ်ပြန်ခြင်းအပေါ် ဖောက်ဖျက်ကျူးလွန်ခဲ့ပါသဖြင့် တာဝန်ရှိသူတို့မှ အမှုဖွင့်တိုင်းတန်းသဖြင့် ဧပြီလ ၆ရက်နေ့က ဂန့်ဂေါမြို့နယ်တရားရုံးမှ ဦးတင်ယမန်း(ဘ)ဦးပိုင်လင်းအမှုအမှတ်(၃၆၁/၂၀၂၀)နှင့် ဦးဆန်းဇော်ဦး(ဘ)ဦးဗွေးထောင်း၊ အမှုအမှတ်(၃၆၂/၂၀၂၀)တို့အား ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ၁၈အရထောင်ဒဏ်၃လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။
ပြည်သူအများ ကျန်းမာရေးအတွက်သေရေးရှင်ရေးအရေးကြီးကာလမှာ စည်းကမ်းချိုးဖေါက်သူတွေကို ဆက်ပြီးအရေးယူသွားမှာပါလို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကမကွေးဂျာနယ်ကို ပြောပါတယ်။
ကောင်းပါတယ်၊အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာ စည်းကမ်းမလိုက်နာသူတွေကို အရေးယူသင့်ပါတယ်၊ သင်္ကြန်ရက်မှာလဲစည်းကမ်းမလိုက်နာသူတွေကို အခုလိုအရေးယူစေချင်ပါတယ်လို့ မကွေးဒေသခံ၁ဦးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
မင်္ဂလာမန္တလေးဝင်းအတွင်းရှိ စျေးဆိုင်ခန်းများအပါအဝင် မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၈၀ ထပ်မံကျဆင်း
ပြည်တွင်းသုံး ကုလားပဲအုပ်စု၊ နှမ်းနှင့် မြေပဲများ ဈေးကောင်းရရှိ ဝယ်လိုအားကောင်းနေ
ဆီစက်များက ဝယ်ယူမှု ကောင်းမွန်လာခြင်းကြောင့် မန္တလေးစျေးကွက်အတွင် မြေပဲဆံစျေးနှုန်းကောင်းနေ
မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေရွှေမန်း
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ထုတ်ချေးပေးလျက်ရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
သတင်းများ
ဂန့်ဂေါမြို့နယ်တွင် ခေတ္တနေထိုင်သူ၂ဦးတို့သည် Home Quarantine 2 weeksစောင့်ကြည့်နေစဉ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်လို့ အရေးယူ ထောင်ဒဏ်၃လစီချမှတ်

Leave a Reply