မကွေး သြဂုတ်၂၁ “ရခိုင်ပြည်နယ် စစ်တွေတွင် Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် မကွေး-အမ်း-စစ်တွေ လေယာဥ်လမ်းကြောင်း၊ ကားလမ်းကြောင်းများနဲ့ ပို့ဆောင်ရေးလမ်းကြောင်းများ အားလုံးကိုယနေ့ သြဂုတ်လ(၂၁)ရက်နေ့က စတင်ပိတ်လိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ “စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေလူနာများ တွေ့နေရတဲ့အတွက် မကွေး-စစ်တွေ ဆက်သွယ်သွားလာတဲ့ လမ်ကြောင်းတွေကို ပိတ်တာဖြစ်တယ်လို့ သိရပါတယ်။ “တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန့်ကြားချက် အရ မကွေး-အမ်း-စစ်တွေကူးသန်းသွားလာတဲ့လမ်းတွေ အားလုံးကိုပိတ်ခဲ့တာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးသိန်းဟန်က ပြောပါတယ်။ $မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းကို (MMA)လေကြောင်းလိုင်းရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ သြဂုတ်လ (၂၁)ရက်နေက စတင်ကာ (၂)ပတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ “မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းပြန်လည်ဖွင့်လှစ်ဖို့ကတော့ စစ်တွေဘက်ကအခြေအနေကြည့်ပြီး ပြန်ဖွင့်သင့်မဖွင့်သင့် စဥ်းစားသွားမှာဖြစ်တယ်လို့ (MMA)လေကြောင်းလိုင်း မကွေးတိုင်း ကိုယ်စားလှယ် ဦးစံထွေးကပြောပါတယ်။ “လက်ရှိမှာဆိုရင် မကွေး-အမ်း-စစ်တွေ လမ်းကြောင်းတွေကိုသာ ပိတ်ထားတာဖြစ်ပြီး မကွေး-ညောင်ဦး-ရန်ကုန် ခရီးစဥ်တွေကိုတော့ ပုံမှန်အတိုင်ပြေးဆွဲနေတယ်လို့ ဦးစံထွေးက ပြောပါတယ်။ “မကွေး-အမ်း-စစ်တွေ မြို့တွေကို အဓိကကူးသန်းသွားလာတာကတော့ ကုန်းလမ်းခရီးနဲ့ လေကြောင်းခရီးက အဓိကသွားလာတာဖြစ်ပါတယ်၊ စစ်တွေမြို့မှာ ငါးရက်အတွင်း ယနေ့အထိ Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှု ၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
သတင်းများ
“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် မကွေး-အမ်း စစ်တွေ ပို့ဆောင်ရေးလမ်း ကြောင်းများ အားလုံးပိတ်”

Leave a Reply