Physical Fitness Dance Challenge Online ကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၂၉

ကိုဗစ်နိုင်တိန်း ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် Stay Home နေထိုင်ကြသည့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်နိုင်ရန် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက လေ့ကျင့်ခန်းများ ကို Online မှ ရိုက်ကူးထုတ်လွှင့်လျက်ရှိတဲ့အပြင် Physical Fitness Dance Challenge Online တစ်ဦးချင်းပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှစတင်ကျင်းပလျက်ရှိရာ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လာသူ ၇၂ ဦးရှိနေပြီဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။ အခုလိုပြိုင်ပွဲကျင်းပရာမှာ အသက်အကြီးဆုံးယှဉ်ပြိုင်သူ ဆောမြို့နယ်မှ ဒေါ်သိန်းတင် ၇၂ နှစ် နဲ့ အသက်အငယ်ဆုံးယှဉ်ပြိုင်သူ ဂရိတ်ဝမ်းတက်ရောက်မဲ့ ကျောင်းသူတစ်ဦးတို့ ပါဝင်ပါတယ် ဟု ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းကို က ပြောသည်။ Physical Fitness Dance Challenge Online ပြိုင်ပွဲအတွက် ခရိုင်ဆုရွေးချယ်စိစစ်ရေးအဖွဲ့က စိစစ်သွား မည် ဖြစ်ပြီး ရှေးဦးစွာ တစ်မြို့နယ်လျင် အကောင်းဆုံး ၁၀ ဦး ကို ရွေးချယ်၍ ပထမဆု၊ ဒုတိယဆု၊ တတိယ ဆု များနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆန်ခါတင်ရွေးချယ်ကြကာ ဆုများကိုထိုက်တန်စွာချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။

သန်းနိုင်/ဂန့်ဂေါ

Leave a Reply

Your email address will not be published.