ရွှေမန်း
F1 Carrot အထွက်နှုန်း မြင့်မားသည့် F1 Carrot မျိုး သစ် မိတ်ဆက်ပွဲကို နောင်ချိုမြို့ စိုက်ပျိုးရေးခြံ၌ ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်ရာ တောင်သူ များ၊ ပွဲရုံပိုင်ရှင်များ တက်ရောက် ခဲ့သည်။
လက်ရှိ ပြည်တွင်းစိုက်ပျိုး နေသည့် တောင်သူဒေသမျိုးနှင့် အခြားသော OP မျိုးများထက် အထွက်နှုန်းနှစ်ဆ ပိုမိုထွက်ရှိခြင်း၊ ဥညီညာမှုရှိခြင်း၊ အပယ်ထွက်ရှိ မှု လုံး၀နီးပါးမရှိခြင်း၊ ဥအရောင် မှာ လိမ္မော်ရင့်ရောင်ဖြစ်ပြီး မွှေး ၍ကြွပ်ဆပ်သည်။ တစ်ဧကလျှင် အကျိုးအမြတ် ငွေကျပ် သိန်း ၃၀ မှ ၆၀ ကြား ရရှိနိုင်ပြီး မျိုးစေ့တစ်ဧကကုန်ကျစရိတ်မှာ လည်း တစ်ကီလိုဂရမ်လျှင် ငွေ ကျပ် ၆၀၀၀၀၀ ဝန်းကျင်ပေါက် ဈေးရှိကြောင်း Nongwoo Seed Myanmar အရောင်း တာဝန်ခံ ဦးချမ်းချမ်းက မန္တလေး နေ့စဉ်သို့ ပြောသည်။
“ F1 Carrot မျိုးသစ်က လက်ရှိစိုက်ပျိုးနေတဲ့ ဒေသမျိုး တွေထက် အထွက်နှုန်းနှစ်ဆ ထွက် ရှိပါတယ်။ ဈေးကွက်မှာလည်း ဈေးကောင်းရပြီး ကုန်ထွက်များ တော့ တောင်သူတွေ၊ ပွဲရုံ၊ ပွဲစား တွေအကြိုက် ဖြစ်နေပါတယ်။ ဈေးကွက်ပေါ်မူတည်ပြီး တစ် ဧကအနိမ့်ဆုံး ငွေကျပ် သိန်း ၃၀ ကနေ ငွေကျပ် သိန်း ၆၀ ထိ ဝင်ငွေရရှိနိုင်ပါတယ်။ မျိုးဈေး ကလည်း ဈေးကြီးပါတယ်၊၊တစ် ဧကစာအတွက် တစ်ကီလိုဂရမ် ကို ငွေကျပ် ၆၀၀၀၀၀ ကုန်ကြ ပါတယ်။´´ ဟု ၄င်းကပြောသည်။
F1 Carrot မျိုးသစ်မှာ တစ်ဧကကုန်ပိဿာချိန် ၁၀၀၀၀ ခန့် ထွက်ရှိပြီး ဥညီညာမှုကောင်း တာကြောင့် ဒေသမျိုးများထက် တစ်ပိဿာငွေကျပ် ၂၀၀ ကျော် ပိုမိုရရှိကြောင်း သိရသည်။
မုန်လာဥနီကို တောင်ပေါ် ဒေသ၊ မြေပြန့်ဒေသများတွင်လည်း စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှင့် နွေရာသီတွင် ဖြစ်ထွန်းအောင်မြင် ကြောင်းသိရသည်။
Leave a Reply