ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး


မင်းမင်းအောင်(စလင်း)

”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”…..

      ညကအောက်စီဂျင်စက်ရုံလည်ပေးနေရလို့

(၃)နာရီလောက်မှ…အိပ်ရာဝင်ခဲ့ရတယ်။ဖုန်းမြည်သံကြားလို့…ခေါင်းထဲကမကြည်မလင်..အိပ်ချင်မူးတူးနဲ့…ဖုန်းကိုင်လိုက်တော့…..”ဟလို…စလင်းကြက်ခြေနီကလားရှင့်”…”ဟုတ်…အမိန့်ရှိ..ပါ..ခင်ဗျ”
”ကျွန်မတို့ဆေးရုံ….သီးသန့်လူနာထားတဲ့
အခန်းထဲက…ကိုဗစ်ရောဂါနဲ့…တစ်ယောက်…ဆုံး…သွားလို့ပါ…ရှင့်”….
”အဲဒါ…မီးသင်္ဂြိုလ်ပေး..ဖို့…အကြောင်းကြားတာပါ…ရှင့်”
”ဘယ်အချိန်..လောက်..သင်္ဂြိုလ်ပေးနိုင်မလဲ…ရှင့်”…”ကာယကံရှင်တွေကို…အကြောင်းကြားရဦးမှာ…မို့ပါရှင့်”
”ဟုတ်..ဆရာမ..မြို့နယ်ကြက်ခြေနီ.တပ်ဖွဲ့မှူးနဲ့…တိုင်ပင်ပြီး…အကြောင်းပြန်ပေးပါ့မယ်…ခင်ဗျ”

         ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့သူတွေကိုမီးသင်္ဂြိုလ်ဖို့အတွက်က...မီးသင်္ဂြိုလ်စက်ကတာဝန်ရှိသူတွေကို..ဦးစွာ.သတင်းပို့ရပါတယ်။အခြားမီးသင်္ဂြိုလ်မဲ့...မြို့ပေါ်ရပ်ကွက်အသီးသီးက...သေဆုံးသူတွေနဲ့တိုက်ဆိုင်မှုတွေဖြစ်မနေအောင်ချိတ်ဆက်မှုတွေလုပ်ရတာပါ။ပြီးတော့အခမဲ့..လိုက်ပါကူညီပို့ဆောင်ပေးမဲ့..မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဆောင်တဲ့ကြက်ခြေနီစေတနာလုပ်အားရှင်..တွေနဲ့တိုင်ပင်ပြီးနံနက်(၈)နာရီတွင်မီးသင်္ဂြိုလ်ပေးမှာဖြစ်ကြောင်း...ဆေးရုံမှတာဝန်ရှိသူတွေကိုအကြောင်းပြန်လိုက်ပါတယ်။

            ကျွန်တော်တို့မြို့လေးမှာ.ကိုဗစ်(၁၉,)..ပထမလှိုင်းမှာရိုက်ခတ်မှုမခံခဲ့ရပေမဲ့...ဒုတိယလှိုင်း၊တတိယလှိုင်းတွေမှာပြင်းပြင်းထန်ထန်ရိုက်ခတ်မှုတွေ..ခံလိုက်ကြရပါတယ်။ကိုဗစ်(၁၉)ဒုတိယလှိုင်းကျွန်တော့တို့မြို့လေးကို..စ..ပြီးဝင်လာတော့...အကြောက်တရားတွေကြီးစိုးပြီး

ပိုးတွေ့လူနာတွေကို..ကူညီသယ်ဆောင်ပေးနိုင်မဲ့သူတွေ…မရှိခဲ့ကြပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့..အမျှော်အမြင်ကြီးစွာနဲ့..ကိုဗစ်ရောဂါ.ကူးစက်မှု..ကို..ကာကွယ်နိုင်တဲ့
P.P.Eဝတ်စုံ..ဝတ်ဆင်နည်းတွေကိုအွန်လိုင်းကနေ…သင်တန်းပေးခဲ့ကြပါတယ်။အဲဒီတော့..ရောဂါပိုးကူးစက်သူ၊ထိစပ်သူတွေကိုကူညီသယ်ဆောင်ဖို့အတွက်
ကျွန်တော်တို့ကြက်ခြေနီတွေကပဲ…လိုအပ်ချက်အရတာဝန်ယူ.ခဲ့ကြရပါတယ်။..ပိုးတွေ့လူနာတွေ၊ထိစပ်သူတွေကို…သီးသန့်ထားတဲ့ဆေးရုံနဲ့စင်တာတွေကို..ကူညီပို့ဆောင်ပေးရုံမကပဲ…ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့နေအိမ်တွေမှာ…ပိုးသတ်ဆေးဖြန်းပေးတဲ့ကိစ္စတွေကိုပါ…တာဝန်ယူကူညီနိုင်ခဲ့ကြပါတယ်။

