ရွှေမန်း

မန္တလေးမြို့တွင် ပထမဆုံး စတင်ရောင်းချသည့် တန်ဖိုးနည်း ၅၀၀ တန် ထမင်းဆိုင်နှစ်ဆိုင်လုံး အလှူ ပေါ် လာသဖြင့် အခမဲ့ကျွေးမွေးလှူဒါန်းခဲ့ ကြောင်းသိရသည်။ အခြေခံ ၀င်ငွေနည်း ပြည်သူများ အတွက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ရောင်းချမည့် တန်ဖိုးနည်း ကျပ် ၅၀၀ ထမင်းဆိုင် နှစ်ဆိုင်ကို မဟာအောင်မြေ မြို့နယ် ၃၇ (A)လမ်း ၊၆၀x၆၁လမ်းကြား ရွှေဘုန်းလူငယ်ပရဟိတအသင်း နှင့် ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့်၉၀ လမ်းထောင့် မိဘမေက္ကာ မာလာဟင်း ဆိုင် တို့တွင် စတင်ဖွင့်လှစ်ရောင်းချ ရာ အလှူရှင်များက လာရောက်လှူဒါန်းမှု ရှိတာကြောင့် အခမဲ့ကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ရွှေဘုန်းလူငယ်ပရဟိတ အသင်းအနေဖြင့် လူငယ်များစုပေါင်းပါ၀င်ပြီး လုပ်အား ငွေအားဖြင့် တန်ဖိုးနည်း ထမင်းရောင်းချခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့ မှ စတင်ရောင်းချရန် စီစဉ်ဖွင့်လှစ်ခဲ့သော်လည်း အလှုရှင် ပေါ်လာတာကြောင့် အခမဲ့ကျွေးမွေးခဲ့ကြောင်း ၊လူ ၁၅၀-၂၀၀ ခန့် အတွက် ကျပ် နှစ်သိန်းခန့် ကုန်ကျ ကြောင်း အသင်းသားတစ်ဦးကပြောသည်။“ အသင်းအနေနဲ့ ၀င်ငွေနည်းပြည်သူတွေ အဆင်ပြေစေဖို့ တက်နီုင်သလောက် တစ်ပတ် ၃ ရက်လောက် ရောင်းချပေးတာပါ။ ရက်ကွက်ဓမ္မရုံမှာ အခြေပြုချုပ်ပြုတ်ရတာဖြစ်လို့ အဆင်ပြေရင် ပြေသလိုက် လုပ်အားဒါန ငွေအားနဲ့ တစ်ပတ် ကို ၃ ရက်ရောင်းချသွားဖို့ ရှိပါတယ်။ ဒီနေ့တော့ အလှူရှင်ပေါ်လာတာနဲ့ မရောင်းချပဲ အခမဲ့ ကျွေးဖြစ်သွားတာပါ။ဒီနေ့တော့ လူ ၁၅၀-၂၀၀ ခန့်ကို ကျပ် ၂၀၀၀၀ ခန့်ကုန်ပါတယ်။ အလှူရှင် မရှိတဲ့ ရက်တွေမှာတော့ အသင်းက စိုက်ထုတ် ရောင်းချသွားမှာပါ” ဟု ရွှေဘုန်းလူငယ် အသင်းသား ကိုစည်သူ ကပြောသည်။အလားတူ ချမ်းအေးသားစံ မြို့နယ် အတွင်းရှိ မိဘမေတ္တာဆိုင်မှ စတင်ရောင်းချမည့် အစီအစဉ်တွင်လည်း အဆိုတော် စစ်ပိုင်ထက်(ဆမ်ဆမ် )က နှစ်ရက်တာ အတွက် ကျပ် လေးသိန်း ကုသိုလ်ပြု လှူဒန်းတာကြောင့် အခ့မဲ့ ကျွေးမွေးခဲ့ကြောင်းသိရသည်။မန္တလေးမြို့တွင် တန်ဖိုးနည်း ကျပ် ၅၀၀ ဖြင့် ရောင်းချသည့် ထမင်းများတွင် ယနေ့စတင်ရောင်းချရာ လာရောက် ၀ယ်ယူ စားသုံးရန်လာကြသူများမှာ အလှူရှင်များကြောင့် အခမဲ့စားသောက်ခဲ့ရကြောင်း လမ်း ၆၀ ပြည်ကြီးမျက်ရှင်ကား၀င်းမှ ယဉ်နောက်လိုက် တစ်ဦးက ပြောသည်။“ ယာဉ်ထွက်တဲ့နေ့တွေ မဟုတ်ရင်ကား၀င်းနားက ထမင်းဆိုင်တွေ မှာ ၀ယ်စားနေရတာပါ။ ဒီနေ့တော့ ကျပ် ၅၀၀ တန် ရောင်းမယ်ဆိုလို့လာစားတာပါ။ အလှူရှင်ရှိလို့ အခမဲ့စားခဲ့ရပါတယ်” ဟု ၄င်းက ပြောသည်။၀င်ငွေနည်းပြည်သူများ အဆင်ပြေစေရန် တန်ဖိုးနည်း အ၀စား ထမင်းတစ်နပ် အတွက် ကျပ် ၅၀၀ ဖြင့်ရောင်းချ ပေမည့် အဆိုပါနေရာများတွင် လူ ၁၅၀ စာခန့် ကျပ် နှစ်သိန်းခန့်ကုန်ကျငွေ အလှူရှင်များအနေဖြင့် လာရောက် လှူဒန်းနိုင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.