ရွှေမန်း

နိုင်ငံတကာ လေကြောင်းခရီးစဉ် ဆင်းသက်မှု နှစ်နှစ်ကြာ ရပ်ဆိုင်း ထား သည့် တရုတ် ရွှေလီလေကြောင်းလိုင်း (Ruili Airlines ) သည် ဇန်နဝါရီ လ(၂၁)ရက်နေ့မှ စတင်၍ မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များ ပြန်လည် ပြေးဆွဲ ပျံသန်းတော့မည်ဖြစ် ကြောင်း တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီး များအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ သိရသည်။

အဆိုပါ မန်စီ- မန္တလေးခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လေယာဉ်အမှတ် DR5037 ဖြင့် မန်စီမြို့မှ ဒေသစံတော်ချိန် ၁၇း၀၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ ၁၈း၁၀ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်ကာ မန္တလေးမြို့ မှ ၁၉း၁၀ နာရီ တွင် ထွက်ခွာမည်ဖြစ်ပြီး မန်စီမြို့သို့ ဒေသစံတော်ချိန် ၂၀း၁၀ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published.