အသစ်ဝင် ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များ စံချိန်တင်ပေါက်ဈေး ဖြစ်လာ

ရွှေမန်း

အသစ်ဝင်ဂျပန်နှမ်းဖြူနှင့် မြေပဲအနီလုံးဆန်များ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။

ဩဂုတ်လဆန်းပိုင်းကတည်း က ဈေးငြိမ်နေသည့် ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်တက်လာသ လို ပြည်တွင်းသုံးပဲမာလိုင်းနှင့် ကုလားပဲအုပ်စုမှာ လက်ကျန်နည်း လာတာကြောင့် မျိုးစေ့အတွက် မျိုးဝယ်ယူမှုများကြောင့် ပဲပေါက် ဈေးများ မြင့်တက်နေခြင်း ဖြစ် သည်။

ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ယခင်သီတင်းပတ်ထက် ဆက် လက်မြင့်တက်လာသလို ပြည်တွင်း သုံးကုလားပဲအုပ်စုမှာလည်း ဈေး ပြန်မြင့်တက်လာကြောင်း လက်ရှိ မှာ အသစ်ဝင် ဂျပန်နှမ်းဖြူတွေက စံချိန်တင် ပေါက်ဈေး တစ်အိတ် ငွေကျပ် ၄၃၅၀၀၀ထိပေါက်ဈေး ဖြစ်လာကြောင်း လက်ကျန်နည်း လာသည့် မြေပဲလုံးဆန်မှာ တစ် ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော် ထိ စံချိန်တင်ပေါက်ဈေးဖြစ် လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

“ ပြည်တွင်းသုံး ကုလားပဲ အုပ်စု ဆက်လက်ဈေးမြင့်တက် နေပါတယ်။အသစ်ဝင်ဂျပန်နှမ်းဖြူ တွေက စံချိန်တင်မြင့်တက်လာလို့ နှမ်းမျိုးစုံတစ်အိတ် ငွေကျပ် သုံးသိန်းကျော် ဖြစ်လာပါတယ်။ပို့ကုန် မတ်ပဲနဲ့ ပဲစင်းငုံကလည်း ဈေးအနည်းငယ်တက်လာပါ တယ်။ မြေပဲအနီလုံးဆန်ကလည်း လက်ကျန်နည်းလာတော့ တစ် ပိဿာ ငွေကျပ် ၁၀၀၀၀ ကျော်ထိ ဈေးကောင်းလာပါတယ်။ဆီဆန် တွေကတော့ တစ်ပိဿာ ငွေကျပ် ၇၀၀၀ အောက်ခံဈေးဖြစ်နေပါ တယ်´´ ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၇ ရက်တွင် သုံး တင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ် အိတ်လျှင် ငွေကျပ် ၂၃၇၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၃၄၀၀၀ (ရောင်း)၊ ၃၃၅၀၀၀(ဝယ်)သာ ပေါက်ဈေးဖြစ်လာသည်။ ပဲတီ စိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၆၉၀၀၀ ပေါက်ဈေးရှိတော့ သည်။

ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ပို့ကုန်ပဲ မဟုတ်သော် လည်း လက်ကျန်နည်းလာတာ ကြောင့် ဩဂုတ် ၁၇ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ခန့် ဆက်လက်ဈေးပြန်မြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ V7တစ် အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေး ဖြစ်လာသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၃၇၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်ငွေ ကျပ် ၂၃၅၀၀၀ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၁၀၂၀၀ ပေါက်ဈေးရှိကြောင်း သိရ သည်။

နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် အနည်းငယ် ဈေးပြန်တက်လာရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၃၅၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၈၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.