အယ်နီညိုရဲ့သဘောကတော့ ရိုးရိုးရှင်းရှင်းပြောရရင် ပူတာပဲ။ အရင်နှစ်တွေထက် ပိုပူလာတာဖြစ်တယ်။ပိုပြီးပူပြင်းခြောက်သွေ့လာတာကြောင့် မြန်မာနိုင်ငံလို အီကွေတာနဲ့ နီးတဲ့ဒေသတွေမှာ ရာသီဥတုဖောက်ပြန်မှုများမယ်။ အပူဒါဏ်ခံရမယ်။ အပူရှိန်ပြင်းတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ခန္ဓာကိုယ်ပိုင်း ထိလွယ်ရှလွယ်သူတွေမှာ အပူရှိန်ကြောင့် ကျန်းမာရေးထိခိုက်တာ ပိုခံရမယ်။ လူတွေ၊ တိရိစ္စာန်တွေမှာ အစာရေစာရှားမယ်။ ဒါကြောင့် အားလုံးကို ပိုစောင့်ရှောက်ရမယ်။ အသိပညာပေးရမယ်။၂၀၂၄မတ်လနောက်ပိုင်းမှာ ပိုသိသာမယ်။ အရင်နှစ်တွေထက် အပူချိန် ၂ဒီဂရီက ၄ဒီဂရီ တိုးပြီးခံစားရမယ်။အယ်နီညိုကြောင့် ရာသီဥတုပြင်းထန်တာတွေဖြစ်မယ်။ အပူများပြီး အပူလှိုင်းတွေဖြစ်မယ်။
FlashNews:
ပို့ကုန်ပဲများဈေးမြင့်တက်၊ပဲမာလိုင်းများ ဈေးငြိမ်နေသောကြောင့် အဝယ်သွက်နေ
မီးဖိုချောင်သုံး ပဲကတ္တီပါ စိုက်ပျိုးရေး
အပူဒဏ် အန္တရာယ်မှ ကာကွယ်ရန်
ထိုင်းနိုင်ငံမှ ပြောင်းဝယ်လိုအားကောင်းလာတာနှင့်အတူ ပြည်တွင်းပြောင်းဈေးမြင့်တက်လာ
ဝါဈေးကွက်ရရှိရေးအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်
တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သရက်သီးဈေးကွက် ဈေးကောင်း မရရှိ
တိမ်ညိုတွေထဲက အနာဂတ်အဆင်
ရေဓာတ်ခမ်းခြောက်ခြင်းက ကာကွယ်ရန် ဓာတ်ဆားရည် ဘယ်လို ပြုလုပ်ရမလဲ
မီဖိုချောင်သုံး ပဲကတ္တီပါ စိုက်ပျိုးရေး
တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၇သိန်းနီးပါးတင်ပို့ခဲ့
ရေဓာတ်ခမ်းခြောက်ခြင်းက ကာကွယ်ရန် ဓာတ်ဆားရည် ဘယ်လို ပြုလုပ်ရမလဲ
အပူဒဏ် အန္တရာယ်မှ ကာကွယ်ရန်
မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ ဆောင်ရွက်သွားမည်
တိမ်ညိုတွေထဲ အနာဂတ်အဆင်
အပူဒဏ် အန္တရာယ်မှ ကာကွယ်ရန်
နွေစပါး စိုက်ပျိုးရေး
ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးကျဆင်းနေပြီး အသစ်ဝင်အညာမြေပဲဆန် အရောင်းအဝယ်ကောင်းနေ
8202
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဓိကထား အသုံးပြု၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်
Category: <span>သဘာဝပတ်ဝန်းကျင်</span>
ဆောင်းမှာလည်း နှင်းပျောက်မယ်။ မိုးမှာလည်း မိုးရှားမယ်
ကောင်းဇော် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေက အားကောင်းတဲ့ အယ်နီညိုခြေအနေမှာ ရှိနေတယ်။နိုင်ငံတကာမိုးလေဝသဌာနတွေက ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အားကောင်းတဲ့ အယ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။အယ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေဖြစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။အယ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ မထိခိုက်အောင် ဘယ်လို့လုပ်သင့်လဲလို့ မေးကြည့်တဲ့အခါ “စိုက်ပျိုးရေးကိုလည်း ကျန်းမာရေးလိုပဲ ကြိုတင်ပြင်ဆင် ကာကွယ်တဲ့စနစ်နဲ့ စိုက်ရမယ်။ ဖြစ်လာမှ ရာသီဥတုအလှည့်အပြောင်းကြုံလာမှ ဘယ်လို စိုက်မယ်။ ဘယ်လို နည်းလမ်းတွေနဲ့ စိုက်မယ်လုပ်တာက မသင့်ဘူးလို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ စိုက်ပျိုးရေးနည်းပညာတွေအထောက်အကူပြုပေးနေသူက ပြောပါတယ်။သူက ဆက်ပြီး “အမယ်စုံစိုက်ပျိုးရေးကို ဒီဇိုင်းဆွဲပြီး စိုက်ရမယ်။ တဦးချင်းရော၊ ရပ်ရွာအလိုက်ရောကနေ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နဲ့...