မကွေး သြဂုတ် ၁၄ “Covid 19ကပ်ရောဂါကာလမှာမြန်မာနိုင်ငံအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်တွေကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် CERP Planအနေနဲ့ ထောက်ပံ့ကြေးပေးဖို့ စီစဥ်နေတယ်လို့ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနကသိရပါတယ်။ “ကိုယ်ဝန်ဆောင်မိခင်တွေကိုထောက်ပံ့ကြေး ကျပ်၃သောင်းပေးမှာဖြစ်ပြီး လက်ရှိမှာကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စာရင်းပေးသွင်းနေရတဲ့အချိန်ဖြစ်ပါတယ်၊ ထောက်ပံ့ကြေးရရှိဖို့အတွက် ငွေဗိုက်အပလီကေးရှင်းကို အသုံးပြုရမှာဖြစ်ပြီး သြဂုတ်လ၁၁ရက်နေ့ကနေ စက်တင်ဘာလ၁၅ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပါတယ်လို့ မကွေးတိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်က ပြောပါတယ်။ “မကွေးတိုင်းအတွင်း ကိုယ်ဝန်ဆောင်မိခင်ဦးရေ ၅သောင်း၈ထောင်ဝန်ကျင်ရှိမယ်လို့ခန့်မှန်းထားကာ ထောက်ပံ့ကြေးရရန် ငွေဗိုက်အပလီကေးရှင်းကို လူအများသိဖို့လိုအပ်ပြီး အပလီကေးရှင်းကို အသုံးမပြုတတ်ပါက လူမှုဝန်ထမ်းရုံးတွေမှာ ကူညီလုပ်ဆောင်ပေးနေတယ်လို့ ညွှန်ကြားရေးမှူးဒေါ်နန္ဒာနွယ်ဟန်က ဆိုပါတယ်။ “ငွေဗိုက်အပလီကေးရှင်းကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံး pageမှာ တင်ထားပြီး ဒေါင်းလော့ဆွဲကာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်း၊ကိုယ်ဝန်ဆောင်မိခင်ဓာတ်ပုံနဲ့ ထောက်ပံ့ကြေးရယူဖို့ ရွေးချယ်ပေးကာစာရင်းသွင်းရတာဖြစ်တယ်လို့ သိရပါတယ်၊ဒါ့အပြင် ဝေးလန်ခေါင်သီတဲ့နေရာတွေမှာ နေထိုင်တဲ့ကိုယ်ဝန်ဆောင်မိခင်တွေ ပါခဲ့ရင်လည်း တခြားဌာနတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ကြေးရအောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ကိုယ်ဝန်ဆောင်မိခင်တွေ မွေးဖွားဖို့အတွက် နိုင်ငံတော်ကထောက်ပံ့တာက အထောက်အကူဖြစ်လို့ ကျေးဇူးတင်မိတယ်လို့ ကိုယ်ဝန်ဆောင်မိခင်ဒေါ်ထူးထူးဝေကပြောပါတယ်။ “မကွေးတိုင်းတွင် Covid 19ကာလမှာ ၈၅နှစ်နဲ့အထက်သက်ကြီးဘိုးဘွား(၂၀၉၃၂)ဦး၊ ကွာရန်တင်းစင်တာမှာရှိတဲ့ ငါးနှစ်အောက်ကလေး၂၆ဦး၊ကိုယ်ဝန်ဆောင်မိခင်(၁၀၁)ဦးတို့ကို တစ်ဦးလျင် ကျပ်၃သောင်းနှုန်း ထောက်ပံ့ပေးခဲ့ပြီး ဒါ့အပြင် မြစ်ရေဝင်ရောက်ခဲ့တဲ့မြေနုကျွန်းကျေးရွာက ငါးနှစ်အောက်ကလေး(၇၁)ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်၅ယောက်တို့ကိုလည်း ကျပ်၃သောင်းဆီထောက်ပံ့ပေးခဲ့ကြောင်း၊အဆိုပါထောက်ပံ့မှုတွေဟာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ထပ်ဆောင်းထောက်ပံ့တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက သိရပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
သတင်းများ
“Covid 19ကာလမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့ကြေးပေးဖို့စီစဥ်နေ”

Leave a Reply