Maskမတပ်ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား အရေးယူမည်

မကွေးတိုင်း ရေနံချောင်းမြို့မှာ Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် ဆိုင်ကယ်စီးသူများ Maskတပ်ဆင်ခြင်းမရှိ၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းတို့ကို တွေ့ရှိပါက ယနေ့ ဧပြီလ ၂၃ရက်နေ့ ညနေပိုင်းမှ စတင်ကာ နေ့စဥ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယနေ့ ဧပြီလ ၂၃ရက်နေ့ ညနေပိုင်းမှ စတင်ကာ နေရာစုံရွေ့လျားပြီး ဆောင်ရွက်လျှက်ရှိကာ စည်းကမ်းချိုးဖောက်သူများကို
ဖမ်းစီးပြီး အရေးယူရန်အတွက် မြို့နယ်တရားရုံးသို့ ပိုဆောင်သွားမယ်လို့ သိရပါတယ်။
Maskမတပ်ဘူး၊ ဆိုက်ကယ်စီးဦးထုပ်ဆောင်းတယ်၊ ဒါမှမဟုတ် Maskတပ်တယ်၊ ဆိုင်ကယ်စီးဦးထုပ်မပါရင် ပြန်လွတ်ပါတယ်၊ အကယ်၍ Maskလဲ မတပ်ဘူး၊ ဆိုင်ကယ်စီးဦးထုပ်လဲမဆောင်းဘူးဆိုရင် ဖမ်းပါတယ်လို့ ရေနံချောင်းမြို့ခံ ကိုအောင်ကျော်ဦးက ပြောပါတယ်။
တရားရုံးတင်ရမှာဖြစ်တဲ့အတွက်၊သောကြာနဲ့ စနေမဖမ်းဘူး၊ တနင်္ဂနွေကနေစပြီး ကြာသာပတေးနေ့အထိ နေရာစုံရွေ့လျားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ရေနံချောင်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအောင်လွင်ဦးက ပြောပါတယ်။
ယင်းသို့maskမတပ်​​ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းတို့ကို အရေးယူရန်အတွက် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့၊ ယာဥ်စည်းကမ်းကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုုးများ ပူးပေါင်းကာ
ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ မောင်ကောက်(ရေနံချောင်း)

Leave a Reply

Your email address will not be published.