မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်  သတင်းစာရှင်းလင်းပွဲပြုလုပ်

မကွေး ဇူလိုင် ၂၇#မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။ #ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းဒေသကြီးအတွင်း စတုတ္ထ(၁)နှစ်တာအပါအဝင် (၄)နှစ်တာကာလအတွင်း လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်မီးလင်းရေး စသည့် ပြည်သူ့အကျိုးပြုဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်စုံအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အကောင်အထည်ဖော်ခဲ့ပြီး မြို့ပြမှသည် ကျေးရွာများ အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ #ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စတုတ္ထ(၁)နှစ်တာကာလ အတွင်း ဌာနများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသူ သတင်းမီဒီယာများက သိရှိလိုသည့်များ မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများက မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။#တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်သည့် အခွင့်အရေးများ၊ ကာကွယ် ပေးမှုများကို တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အပြည့်အဝ ခံစားခွင့်ရရှိရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက် ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။သန်းနိုင်ဦး(ငဖဲ)3,178People Reached227EngagementsBoost Post

1351352 SharesLikeCommentShare

Leave a Reply

Your email address will not be published.