9372

ပို့ကုန်ပဲများ အပါအဝင် ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးဖြင့် တည်ငြိမ်နေ

ရွှေမန်း

ပြည်တွင်းပဲကုန်သည်များ၏ စောင့်ကြည့်ဝယ်ယူနေတာကြောင့် ပို့ကုန်ပဲများအပါအဝင် ပဲ၊နှမ်း ဈေး ကွက်တစ်ခုလုံး အမြင့်ဈေး အတိုင်း တည်ငြိမ်နေကြောင်း ပဲကုန်သည်များထံကသိရသည်။

ဇွန် ပထမ သီတင်းပတ်တွင် ပြည်တွင်း ရွှေဈေး၊ငွေလဲ လှယ် နှုန်း များကို စောင့်ကြည့်နေသည့် အခြေအနေကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးမှာ အပြောင်းအလဲ မရှိ အမြင့်ဈေးတန်းဖြင့်တည် ငြိမ်နေခြင်းဖြစ်သည်။

ပြည်တွင်းပဲ၊နှမ်းဈေးကွက် မှာ ပို့ကုန်ပဲများ အမြင့်ဈေး အတိုင်းရှိနေသလို ပြည်တွင်းသုံး ကုလားပဲအုပ်စု ၊ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ထူးထူးခြားခြား ဈေးနှုန်း အပြောင်းအလဲ မရှိ တည်ငြိမ်နေသော်လည်းအရောင်း သမား ၊အဝယ်သမား နှစ်ဖက် စောင့်ကြည့်နေတာကြောင့် အရောင်းအဝယ် ခပ်အေး အေးဖြစ် ကြောင်း၊ ဆီထွက်သီး နှံများဖြစ် သည့် နှမ်းမျိုးစုံ နှင့်မြေပဲဆန်မှာ ဈေးကျဆင်း နိုင်ခြင်းမရှိဘဲ အရောင်းအဝယ် ကောင်းနေကြောင်းမန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ ပြည်တွင်း ပဲဈေးကွက်မှာ ဝယ်လိုအားရောင်းလိုအားကို စောင့်ကြည့်နေတဲ့ အခြေအနေ ဆိုတော့ ပဲ၊နှမ်းဈေးကွက်မှာ ဈေးတည်ငြိမ်နေတယ်။ အရောင်း အဝယ်ကတော့ခပ်အေး အေးဖြစ် နေပါတယ်။ ပဲမျိုးဈေးကွက်မှာ ထူးထူးခြားခြားဈေးနှုန်း အပြောင်းအလဲမရှိဈေးတည်ငြိမ် နေပါတယ်။ပြည်တွင်းသုံး ကုလားပဲဈေးတွေလည်း ဈေးငြိမ် နေပေမယ့်နှမ်းမျိုးစုံ ပေါက်ဈေး တွေဈေးကောင်းနေပါတယ်။ မြေပဲအနီလုံးဆန်ထိပ်စတစ်ပိဿာ ငွေကျပ်၇၈၀၀-၈၀၀၀တန်တွေ ကတော့တရုတ်လိုင်း အဝယ် ကောင်းနေပါတယ်။နောက် တရုတ်လိုင်း ဝယ်တာကျန်တဲ့ မြေပဲဆန်တွေကိုတော့ h ပြည် တွင်း စက်ပိုင်တွေ အဝယ်ရှိနေ ပါတယ်။ မြေပဲဆန် ဈေးကတော့ ဈေးကျဆင်းစရာ မရှိပါဘူး။´´ ဟု၎င်းကပြောသည်။

ဇွန် ၅ ရက်တွင် ပို့ကုန်ပဲ များ ဈေးတည်ငြိမ်နေရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ ပဲစင်းငုံတစ် အိတ်လျှင်ငွေကျပ် ၄၂၅၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ် လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၉၃၀၀၀ ပေါက်ဈေးဖြင့်ဈေးမြင့်တက်လာ သည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဆက်လက်ဈေးပြန် မြင့်တက်လာရာ ဇွန် ၅ ရက် တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာ တရုတ်လိုင်းအဝယ်ကောင်း သည့်ပဲအချို့ဈေးမြင့်တက်လာ သော်လည်း ကျန်ပဲများ ပုံမှန် အရောင်းအဝယ်ပုံမှန်သာရှိနေ ရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၅၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၂၇၅၀၀၀၊ ပေါက် ဈေး ရှိနေပြီး မြေပဲ အနီ လုံးဆန်တစ်ပိဿာလျှင် ငွေကျပ် ၇၄၀၀ ပေါက်ဈေး ရှိနေသည်။

ဇွန် ၅ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ်၄၇၅၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.