မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံ​ငွေဖြင့် ထောပတ်ခြံများကို ပိုးမွှားစစ်တမ်းသုတေသနဆောင်ရွက် မည်

ရွေမန်း

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ထောပတ်ခြံများကို ရွေးချယ်ပြီး ပိုးမွှားစစ်တမ်းသုတေသနကောက်ယူမှုကို တစ်နှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ ဒုဥက္ကဌ ဦးမျိုးညွှန့်က ပြောကြားသည်။

အဆိုပါ ပိုးမွှားစစ်တမ်းသုတေသနကောက်ယူမှုကို မြန်မာနိုင်ငံစိုက် ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲတို့မှ ပညာရှင်များနှင့် ပူး ပေါင်းပြီး ပိုးထောင်ခြောက်များကို ထောပတ်ခြံများအတွင်း ချိတ်စွဲ ခြင်းကို မေလပထမပတ်မှစ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထောပတ်တွင် အဓိကသီးထိုးယင်နှင့် အခြားဖျက်ပိုးများကို ထောင်ခြောက်ဖြင့် ထောင်ဖမ်းခြင်းများ ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေ ရာတွင် တိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ်တွင် နှစ်ခြံ၊ ရှမ်း ပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နှစ်ခြံ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးတွင် နှစ်ခြံ စသည့်ခြံများသို့ ပိုးထောင်ခြောက် များဆောင် ရွက်ပြီး ပိုးမွှားစစ်တမ်းသုတေသနကောက်ယူဆောင်ရွက်နေကြောင်း သိရသည်။

” လောလောဆယ်မှာတော့ သီးထိုးယင်ပိုး တော်တော်များများ ဖမ်း မိထားတယ်။ ထောပတ်ခြံတစ်ခြံမှာ သီးထိုးယင်ဘယ်ရာသီမှာအများ ဆုံးလာသလဲ။ ဘယ်ရာသီကအနည်းဆုံးလဲ၊ ဘယ်ရာသီမှာ ဒီပိုးကို သတ်ရင်ထိရောက်မလဲ။ အဲဒါတွေကို သုတေသနလုပ်ဖို့ ပိုးကောင် ရေအနည်းအများသိရအောင်လို့ တစ်နှစ်ပတ်လုံး ပိုးထောင်ခြောက် တွေဆောင်ရွက်လုပ်တာပါ။ ပျံ့ပွားလွယ်တဲ့ ပိုးမျိုးကင်းရှင်းတယ်ဆို ရင် ပြည်ပပို့ကုန်အနေနဲ့ တင်သွင်းလို့အဆင်ပြေတာပါ။ ၁၅ ရက်တ ကြိမ် ဒီပိုးတွေကို ထုတ်ရမှာပါ။ ဖမ်းထားတဲ့ပိုးတွေကို စာအိတ်ထဲ ထည့်ပြီး သီးနှံကာကွယ်ရေးဌာနခွဲ(ရန်ကုန်)ကိုပို့ရမှာပါ။ သူတို့ဓာတ် ခွဲမယ်၊ ပိုးကောင်ရေ၊ ပိုးအမျိုးအစားခွဲမယ်။ ပထမအဆင့်က ပိုးမွှားစု ဆောင်းတာအရင်လုပ်ရမှာပါ။ ပိုးအမျိုးအစားအလိုက် ဘယ်လိုဆေး မျိုးနဲ့ နှိမ့်နင်းရမလဲဆိုတာမျိုးကို ခွဲခြားစိတ်ဖြာနိုင်အောင်လို့ ခုလိုမျိုး စပြီးစုဆောင်းနေတာဖြစ်ပါတယ်” ဟု ၄င်းက ရှင်းပြသည်။

ထိုသို့ ပိုးမွှားစစ်တမ်းသုတေသနလုပ်ဆောင်သည့်အတွက် ထော ပတ်သီးတွင် မည်သည့်ပိုးများရှိပြီး၊ ယင်းဖျက်ပိုးများက လက်ခံနိုင် သည့် ဖျက်ပိုးဟုတ်မဟုတ်နှင့် မဟုတ်ပါက မည်သို့နှိမ်နှင်းရမည်ဖြစ် ကြောင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သုတေသန အစီစဉ်သည် တရုတ်နိုင်ငံသို့ Export ပို့ရန်အတွက်မဟုတ်ပဲ၊ တ ခြားနိုင်ငံဈေးကွက်အတွက်ပါ အရေးကြီးကြောင်း၊ ယင်းတို့အတွက် ယခုချိန်မှစပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီစေရန်စတင်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.