ILBC – YIS နှင့်အလင်းရောင်ကိုယ်ပိုင်အထက်တန်း ကျောင်း မိသားစုများမှ တောင်တွင်းကြီးပြည်သူ့ဆေး ရုံကြီးသို့ သိန်း(၁၅၀)တန်ဖိုးရှိ Portoblex – Ray စက် အားပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံးကြီးတွင် covid-19ရောဂါနှင့်ပတ် သက်၍စမ်းသပ်စစ်ဆေးမှုများလွယ်ကူလျှင်မြန်စွာပြု လုပ်နိုင်ရန်အတွက် ရန်ကုန်မြို့မှ ဆရာကြီးဦးတင်မောင် ဝင်းဦးစီးဖွင့်လှစ်သည့် ILBC School ၊ YIS School ၊ နှင့်အလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု များမှ စုပေါင်းလှူဒါန်းသော သိန်း(၁၅၀)တန်ဖိုးရှိ Port oblex – Rayစက်အား ၂၀၂၀ခုနှစ် ဧပြီ ၁၃ ရက်နေ့မွန်း
တည့်၁၂နာရီ အချိန်ခန့် တောင်တွင်းကြီးမြို့နယ်ပြည်သူ့ ဆေးရုံးကြီး မြို့နယ်ကုသရေးဦးစီးဌာနရုံးခန်း၌ ရန်ကုန်
မြို့ ILBC School မှ Khaing Swe Thin Liaison Officer ကပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး Dr
Daw Kyin Kyin Mar မှလက္ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာအားပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွှန့်၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန့်ကြားရေးမှူး ဦးအောင်မြင် နှင့်ကျန်း မားရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ILBC School မှ ဆရာ/ဆရာမများမှ ဆေး ဝါး၊masks၊gloves နှင့်ရိက္ခာခြောက်များအားလှူဒါန်း ပေးခဲ့ကြောင်းသိရှိရသည်။

စာပေသစ္စာဖြင့်
ဟင်္သာ(တောင်တွင်းကြီး)

Leave a Reply

Your email address will not be published.