ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက်လာ

 

ရွှေမန်း

ပို့ကုန်ပဲများ ဈေးမြင့်တက် လာတာနှင့်အတူ အသစ်ဝင် ပြည်တွင်းသုံး ပဲမာလိုင်းများလည်း စံချိန်တင် ဈေးမြင့်တက်လာ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံမှ သိရသည်။

ပို့ကုန်မူဝါဒ အပြောင်းအလဲ ကြောင့် ပို့ကုန်သမားများ အဆင် ပြေလာသလို အိန္ဒိယနိုင်ငံ၏ ပဲ လိုအပ်ချက်နှင့် ဝယ်လိုအား မြင့် တက်လာမှုကြောင့် ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပဲ၊ နှမ်းဈေး ကွက်တစ်ခုလုံး အမြင့်ဈေးများဖြင့် အရောင်းအဝယ်ကောင်းနေပြီး အချို့ပဲများမှာ စံချိန်တင်ဈေးထိ  မြင့်တက်လာသည့် သီတင်းပတ် ဖြစ်လာခြင်း ဖြစ်သည်။

ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ မှာ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဖြင့် ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လာရာ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း ပို့ကုန် ပဲများနှင့်အတူ ပဲမာလိုင်းများ ဖြစ်သည့် ပဲကြီး၊ မြေထောက်ပဲ တို့မှာလည်း ဝယ်လိုအားကောင်း ဈေးမြင့်တက်လာကြောင်း ထို့ အပြင် မြေထောက်ပဲ မှာ တရုတ် ဝယ်လက်နှင့်အိန္ဒိယ ဝယ်လက်တို့ အဝယ်စုံနေတာကြောင့် ယခု သီတင်းပတ်တွင် မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ အထိ စံချိန်တင် ပေါက်ဈေးဖြစ်လာကြောင်း လက်ရှိ ပဲ၊ နှမ်း ဈေးကွက်တွင် အသစ်ဝင် ပဲများ၊ ပို့ကုန်ပဲများ အရောင်း အဝယ်ကောင်းနေပြီး အမြင့်ဈေး တွေဖြစ်နေတာကြောင့် လှောင် လက်သမားများ စောင့်ကြည့် နေရသည့် ပဲ၊နှမ်းဈေးကွက် ဖြစ်နေကြောင်း နှမ်းမျိုးစုံနှင့် မြေပဲဆန်တို့မှာလည်း  အရောင်း အဝယ်သွက်နေကြောင်း ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ပို့ကုန်ပဲတွေအားလုံး အမြင့် ဆုံး စံချိန်တင်ဈေးတွေ ဖြစ်လာ သလို ပြည်တွင်းအသစ်ဝင် ပဲမာ လိုင်းတွေလည်း စံချိန်တင် ဈေး ကောင်းလာပါတယ်။ ပဲစင်းငုံမှာ ဝယ်လိုအားအရမ်းကောင်းနေပြီး  လှောင်လက်သမားများ နောက် ဆုတ်နေရသည့်အခြေအနေဖြစ် ပါတယ်။ ယခု သီတင်းပတ်ထဲမှာ မနက်တစ်ဈေး၊ ညနေတစ်ဈေး အချိန်နှင့်အမျှ ဈေးမြင့်တက်နေ တာပါ။ ဒုတိယ ဈေးကောင်းတာ က မြေထောက်ပဲဖြစ်ပြီး ဇန်နဝါရီ လဆန်းပိုင်းက စတင် ပေါ်လာ သည့် မြေထောက်ပဲမှာ တစ်အိတ် လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက် ဈေးရှိခဲ့ပေမယ့် လက်ရှိတွင်           ငွေကျပ် ၃၆၅၀၀၀ အထိ ပေါက် ဈေးဖြစ်လာပါတယ်။ မြေထောက် ပဲကတော့ တရုတ်ဝယ်လက်နှင့် အိန္ဒိယဝယ်လက် စုံနေလို့ ဈေး ကောင်းလာတာပါ။ အသစ်ဝင် ပဲမာလိုင်းထဲမှာ ပဲထောပတ်နှင့် ပဲကြီးတို့လည်း ဈေးကောင်းလာ ပါတယ်။ပဲနှမ်းဈေးကွက်တစ်ခု လုံးကတော့ လက်ရှိပေါက်ဈေး တွေအတိုင်း ဈေးကျဆင်းစရာ မရှိ ပါဘူး။ ပဲသစ်ရာသီအဝင်ရှိလာ သော်လည်း  လှောင်သမားများ စောင့်ကြည့်နေရသည့်အခြေအနေ ဖြစ်ပါတယ်´´ ဟု၎င်းက ပြော သည်။

ဇန်နဝါရီ ၂၄ ရက်တွင် မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၆၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၅၅၀၀၀ ပေါက်ဈေး ရှိလာသည်။ ပဲတီစိမ်းအညာ တစ် အိတ်လျှင်  ငွေကျပ် ၁၉၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေပြီး ဇန်နဝါရီ ၂၄ ရက်တွင် ကုလားပဲ V2  တစ်အိတ်လျှင် ငွေကျပ် ၃၀၃ယ၀၀၀၊ V7 တစ် အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ၉၂၉  ကုလား ပဲတစ်အိတ်လျှင် ငွေကျပ်  ၂၈၂၀၀၀ ပေါက်ဈေးဖြင့် ဈေး ကျဆင်းသွားသည်။

ပြည်တွင်းသုံး ပဲမာလိုင်း  များမှာ ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၃၂၀၀၀၀၊ ပဲထောပတ်တစ် အိတ်လျှင် ငွေကျပ် ၄၇၅၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ်၃၆၅၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင်  ငွေကျပ်  ၃၅၀၀၀၀၊  ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၆၂ ၀၀၀၊ မြေပဲ အနီလုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၂၀၀-၈၃၀၀ ပေါက်ဈေး မြင့်တက်  လာသည်။

ဇန်နဝါရီ ၂၄ ရက်တွင် နှမ်း ဖြူ(ဂျပန်)၄၅ ပိဿာ တစ်အိတ် လျှင် ငွေကျပ် ၄၀၀၀၀၀၊ နှမ်းညို  တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀ အသီးသီးပေါက်ဈေး ရှိနေကြောင်း  သိရသည်။

Leave a Reply

Your email address will not be published.