GW-18 အဆင့််မြင့်အထွက်တိုးမျိုးကောင်းမျိုးသန့် စမ်းသပ် စပါးမျိုး စံကွက်ရိတ်သိမ်းရာ စပါးတင်း ၁၇၇ ကျော်ထွက်ရှိ

ရွှေမန်း

မန္တလေးတိုင်းဒေသကြီး ပုသိပ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ တွင် ဇူလိုင် ၁၆ ရက်နေ့က စံကွက်ရိတ်သိမ်းပွဲပြုလုပ်ရာ GW-18 အဆင့်မြင့်အထွက်တိုးစပါးမျိုး မှာ တစ်ဧက တင်း ၁၇၇.၅၀ တင်းထွက်ရှိကြောင်းသိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသတိုင်းဦးစီးမှူး ဦးတိုးမင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေ ၊ခရိုင်၊မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ ၊တောင်သူများတက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

တောင်သူများအနေဖြင့် နွေးစပါး၊မိုးစပါးစိုက်ပျိုးရာတွင် သွင်းအားစုများအပါအဝင်၊ စက်သုံးဆီဈေးများ လုပ်အားခ များ သယ်ယူစရိတ်များကြီးမြင့်နေချိန်တွင် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ကာမိစေရန် ဈေးကွက်မှာ ဈေးကောင်းရရှိပြီး အထွက်နှုန်းမြင့်မားသည့် အထွက်တိုးစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း တိုင်းဦးစီးမှူး ဦးတိုးမင်းက ပြောသည်။

ပုသိမ်ကြီးမြို့နယ် အတွင်း စမ်းသပ်စိုက်ပျိုးထားသောသက်မှတ်စံချိန်စံညွှန်းအတိုင်း GW-18 မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှု၏ စံကွက်ရိတ်သိမ်းမှု အခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် နွေစပါးစံ ကွက် ရိတ်သိမ်းမှုရာတွင် ဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီချိန်တွယ်ချက်ရာ မျိုးစပါးတစ်ဧကလျှင် ၁၇၇.၅၀ တင်းထွက်ရှိကြောင်းသိရသည်။

ယင်း GW-18 စပါးမျိုးကို ကို မျိုးထုတ်လုပ်မှုစနစ်တွက် မျိုးစပါး တင်း ၁၇၇.၅၀ တင်းကျော်ထွက်ရြှိခင်းဖြစ်ရာ မျိုးစပါးထုတ်လုပ်သည့် မျိုးကွဲပယ်ခြင်း လုပ်ငန်းမပါရှိပါက စပါးအထွက်နှုန်းမှာ မိုပိုထွက်ရှိနိုင်ကြောင်း တောင်သူများအနေဖြင့် မျိုးချန်စိုက်ပျိုးနီုင်သည့် အထွက်နှုန်းမြင့်စပါးမျိုးဖြစ်ကြောင်း ဂရိတ်ဝေါလ်ကုမ္ပဏီမှ မျိုးစပါးထုတ်လုပ်ရေး တာဝန်ခံ ဦးအောင်စိုးက ပြောသည်။

“ GW- 18 စပါမျိုးကို နွေးစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနီုင်ပါတယ်။ နွေစပါးမျိုးထုတ်လုပ်မှု အနေနဲ့ ဝန်ကြီးဌာန အဆင့်ကနေ စံကွက်ရိတ်သိမ်းမှုစနစ်နဲ့ တွက်ချက်မှုအရ မျိူးစပါး တင်း ၁၇၇ တင်းကျော်ထွက်ရှိပါတယ်။ စားစပါးအနေနဲ့ ဧရာဝတီတိုင်း မကွေးတိုင်း၊ မန္တလေးတိုင်း ၊ပဲခူးတိုင်းတွေမှာ စတင်စိုက်ပျိုးနေပါပြီး အထွက်နှုန်းအနေနဲ့ ဒေသအလိုက် တင်း ၁၇၀ကျော်ကနေ တင်း ၁၈၀ ကျော်ထွက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

GW-18 စပါးမျိုးမှာ နွေးစပါး၊မိုးစပါး နှစ်မျိုးလုံးစိုက်ပျိုးနိုင်ပြီး အပင်ပေါက်ရာခိုင်နှုန်းကောင်းမွန်ခြင်း ၊ အပင်ပွားနှုန်းကောင်းမွန်ခြင်း တစ်နှံပါးစပါးစေ့ မြင့်မားခြင်း ၊အပင်ရောဂါဒဏ်နှင့်ရေငတ်ဒဏ်ခံနိုင်ခြင်း ၊စပါးမှ ဆန်ကြိတ်ခွဲရာတွင် ဆန်ဖြစ်မှုရာခိုင်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် ယခုလို စိုက်ပျိုးထုတ်လုပ်မှု မြင့်မားနေချိန်တွင် တွက်ခြေကိုက်သည့် မျိုးစပါးဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.