         စေတနာဝန်ထမ်းမလုံလောက်တဲ့..ရန်ကုန်မြို့ကြီးအတွက်..မကွေးတိုင်းကြက်ခြေနီကိုယ်စားပြု..သွားခဲ့ကြရတဲ့အချိန်မှာလည်း..ကျွန်တော်တို့မြို့လေးက..လေးဦးစေလွှတ်ကူညီနိုင်ခဲ့ကြပါတယ်။ကိုဗစ်ကာလမှာ...ထဲထဲဝင်ဝင်...ထိထိရောက်ရောက်ကူညီနိုင်ခဲ့ကြရလို့...ကိုဗစ်ကူးစက်ခံရတဲ့သူတွေရဲ့..ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေ...စိတ်ပိုင်းဆိုင်ရာ..ဒဏ်ရာတွေကို

သိမြင်လာပြီးကိုယ်ချင်းစာတတ်လာခဲ့ပါတယ်။

          ကိုဗစ်ရောဂါ..ကူးစက်ခံရလို့..မိသားစုနဲ့

အတူမနေရတဲ့…ဆင်းရဲဒုက္ခ..အခုလို.ကိုဗစ်ရောဂါနဲ့…ဆုံးပါးသွားလို့..ပူဆွေးရတဲ့..ဆင်းရဲဒုက္ခ..တွေနဲ့..သောက.အပူမီးတွေ.ဆင့်ကဲဆင့်ကဲ.လောင်နေလိုက်ကြတာ….။ဒီကြားထဲ…ကိုဗစ်ရောဂါပိုးကြောင့်သေဆုံးခဲ့ရင်…ရောဂါပိုးကူးစက်မှုတွေဖြစ်လာနိုင်လို့.အကြောက်တရားတွေနဲ့..ဘယ်သူမှမကိုင်ရဲ..သင်္ဂြိုလ်ပေးရဲတဲ့သူက..မရှိ။ဒုက္ခဆင်းရဲတွေတစ်ပုံကြီးဖြစ်နေတဲ့..သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုလျော့ချပေးရမဲ့..ကျွန်တော်တို့ကြက်ခြေနီတွေရဲ့..ရည်ရွယ်ချက်နဲ့အညီ..လိုအပ်ချက်တစ်ခုအရကျွန်တော်တို့..ကြက်ခြေနီ..စေတနာဝန်ထမ်းတွေ..အနေနဲ့ရောဂါပိုးကူးစက်ခဲရသူတွေ..ထိစပ်တွေကိုသယ်ယူပို့ဆောင်ရေးလုပ်ပေးဖို့တင်မကတော့ပဲ..ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို..အန္တရာယ်ကင်းစွာနဲ့မီးသင်္ဂြိုလ်ပေးဖို့အတွက်ပါကူညီကြရပါတော့တယ်။ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို…မီးသင်္ဂြိုလ်ဖို့အတွက်.P.P.E..ဝတ်စုံတွေ..ဝတ်ပြီးကိုင်တွယ်ထုတ်ပိုးမှုတွေ..ပြုလုပ်ကြရလို့မိသားစုတွေမှာ…ကိုင်တွယ်ထိတွေ့ခွင့်တွေ..မရကြ..တဲ့အပြင်…သေဆုံးသူအလောင်းကို..ဆေးအထပ်ထပ်ဖြန်းပြီးစနစ်တကျ..လုံခြုံအောင်ထုတ်ပိုးကြရတာမို့..မျက်နှာလေးတောင်..ကြည့်ခွင့်မရတဲ့…အဖြစ်။အားရပါးရ…ဖက်ပြီး..ငိုခွင့်မရတဲ့အဖြစ်….။သူတို့လေးတွေရဲ့..စိတ်ထဲမှာထိခိုက်စွာခံစားနေရတဲ့..စိတ်ဒဏ်ရာတွေကိုလည်း…စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေပြုလုပ်ပေးကြရပြန်ပါတယ်။
ကျွန်တော်တို့မြို့လေးမှာတော့…ဒုတိယလှိုင်း၊တတိယလှိုင်းနဲ့ခု..မျိုးဆက်သစ်..”အိုမီခရွန်”..ကာလတွေမှာရောဂါပိုးကူးစက်ခံရသူနဲ့သေဆုံးသူတွေကို..ထိတွေ့ကိုင်တွယ်ကြရတဲ့..စေတနာဝန်ထမ်းအဖွဲ့..ကတော့
ကျွန်တော်တို့ကြက်ခြေနီတွေပဲရှိကြပါတယ်။
”မလိုအပ်ပဲ..အင်အားမသုံးပါနဲ့”
ဆိုတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့..အမှာစကားကြောင့်…ကျွန်တော်တို့..စလင်းကြက်ခြေနီအနေနဲ့…ကိုဗစ်ရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေကို.ထိတွေ့ကိုင်တွယ်ဖို့…မိမိဆန္ဒအလျှောက်..
စေတနာဝန်ထမ်းဖို့…ဆန္ဒပြုကြတဲ့သူတွေထဲက…လေးဦးကိုရွေးချယ်…ပြီးထိထိရောက်ရောက်…ကူညီ.နိုင်.ခဲ့ကြ..ပါတယ်။

