ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် စာပို့ဆံဆိပ်ခေါင်း ၂၀၀ ကျပ်တန်နှစ်မျိုးရောင်းချပေးမည်

ရွှေမန်း

ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် စာပို့ဆံဆိပ်ခေါင်း ၂၀၀ ကျပ်တန်နှစ်မျိုးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆယ်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်းမှ ကုန်ဘောင်ခေတ်အမျိုးသား၊အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန်နှစ်မျိုးအား မတ် ၂ ရက် တောင်သူလယ်သမားနေ့ တွင် နံနက်၉ နာရီခွဲ မှ စတင်၍ နေပြည်တော်စာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး ၊ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ် ၂ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားရိုက် နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပျုခေတ် ၊အင်းဝခေတ် ၊ နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးဆံဆိပ်ခေါင်း များ ယခုှနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ စတင်ရောင်းချခဲ့ပြီး ယခု ကုန်ဘောင်ခေတ်အထိမ်းအမှတ် အထူးတံဆိပ်ခေါင်း ရောင်းချပေး ခြင်း ဖြစ်ပြီး ရတနာပုံ ခေတ် တံဆိပ်ခေါင်း ကိုလည်း ဆက်လက်ရောင်းပေးမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.