COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းတွင်မြို့သစ်မြို့. ထန်းတပင်ကျေးရွာမှတစ်ဦးတွေရှိ

မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်
အမှတ်၁ အခြေခံအထက်တန်းကျောင်းတွင် မြို့သစ်
မြိ​နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့မှကြီးကြပ်ကာ မြို့နယ်
အဆင့်ကျန်းမာရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ပြည်
တော်ပြန်များအတွက် Facility Quarantine ကန့်သတ်ထားရှိရာနေရာတွင်
ယမန်နေ့ နေ့လည်(၃)နာရီအချိန်က ကိုဗစ်-၁၉
ရောဂါပိုးရှိ/မရှိကို ထိုင်းနိုင်ငံမှပြန်လာသည့်
ကန့်သတ်ထားရှိသော ၁၄ ဦးအား မြို့နယ်ကျန်းမာ
ရေးစင်တာသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
ပြည်သူ့ကျန်းမာရေးဆရာဝန် ဒေါက်တာရဲလင်းကျော်
နှင့် မြို့နယ်ဓါတ်ခွဲမှူး ဒေါ်ဥမ္မာတို့က
လည်ချောင်းတို့ပတ်နှင့်နာခေါင်း
တို့ပတ် တို့ကို ယူပြီး အမျိုးသားဓါတ်ခွဲခန်းရန်ကုန်သို့
ပိုးရှိ/မရှိ ဓါတ်ခွဲအတည်ပြုစစ်ဆေးရန် ပေးပို့ခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ ပိုးတွေ့ရှိခဲ့သူမှာ မတ်လ ၂၉ ညနေ၅နာရီ
အချိန်တွင် ပွင့်သစ်စရတနာဖြင့် မြဝတီမှရန်ကုန်
ရန်ကုန်မှပြည် အောင်လံ/တောင်တွင်းကြီး
မြို့သစ်သို့ မှန်လုံကာဖြင့်၃၀-၃-၂၀၂၀ရက်နေ့
ညပိုင်းတွင်ရောက်ရှိခဲ့ရာ မြို့သစ် အထက(၁)တွင် Facility Quarantine
ကန်သတ်ထားရှိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ COVID-19 ရောဂါတွေ့ရှိသူ
မှာကျန်းမာရေးကောင်းမွနလျက်တွေ့ရှိရပြီး
မကွေးတိုင်းဒေသကြီးဆေးရုံသို့
မြို့သစ်ကျန်းမာရေးဦးစီးဌာနမှ ပို့ဆောင်သွားမည်
ဖြစ်ကြောင်းနှင့် Facility Quarantine စောင့်ကြည့်ကြသူ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ကိုလည်း Facility Quarantine ဆောင်ရွက်သွားခြင်းကိုလည်း တိုင်းညွှန်ကြားချက်အတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဟုသိရ သည်။

လှိုင်ဘွား (မြို့သစ်)

Leave a Reply

Your email address will not be published.