             တတိယလှိုင်းမှာ...ရောဂါကူးစက်မှုတွေကများ...သေဆုံးသူတွေကလည်း..မနည်းဘူးဆိုတော့...ကျွန်တော်တို့လေးယောက်လဲ...အသင့်အနေအထားနဲ့(P.P.Eဝတ်ရင်အဆင်သင့်ဖြစ်အောင်လို့)ဘောင်းဘီတို..လယ်ရှည်ဖိနပ်နဲ့...နေ..နေကြရလို့

မြို့သူမြို့သားတွေက…ချစ်စနိုးနဲ့အမည်ပေးထားခြင်းကိုခံလိုက်ကြရပြန်ပါတယ်…”စလင်းတွတ်ပီ…လေးယောက်”..တဲ။တတိယလှိုင်းမှာအောက်စီဂျင်လိုအပ်မှုတွေများခဲ့လို့…နောက်နောင်မဖြစ်ရအောင်ဆိုပြီး…မြို့မိမြို့ဖများရဲ့ကြိုးပမ်းအားထုတ်မှု၊ကြောင့်အောက်စီဂျင်စက်ရုံတစ်ခုဆောက်လုပ်သုံးစွဲခွင့်ရလာတော့လည်းကျွန်တော်တို့စလင်းတွတ်ပီတွေ…ကပဲတာဝန်ယူ…လည်ပတ်ပေးနေ..ရ..ပြန်ပါတယ်။
”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….အတွေးတွေထဲ…နစ်မြောပြီး
ပြုံးမိနေတုန်း….ဖုန်းဝင်လာလို့..နီတည်လိုက်တော့….မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး
ဆီက…ဖုန်း။”ဟယ်လို…ဟုတ်…တပ်ဖွဲ့မှူး
..အော်…ဟုတ်ကဲ့…ဟုတ်ကဲ့…အခုထွက်ခဲ့ပါမယ်….ခင်ဗျ”…..
”အိုမီခရွန်”…ကူးစက်ခံရပြီး…သေဆုံးတဲ့…အသက်အငယ်ဆုံး…မိန်းကလေးရဲ့..
အလောင်းကို….မီးသင်္ဂြိုလ်ပေးရဖို့…
ဆေးရုံကို…”စလင်းတွတ်ပီလေးယောက်”
သွားခဲ့ကြရပြန်ပါတယ်။
”အမေကမရှိတော့ဘူး”….”မွေးချင်းငါးယောက်”…”အကိုလေးယောက်ရဲ့အငယ်ဆုံးညီမလေး”..တဲ့။…တစ်ဦးတည်းသောညီမလေးမို့အကိုတွေကဘယ်လောက်တောင်ဝိုင်းပြီးချစ်ကြမလဲ။.မိသားစုထဲမှာတစ်ယောက်ထဲသောမိန်းကလေး…..မို့
ဘယ်လောက်များတန်ဖိုးထားလိုက်ကြမလဲ။ရက်စက်လိုက်တာ…ကိုဗစ်ရယ်။
