ဆောမြို့နယ်၌ ကြိုတင်မဲပေးမည့် သက်ကြီး မဲဆန္ဒရှင် (၁၀၉၁၈) ဦးရွိ

ဆော အောက်တိုဘာ ၂၈ဂန့်ဂေါခရိုင်၊ဆောမြို့နယ်အတွင်း အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမည့် လူဦးရေ(၁၀၉၁၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။အဆိုပါ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများပေးရမှာဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးရာ၌ ကျန်းမာရေး မကောင်းမွန်သော သက်ကြီးဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက္လံ ကောက်ယူသွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သော သက်ကြီးဘိုးဘွားများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ဆောမြိုနယ်၌ ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်စာရင်းတွင် ဆောဒေသ မဲဆန္ဒနယ်မြေ(၁)တွင် (၅၁၀၉)ဦး၊ကျောက်ထုဒေသ မဲဆန္ဒနယ်မြေ(၂)တွင် (၅၈၀၉)ဦး၊စုစုပေါင်း (၁၀၉၁၈)ဦးရှိကြောင်း သိရသည်။

သန်းနိုင် (ဂန့်ဂေါ)မှပေးပို့သည်

Leave a Reply

Your email address will not be published.