ရွှေမန်း
Nongwoo Seed Myanmar မှ တင်သွင်းဖြန့်ချိသော ဖရဲမျိုးသစ်များကို တောင်သူများ ရွေးချယ်စိုက်ပျိုးလာကြောင်း အဆိုပါမျိုးစေ့ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ကိုချမ်းချမ်းက ပြောသည်။
မြန်မာဖရဲစိုက်တောင်သူ များသည် တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် စိုက်ပျိုးစရိတ် လျှော့ချနိုင်ရန်နှင့် တင်ပို့ရာတွင် စီးပွားရေးတွက်ခြေကိုက်ရန် အတွက် ဈေးကွက်အကြိုက် ဈေး ရရှိမှုကောင်းစေရန် အထွက်နှုန်း မြင့်မားသည့် ဖရဲမျိုးသစ်များကို ယခုနှစ်တွင် ပြောင်းလဲစိုက်ပျိုး လာရာ Mekong 709 အကျား သီး၊ Black Jade 115
အမည်းသီး၊ Yellow King 125 အမည်းသီး အတွင်းသား အဝါမျိုးများဖြစ် သည်။
Mekong 709အကျားသီး မှာ စိုက်ပျိုးပြီး ၅၅-၆၀ရက် အတွင်းဆွတ်ခူးနိုင်ပြီး အသီး အလေးချိန် ၄-၆ ကီလိုဂရမ် ရှိကာ တစ်ပင်လျှင် နှစ်လုံးယူ နိုင်သည်။ အသီးပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီး အတွင်းသားမှာ အနီ ရောင် ဖြစ်သည်။
Black Jade 115 အမည်းသီးမှာ စိုက်ပျိုးပြီး ၅၈-၆၂ ရက်တွင် ဆွတ်ခူးနိုင်ပြီး အလေးချိန်မှာ ၄-၅ ကီလိုဂရမ်ရှိကာ တစ်ပင် လျှင် နှစ်လုံးယူနိုင်သည်။ အသီး ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီးအတွင်း သားမှာ အနီရောင်ဖြစ်သည်။
Yellow King 125အမည်း သီးမှာ စိုက်ပျိုးပြီး ၅၀-၆၀ ရက် သားတွင် ဆွတ်ခူးနိုင်ပြီး အသီး အလေးချိန် ၃-၄ကီလို ဂရမ်ရှိပြီး တစ်ပင်လျှင် နှစ်လုံးယူနိုင်သည်။ အသီးပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်ပြီး အတွင်းသားမှာ အဝါရောင် ဖြစ် သည်။
ပြည်တွင်းဈေးကွက်အတွက် တစ်ပင်လျှင် နှစ်လုံးယူနိုင်ပြီး ပြည်ပဈေးကွက်အတွက်ဆိုလျှင် တစ်ပင်လျှင် တစ်လုံးသာ ယူသင့် ကြောင်း အကြံပြုထားသည်။
ဖရဲမျိုးသစ်များမှာ မြန်မာ နိုင်ငံရာသီဥတုနှင့်အထူးကိုက် ညီမှုရှိပြီး ရောဂါပိုးမွှားဒဏ်ခံနိုင် ရည်မြင့်မားသည့် F1 မျိုးသစ် များဖြစ်ကြောင်း သိရသည်။
FlashNews:
5526
ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းလာနိုင်သည့် ငရုပ်စျေးကွက်
အတက်အကျဈေး မတည်ငြိမ်သော်လည်း အရောင်းအဝယ်ကောင်းနေသည့် နှမ်းနက်ဈေးကွက်
ဘယ်သူတွေ တီဘီရောဂါ ဖြစ်နိုင်ခြေပိုများသလဲ
တီဘီရောဂါလက္ခဏာများ
ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ
နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
သတင်းများ
အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့်ဖရဲမျိုးသစ်များကို တောင်သူများရွေးချယ်စိုက်ပျိုးလာ

Leave a Reply