“Covid 19ရောဂါပိုးကူးစက်ပြန့်ပွားနိုင်သည့် ငြိမ်းစုစည်းဥပဒေဖြင့်ပါ ငြိစွန်းနိုင်မည့် မဲဆွယ်စည်းရုံးနေမှုများကို စီစစ်တင်ပြသွားမည်”

မကွေးအောက်တိုဘာ ၄ “မကွေးတိုင်းဒေသကြီးအတွင်း၌ ငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်သည့်လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးလျက်သွားလာမှုအပေါ် စီစစ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းရွေးကောက်ပွ ကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “လက်ရှိကိုဗစ်ရောဂါကူးစက်မှုကာလအတွင်း၌ ပါတီအသီးသီးမဲဆွယ်စည်းရုံးလျက်ရှိကြရာတွင် ပါတီဝန်ရံသူတွေအနေနဲ့ ကော်မရှင်၏ခွင့်ပြုချက်မလိုဘဲ ဆောင်ရွက်ခွင့်ရှိသော်ငြားလည်း ကိုဗစ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အထက်ပါငြိမ်းစုစည်းဥပဒေနှင့် ငြိစွန်းနိုင်မည့် လူစုလူဝေးသွားလာမှုများကို ကြပ်မတ်စီမံဆောင်ရွက်နိုင်ရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ “ပါတီဝန်ရံသူတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ယူစရာမလိုဘဲ မဲဆွယ်ဆောင်ရွက်နိုင်ကြတယ်ဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ငြိမ်း/စု/စည်း တို့နဲ့ ငြိကောင်း ငြိနိုင်ပါတယ်၊ အမှန်တကယ်က ပါတီဝန်းရံသူတွေအနေနဲ့ ငြိမ်းစုစည်းဥပဒေနဲ့မငြိစွန်းအောင် လူစုလူဝေးနဲ့ သွားလာလှည့်လည်မယ်ဆိုရင် စီတန်းလှည့်လည်ခွင့်ကိုအရင်တင်ရမယ်၊ အဲဒီလိုတင်ကြတာမျိုးလည်းမရှိဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ COVID ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်နေတဲ့ဖြစ်စဉ်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဒီလိုဖြစ်စဉ်လေးတွေတော့ ဖြစ်နေတယ်၊ ဒါလေးတွေကို သိရှိပြီး လိုအပ်သလို စီမံဆောင်ရွက်နိုင်ပါရန်ဆိုတဲ့ အသိပေးစာ တင်ပြဖို့ရှိပါတယ်လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ပြောပါတယ်။ “ပါတီမဲဆွယ်စည်းရုံးခွင့်စီတန်းလှည့်လည်ရာ၌ လူ ၅၀ ဦးထက်မပိုရဟု သတ်မှတ်ထားသော်လည်း ၀န်းရံသူများအနေဖြင့် ယာဉ်တန်းများလှည့်လည်ရာတွင် လူအင်အား ၇၀ ဦးမှ ၁၀၀ ဦးကျော်သည်အထိ ရောက်ရှိနေကြောင်း မကွေးတိုင်းရွေးကောက်ပွဲအဖွဲ့ခွဲကော်မရှင်ထံမှ သိရပါတယ်။ “ယင်းအတွက်ကြောင့် ကိုဗစ်ကူးစက်ရောဂါကူးစက်ပြန့်ပွားလာနိုင်မည့် အခြေအနေစိုးရိမ်ရသဖြင့် စည်းကမ်းမလိုက်နာသည့် မလိုလားအပ်သောလူစုလူဝေးများဖြင့် မဲဆွယ်မှုများအပေါ် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်း မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။

ရွာသား(မကွေး)

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.