”အမည်က…..မစုပုံချစ်”….”အသက်က(၂၁)နှစ်”…..”နေရပ်က… ”…….”ရွာ။
ဟောဗျာ..ရွာက….မြို့နဲ့နီးနီးလေး။
”သူ..ငယ်ငယ်လေးထဲက…အမေကဆုံးသွားတာ”။အော်..ကံကြမ္မာရယ်လုပ်ရက်လိုက်တာ။.”မိတစ်ဆိုးလေးဆိုတော့
ဝိုင်းပြီးချစ်လိုက်ကြတာ”…”အလိုလိုက်ချက်ကလည်းမျက်နှာတစ်ချက်အညိုးမခံကြဘူး”…တဲ့။ဟော..အဲ့လိုကျတော့လည်း…လောကကြီးက…
မျက်နှာသာပေး..ပြန်ရော။
ကောင်မလေး…ငယ်ငယ်လေးကတည်းက….နှလုံးရောဂါသည်လေး
ဖြစ်နေပေမဲ့…ပုံမှန်စားရမဲ့ဆေးတောင်
သူတို့ညီမလေးမစားချင်ရင်…စိတ်ဆင်းရဲမှာစိုးလို့…..မကျွေးခဲ့ကြဘူး…ဆိုပဲ။
နှလုံးရောဂါကို…စနစ်တကျ…ကုသမှုမလုပ်ခဲ့လေတော့….ရောဂါမွေးထားသလိုဖြစ်နေတာ…ကို…အချစ်ကြီးချစ်ကြတဲ့…
မိသားစုတွေ..သတိမထားမိခဲ့ဟန်တူပါသည်။ကိုဗစ်(၁၉)မျိုးဆက်သစ်
”အိုမီခရွန်”ကူးစက်ခံနေရပြီလို့ယူဆမိကြပေမဲ့…..သူတို့ညီမလေးရဲ့…စိတ်ချမ်းသာမှုကိုရှေးရှုပြီး…ဆေးရုံဆေးခန်းတွေမှာ
စနစ်တကျကုသမှုတွေ…ပြုလုပ်ဖို့…
ပျက်ကွက်ခဲ့ကြပြန်တယ်။”အိုမီခရွန်
က..မပြင်းထန်ပါဘူးသာမန်ရာသီတုတ်ကွေးလိုပဲ….သူ့ဘာသာသူ…သက်သာသွားမှာ”….လို့လဲ…ပါတ်ဝန်းကျင်မှာပြောဆိုနေကြ….တာ…ကို။”မနေ့ကမှ…
အသက်ရှူတွေကျပ်…အောက်စီဂျင်တွေကျ…ပြီးအမောဖောက်နေလို့….ဆေးရုံကိုပို့လိုက်ရတာ…ဒီနေ့မနက်စောစောမှာ…ဆုံးသွားတာ”။ကျန်းမာရေးအသိတွေနည်းပြီး…နောက်ဆုံးအချိန်တွေ…မှဆေးရုံကိုရောက်လာ….တော့…ဆရာဝန်တွေသူနာပြုတွေအစွမ်းကုန်ကြိုးစားကြပေမဲ့
အချိန်မမီတော့…လက်လျော့လိုက်ကြရတာပေါ့။ဒီကြားထဲ….ပြောလိုက်ကြသေးတယ်…”ဆေးရုံရောက်ရင်…သေတာပဲ”…တဲ့။

