မင်းဘူး သြဂုတ်၂၂ “Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့်အချိန် ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အသွားအလာတွေများတဲ့ မင်းဘူးဒေသခံပြည်သူတွေစိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။ “မင်းဘူးခရိုင်နဲ့ ရခိုင်ပြည်နယ်ကထိစပ်နေပြီး အဓိကကူးသန်သွားလာကြတဲ့ ကုန်းလမ်းဖြစ်တဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းလဲရှိတာကြောင့် Covid 19ကပ်ရောဂါ ကူးစက်လာမှာကို စိုးရိမ်ကြတာလို့ သိရပါတယ်၊၊ “မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်နဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းနဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းကဂိတ်တွေကို ဩဂုတ်လ(၂၀)ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီလို့လဲ သိရပါတယ်။ “သွားလာရေးလမ်းကြောင်းတွေပိတ်လိုက်တဲ့ ဩဂုတ်လ(၂၀)ရက်မတိုင်ခင်က ကူးသန်းသွားလာမှုတွေ အများအပြားရှိပါတယ်၊ ကိုဗစ်ရောဂါကကူးစက်ခံရပြီးချက်ချင်းလက္ခဏာပြတာမျိုးမဟုတ်တဲ့အတွက် လမ်းတွေမပိတ်ခင် သွားလာဝင်ထွက်ခဲ့သူတွေကနေ ကူးစက်မှုရှိမရှိ မသိနိင်ပါဘူး၊ အဲ့ဒီအတွက်စိုးရိမ်မှုတွေရှိနေတာပါလို့ မင်းဘူးဒေသခံဦးကျော်ဌေးက ပြောပါတယ်။ “မင်းဘူး-အမ်တောင်ကြားလမ်းကနေ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကို ကုန်စည်ကူးသန်းရောင်းဝယ်ကြတဲ့ ကားဂိတ်တွေကမင်းဘူးမြို့မှာ အခြေစိုက်ကြတာဖြစ်ပါတယ်၊ ပြည်တွင်းကူးစက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နဲ့မင်းဘူးခရိုင်က နီးကပ်နေတဲ့အတွက် ကိုဗစ်(၁၉)စတင်ဖြစ်ပွားချိန်ကထက် ပိုပြီးစိုးရိမ်မှုရှိပါတယ်၊ အခုကိုဗစ်(၁၉)ပိုးကကူးစက်မှုပိုမြန်တယ်လို့ သိရတဲ့အတွက် ပြည်သူတွေကိုပိုပြီးဂရုစိုက်စေချင်ပါတယ်လို့...
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
Home
မကွေးဂျာနယ်