ပြည်တွင်းထုတ်သည့်မြေပဲဆီဈေးများ အကျဘက်သို့ ဦးတည်လာ

ရွှေမန်း

ပြည်တွင်းစားသုံးသူဈေးကွက် တွင် ပြီးခဲ့သည့် ဩဂုတ်လနောက် ဆုံးပတ်မှစတင်၍ မြေပဲဆန်ဈေး များကျဆင်းလာခြင်းနှင့်အတူ မြေပဲဆီစစ်စစ်ဈေးနှုန်းများ ကျဆင်းလာပြီး အကျဘက်သို့ ဦးတည်နိုင်ကြောင်း မြေပဲဆီစစ် စစ်ရောင်းချသည့် ဆီစက်ပိုင်တစ် ဦးကပြောသည်။

“အခုချိန်မှာ ပြည်တွင်းဒေသ အသီးသီးက မြေပဲအထွက်များ လာပြီ။ ဈေးကွက်မှာ မြေပဲဆန် ဈေးကျလာတော့ သစ်သားကြိတ် ဆုံနဲ့ ကြိတ်ရောင်းတဲ့ မြေပဲဆီ စစ်စစ်လည်း ဈေးချပေးပါတယ်။ကျနော်တို့အနေနဲ့က မြေပဲဆန် ဈေးကျရင် ဆီဈေးချပေးတယ်။အခြား အရောအနှောဆီတွေ ကတော့ သူတို့ဈေးနဲ့သူတို့ရောင်း ကြမှာပါ´´ဟု ၎င်းက ပြောသည်။

ကြိတ်ဆုံဖြင့် ကြိတ်သည့် မြေပဲဆီစစ်စစ် လက်ရှိပေါက်ဈေး မှာ တစ်ပိဿာ ငွေကျပ် ၁၄၀၀၀ ဖြစ်ရာ ငွေကျပ်တစ်ထောင်ဝန်း ကျင် ဈေးကျဆင်းခဲ့ကြောင်း၊ အချို့စက်များက မြေပဲဆီစစ်စစ် တစ်ပိဿာ ငွေကျပ် ၁၅၀၀၀-၁၆၀၀၀ ဝန်းကျင်ရောင်းချပြီး ရောနှောဆီများမှာ တစ်ပိဿာ ငွေကျပ် ၁၂၀၀၀-၁၃၀၀၀ ဝန်း ကျင်ပေါက် ဈေးရှိသည်။

“မြေပဲဆန်က လာမယ့်လ တွေမှာ ဒီထက်ပိုပြီး ဒေသအစုံ ထွက်တော့မှာဖြစ်သလို တရုတ် ကလည်း ဝယ်လိုအား မရှိသေး တော့ မြေပဲဆန်ဈေး အကျဘက် ရောက်နိုင်တယ်။ မြေပဲဆန်ဈေး တစ်ပိဿာ ငွေကျပ် ၇၈၀၀လောက် တုန်းက ပဲဆီစစ်စစ်တစ်ပိဿာ ၁၆၀၀၀ ဝန်းကျင်နဲ့ ရောင်းတယ်။ပဲဆန်ဈေးအတက်အကျပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိ တယ်´´ဟု ဆက်လက်ပြောကြား သည်။

လက်ရှိမြေပဲဆန်ဈေးနှုန်း များမှာ မြေပဲလုံးဆန်၊ S1ငွေကျပ် ၆၈၀၀-၇၀၀၀ ၊ S1 ဆီဆန် ငွေကျပ် ၆၃၀၀-၆၅၀၀၊ ပြန့်လုံးဆန်အဟောင်း ငွေကျပ် ၇၁၀၀-၇၄၀၀ ပေါက်ဈေးရှိ ကြောင်း၊ ယခင်လကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာငွေကျပ် ၅၀၀ ဝန်းကျင် ဈေးကျဆင်းခဲ့ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.