ကျွန်တော်တို့…အဖွဲ့တွေ..P.P.Eဝတ်စုံတွေ
ဝတ်ပြီး…ကိုဗစ်လူနာသီးသန့်ထားတဲ့..အခန်းထဲကိုဝင်ပြီး…သေဆုံးသူ
ရဲ့အလောင်းကို…ဆေးအထပ်ထပ်ဖြန်း…
စနစ်တကျအထပ်ထပ်ထုတ်ပိုးပြီး…
ဆေးရုံမှလူနာတင်ယာဥ်တစ်စီး၊ကြက်ခြေနီလူနာတင်ယာဥ်နှစ်စီးတို့နှင့်ဆေးရုံမှမီးသင်္ဂြိုလ်စက်ရှိရာသို့…ထွက်ခွာခဲ့ကြပါတယ်။လမ်းတစ်လျောက်မှာအရေးပေါ်လူနာတင်ယာဥ်ရဲ့အမှတ်အသားအသံ
”တီးတောင်..တီးတောင်…တီးတောင်”
နဲ့သုံးစီးပြိုင်ဖွင့်ပြီး…ဖြေးဖြေးချင်းမောင်းနှင်ခဲ့ကြပါတယ်။ဒီအသံတွေကြားတဲ့သူတိုင်း…ရောဂါတွေကူးစက်နေကြတုန်းပါ…
သေဆုံးသူတွေရှိနေဆဲပါ…နောက်ဆုံးခရီးမှာ..ဒီလိုအဖြစ်ဆီုးမျိုးတွေမဖြစ်ရလေအောင်…ကျန်းမာရေး..အသိရှိကြပါ…လို့
ကျွန်တော်တို့သတိပေးနေကြတာပါ။
”မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်”
ဆိုတဲ့စကားပုံအတိုင်းသာဆိုရင်…
ကွန်တော်တို့…အခေါက်ပေါင်းများစွာမီးသင်္ဂြိုလ်ပေးခဲ့ကြရလို့…ကုသိုလ်တွေမနည်းတော့ပါဘူး…သံဝေဂ…တွေလည်းရလှပါပြီ။
မီးသင်္ဂြိုလ်စက်ရောက်တော့…
ငိုလိုက်ကြတဲ့.ဗမွးချင်းတွေ…အကိုတွေ..
တိုင်နဲ့ခေါင်းနဲ့ဆောင့်သူတွေဆောင့်၊
နံရံကိုလက်သီးနဲ့ထိုးတဲ့သူတွေကထိုး…
ဝမ်းနည်းကျေကွဲနေလိုက်ကြတာ။
သူတို့ညီမလေးကို…သူတို့ကချစ်ခဲ့ကြတယ်လို့..ထင်နေကြပေမဲ့..ချစ်ရာမရောက်
နှစ်..ရာရောက်..သွားတယ်ဆိုတာကိုရော
သိမှသိကြပါ့မလား။
ကိုဗစ်လူနာအလောင်းကို..
ကားပေါ်ကနေ..ချကတည်းကပိုးသတ်ဆေးလိုက်ဖြန်းရပါတယ်။မီးသင်္ဂြိုလ်စက်ထဲကိုအလောင်းထည့်ခဲ့ပြီး
ပြန်ထွက်လာတာနဲ့..အဖွဲ့သားတွေအားလုံးကို..ပိုးသတ်ဆေးနဲ့..ဖြန်းပြီး..P.P.Eဝတ်စုံတွေကို..စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့အတိုင်းချွတ်ပြီး…မီးရပစ်လိုက်ကြပါတယ်။
မီးသင်္ဂြိုလ်စက်က..ထွက်လာတဲ့..မီးခိုးမဲမဲတွေ..ထိုကတဆင့်..မီးခိုးဖြူဖြူတွေ..
တလိမ့်လိမ့်နဲ့…မိုးကောင်းကင်ပေါ်ကို..
လွင့်တက်..သွားနေပါတော့တယ်။အသက်(၂၁)နှစ်အရွယ်သမီးလေး..ရဲ့
ခန္တာကိုယ်ကိုစွဲလောင်နေတဲ့မီးခိုးဖြူဖြူ
တွေ…ကောင်းကင်ယံထက်…တိုးဝှေ့..ထိုး
တက်…ရင်း..နှုတ်ဆက်.ခွဲထွက်…နေပြီလေ။ဒီအသက်အရွယ်လေးတွေက…
အပင်ပေါ်မှာရနံမွှေးမွှေး…မာန.လေးတွေနဲ့
လှသွေးကြွယ်စွာ…ပွင့်ဝေဖြာနေရမဲ့..အချိန်လေးပါ။ခုတော့လည်း..
ကျန်းမာရေးအသိတွေနည်း..ခဲ့ရလို့
မွှေးရနံမဖြာ…မာနတွေခဝါချ..လို့
လွင့်ကြွေကာ…ကျခဲ့ရရှာပေါ့လေ။
.ကိုရိုနာဗိုင်းရပ်(ကိုဗစ်)က..ဘယ်တော့မှ
ပြီးသွားတယ်လို့ရှိမှာမဟုတ်ဘူး….
ဘယ်လိုအတူယှဥ်တွဲနေထိုင်ရမလဲဆိုတာကိုပဲ…လေ့လာသင်ယူနေကြရမှာပါ။
နောက်ထပ်ပန်းကလေးပေါင်းများစွာလည်း…ကိုဗစ်…ချွေလို့..မကြွေ…
ကိုယ်ချစ်တဲ့သူတွေနဲ့..အတူတူနေပြီး
မွှေးရနံတွေနဲ့…ပင်ယံထက်မှာဝေဖြာနိုင်ကြရအောင်….ကျန်းမာရေးအသိ၊ကျန်းမာရေးသတိတွေရှိကြပါ…လို့
တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

Leave a Reply

Your email address will not be published.