မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ဧပြီလ ၉ရက်နေ့က နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပစ္စည်းစာရင်းအား ပြုစုနေစဉ် ဒါးနဲ့အထိုးခံရကြောင်း သိရပါတယ်။
ဖြစ်စဥ်မှာ ဧပြီလ ၉ရက်နေ့ နံနက်ပိုင်းက စာစီကျောင်းရပ်ကွက်နေ
အောင်ထွန်းဝေ၃၅နှစ်ဆိုသူသည် အရက်သေစာသောက်စားပြီး စာစီကျောင်း အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်တပ်ဆင်ထားတဲ့ Maskကို နွားတွေတပ်တာလို့ ပြောဆိုပြီး Maskကို လူအများကြားတွင် ဆွဲချွတ်ခဲ့သေးသည့်အပြင် မလုပ်ရန်နှင့် ပြန်တော့ဟုပြောဆိုခဲ့သည့်အပေါ်ကိုလည်း လက်မခံဘဲ ညစ်ညမ်းစွာဆဲဆိုပြီး ဓါးနှင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်၊ ရပ်ကွက်ရုံးထဲဝင်ကာ စာရင်းပြုစုနေသည့် အုပ်ချုပ်ရေးမှူးကို ဒါးနဲ့ထိုးခဲ့တယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဟုတ်ပါတယ်၊ ဒါးထိုးမှုဖြစ်ခဲ့ပါတယ်၊ အထိုးခံရတဲ့အုပ်ချုပ်ရေးမှူးလဲ ကျန်းမာရေးကောင်းပါတယ်လို့ စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲးမှူးခင်မောင်ကြည်က မကွေးဂျာနယ်ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ အောင်ထွန်းဝေကို စလင်းမြို့မရဲစခန်းက (ပ)၃၇၉/၂၀၂၀၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၃/၅၀၆/၂၉၄(တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန် နာကျင် စေမှု/ ခြိမ်းခြောက်မှု/ဆဲဆိုမှု)ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
တီဘီရောဂါလက္ခဏာများ
ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
အိမ်အတွင်းစိုက်ပျိုးမြန်မာတို့အကြိုက်ရွှေဖရုံ
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့လွယ်ဂျယ်နှင့် မိုင်းလားနယ်စပ်ဂိတ်ပေါက်များမှ တင်ပို့နေရ
နယ်စုံမှ အသစ်ဝင်မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အနည်းငယ်ကျဆင်းနေ ပို့ကုန်မတ်ပဲဈေးငြိမ်
ကောက်စိုက်သမတစ်ဦး ရဲ့ တစ်နေ့တာ
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
သစ်တောပြုန်းတီးခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်
ဘယ်အရာတွေက ကာဗွန်ဓာတ်ငွေ့တွေ ထုတ်လွှင့်နေသလဲ
တစ်ပိုင်တစ်နိုင် အိမ်တွင်းစီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးမည့် Grow Together BizPitch အစီအစဥ်ကို နိုဝင်ဘာလ ၁၈ရက်နေ့အထိ လျှောက်ထားနိုင်
သတင်းများ
နိုင်ငံတော်မှထောက်ပံ့ပေးသည့် ပစ္စည်းစာရင်း ပြုစုနေစဉ် စလင်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဒါးနဲ့ထိုးခံရ

Leave a Reply