တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ထားသော ပဲမျိုးစုံတန်ဖိုး ကျပ်သိန်းပေါင်း သုံးသိန်းကျော် တရုတ်ဗဟိုအစိုးရ သိမ်းယူထား

ရွှေမန်း

မြန်မာ-တရုတ်ကုန်သွယ်မှု အခွန်ဆိုင်ရာ ပြဿနာများကြောင့် မြန်မာကုန်သည်များ၏ ပဲမျိုးစုံ တန်ဖိုးကျပ် သိန်းပေါင်းသုံးသိန်း ကျော်ကို တရုတ်ဗဟိုအစိုးရက သိမ်းယူခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ သားကုန်သည်အချို့ ဖမ်းဆီးခံထား ရကြောင်း သိရသည်။

ဧပြီ ၂၃ ရက်က တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဝမ်တိန်သစ် သီးကွင်းအတွင်းရှိ မြန်မာကုန်သည် များပိုင်ဆိုင်သည့် ပဲမျိုးစုံသိုလှောင် ထားရှိသော ဂိုထောင်များနှင့်တရုတ် ကုန်သည်အချို့ကို ဖမ်းဆီးထိန်း သိမ်းမှုများနှင့်အတူ မြန်မာ၊ တရုတ်ပဲမျိုးစုံကုန်သွယ်မှု ရပ်ဆိုင်း သွားခဲ့ရာ ပြည်တွင်း၌လည်း တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲ၊ နှမ်း အချို့ ဈေးကွက်ကျဆင်းခဲ့ကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။

မြန်မာကုန်သည်များ၏ ကျပ် သိန်းပေါင်း သုံးသိန်းကျော်တန်ဖိုး ရှိ ပဲ၊ နှမ်းများကို တစ်ဖက်တရုတ် နိုင်ငံကုန်သည်များထံသို့ ရောင်းချ ရန် ကုန်သွယ်မှုလုပ်ငန်းစဉ်များ အတိုင်း တရုတ်နိုင်ငံသို့ တင်ပို့ ထားခြင်းဖြစ်ကြောင်း လက်ရှိအချိန် တွင် တရုတ်ဗဟိုအစိုးရက ၎င်း သိမ်းဆည်းကုန်များကို လေလံပစ် ရောင်းချသိမ်းဆည်းသွားမည်ဖြစ် ကြောင်း ကြားသိရသဖြင့် မြန်မာ ကုန်သည်များက စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မေ ၃၁ ရက်က မန္တလေးမြို့ရှိ ပွဲစား ကုန်သည်စက်ပိုင်များအသင်း မဟာကထိန်တော်အသင်းခန်းမတွင် သတင်းမီဒီယာများကို အသိပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းရာတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက “နယ်စပ်ကုန်သွယ်မှုပြဿနာက FဥB မူဆယ် ရောင်းချနေတဲ့စနစ် ကနေ ကိုဗစ်ရောဂါကူးစက်မှု ကြောင့် တစ်ဖက်တရုတ်နိုင်ငံ ဂိုထောင်တွေမှာ ပစ္စည်းအပ်နှံပြီး ရောင်းချရသည့် အခြေအနေကြောင့် ဖြစ်သွားရတာပါ။ အခု ကုန်သွယ်မှု ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ သက်ဆိုင်ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်မှု မြန်ဆန်ချောမွေ့စေရေးအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ တရုတ် နယ်စပ် တဟုန်းပြည်နယ်ကုန်သည် ကြီးများအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ကောင်စစ် ဝန်ရုံးတို့ထံ စာများပေးပို့အသိ ပေးအကြောင်းကြားထားပါတယ်´´ ဟု ပြောသည်။

၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစတင် ကာ တင်ပို့ထားသော ပို့ကုန်များ နှင့် ၂၀၂၃ ခုနှစ် သင်္ကြန်နောက်ပိုင်း တင်ပို့ထားသော ပဲတီစိမ်း၊ နှမ်း၊ မြေပဲနှင့် ပရဆေးများ ပါဝင်သည့် ပို့ကုန်များကို ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်း များ၊ အခွန်များဆောင်ကာ တင်ပို့ထားသော ပို့ကုန်များ ဖြစ်ကြောင်း တရုတ်ဗဟိုအစိုးရမှ နယ်စပ်ကုန်သွယ်မှုကို ပုံမှန်ကုန် သွယ်မှုအဖြစ် အပြောင်းအလဲများ ကို ဧပြီလအတွင်း ပြုလုပ်ခဲ့ပြီး နောက် ယခုလို သိမ်းဆည်းခံရခြင်း ဖြစ်ကြောင်း နယ်စပ်ကုန်သည်များ ထံမှ သိရသည်။

အဆိုပါ တရုတ်အစိုးရက သိမ်းဆည်းခဲ့သော ပို့ကုန်ပဲမျိုးစုံမှာ မြန်မာကုန်သည်များ ရောင်းချခြင်း မပြုရသေးသည့် တရားဝင်တင်ပို့ ထားသော ပို့ကုန်အမယ်များဖြစ် ကြောင်း ကာလတန်ဖိုး ကျပ်သိန်း ပေါင်း သုံးသိန်းကျော် တန်ဖိုးရှိ ကြောင်း ကုန်သွယ်ဖက်နိုင်ငံအနေ ဖြင့် ယခုလို တရားဝင်တင်ပို့ထား သော ပို့ကုန်များကို သိမ်းဆည်း ထားခြင်းဖြစ်ရာ မြန်မာကုန်သည် များအနေဖြင့် ဆုံးရှုံးမှုများစွာ ဖြစ် ပေါ်နေကြောင်းနှင့် ယင်းဆုံးရှုံးမှု များကြောင့် ပြည်တွင်းကုန်သည် ၄၀ ဦးနီးပါးခန့် ဆုံးရှုံးမှုတွင် ပါဝင်နေကြောင်း သတင်းစာရှင်း လင်းပွဲတွင် ဆိုသည်။

မန္တလေးတိုင်းဒေသကြီးကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းနှင့် ယူနန်ပြည်နယ် တဟုန်းကုန်သည်ကြီးများအသင်း တို့ ကြားတွင် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကြုံလာပါက သက် ဆိုင်ရာ အစိုးရအသီးသီးထံ တင်ပြ အကူအညီပေးရေး သဘော တူညီချက်ကို ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလက သဘောတူညီ ထားကြောင်းလည်း သိရသည်။

ယခင်က ပဲပြောင်းနှံများနှင့် ကုန်ခြောက်များကို မြန်မာနိုင်ငံ ဖက်ခြမ်း မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်တွင် အခွန်ဂျူတီ ဆောင်ပြီး တရုတ်နိုင်ငံသို့ မန်ဝိန်း ဂိတ်ပေါက်မှ နယ်စပ်ကုန်သွယ်မှု ပုံစံဖြင့် တင်ပို့ရောင်းချခဲ့ပြီး ကိုဗစ် ရောဂါဖြစ်ပွားပြီးနောက် နယ်စပ် ဂိတ်များ ပိတ်သွားပြီး ဝမ်တိန်တစ် ပေါက်တည်းသာ ကုန်သွယ်မှုပြု လုပ်နေပြီး ကုန်ပစ္စည်းတင်ပို့မှုမှာ လည်း ရက်ကြာမြင့်စွာ တင်ပို့နေ ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published.