NLDအလံပုံတွေနဲ့ MASKတွေ ထုတ်လုပ်ရောင်းခွင့် မပြုကြောင်းမကွေးတိုင်းဝန်ကြီးချုပ်ပြော

NLDအလံပုံတွေနဲ့ MASKတွေထုတ်လုပ်ရောင်းခွင့်မပြုကြောင်း မတ်လ(၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ တိုင်းအဆင့်အစည်းအဝေးမှာ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောခဲ့တာဖြစ်ပါတယ်။
စည်းရုံးရေးကာလလဲ မဟုတ်သလို ကမ်ပိန်းကာလဲမဟုတ်တဲ့အတွက် NLDအလံတွေနဲ့ MASKလုပ်ရောင်းနေတဲ့စီးပွားရေးသမားတွေကို ခွင့်မပြုကြောင်း၊
ပြုလုပ်ရောင်းချသူတွေကိုလဲ ခေါ်ယူ သတိပေးထားပါတယ်လို့ ဝန်ကြီးချုပ်က မကွေးဂျာနယ်ကို ပြောပါတယ်။
Covid 19 ကူးစက်ရောဂါကြောင့် MASk တွေစျေးမြင့်တက်နေသလို ပစ္စည်းပျက်လပ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်၊ ဒီလိုအချိန်မှာအကွက်မြင်တဲ့ စီးပွားရေးသမားတွေက NLDအလံတွေကို MASKလုပ်နေတာဖြစ်တဲ့အတွက် ခွင့်မပြုတာဖြစ်တယ်လို့ပြောပါတယ်။
မကွေးမြို့မှာသာမန်(၅၀)ကျပ်တန်MASKတစ်ခုကို လက်ရှိမှာကျပ်၆၀၀ကနေ ကျပ်၁၀၀၀ကြားစျေးတွေနဲ့အရောင်းအဝယ်ပြုလုပ်နေကြတာဖြစ်ပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.