Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်းအပါး(၇၂၀)တို့အား ဆွမ်းဆန်စိမ်းလှူဒါန်း

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကာ မင်းဘူး/စကုမြို့ပေါ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် ဆွမ်းဆန်စိမ်းအပါအဝင် နဝကမ္မဝတ္ထုငွေများကို မေလ ၁၇ရက်နေ့ နံနက်ပိုင်းက ခရိုင်အားကစားကွင်းခန်းမတွင် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာတို့တက်ရောက်ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၅၃ကျောင်း၊ ရဟန်းသံဃာ၊ ကိုရင်ငယ် ၊သီလရှင်အပါဝင် အပါး၃၈၉ပါး၊ စကုမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၃၁ကျောင်း၊ရဟန်းသံဃာ၊ ကိုရင်ငယ် ၁၄၉ပါး၊သီလရှင်၁၇၈ပါး အားလုံးစုစုပေါင်းအပါး၇၂၀ကို Covid-19ကပ်ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် လှူဒါန်းတာဖြစ်တယ်လို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှာဆွမ်းဆန်စိမ်းအလှူခံကြွကြပါတယ်၊ တစ်မြို့လုံးမှာရှိတဲ့ရဟန်းရှင်၊ သာမဏေ၊သီလရှင်တွေကြွတာကို မြို့သူမြို့သားများက ဆွမ်းဆန်စိမ်း၊ဆီ၊ကုလားပဲစသည့်ဖြင့်လောင်းလှူကြပါတယ်၊ ဒီနှစ်ကတော့ COVID-19ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမလို့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကြွလို့မရပါဘူး၊ ဆရာတော်တွေ ဝါတွင်းကာလနဲ့ COVID-19ကပ်ရောဂါကာလမှာ ဆွမ်းဘုန်းအဆင်ပြေနိုင်ရန်အတွက် မြို့မိမြို့ဖတွေ၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တိုင်ပင်ကြပြီးကျောင်းပေါင်း၁၀၀ကျော်မှာရှိတဲ့ ရဟန်း၊ရှင်သာမဏေ၊ သီလရှင် စုစုပေါင်းအပါး၇၂၀ကို လှူဒါန်းမှုပြုလုပ်ပေးတာပါလို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တိုင်းဝန်းကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရဟန်း၊ရှင်သာမဏေ၊ သီလရှင် စုစုပေါင်းအပါး၇၂၀အတွက် ဆန်အိတ်၇၂၀၊ဆီ၃ပိဿဗူး၇၂၀ဗူး၊ကြက်သွန်၂ပိဿ၅၀သား အိတ်၇၂၀၊ ကုလားပဲ ၅၀ကျပ်သား အိတ်၇၂၀၊ နဝကမ္မအလှူငွေ ၁ပါးလျှင် ၁သောင်းကျပ်နှုန်းနဲ့ ကျပ်၇၂သိန်း၊ စုစုပေါင်းလှူဒါန်းမှုတန်ဖိုး ၃၈၁သိန်း၃၅၀၀ကျပ်
ရေစက်ချ လှူဒါန်းခဲ့ကြပါတယ်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးက ကြီးမှူးပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်နည်းရပ်ဝေးမှ စေတနာရှင်မိသားစုများစုပေါင်းလျက် COVID-19ကာလအတွင်းမင်းဘူးမြို့နှင့်စကုမြို့ပေါ်ရှိ ရဟန်း၊ရှင်သာမဏေ၊ သီလရှင် စုစုပေါင်း၇၂၀ပါး
လှူဒါန်းမှု သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရခြင်းအတွက် အလွန်ပင်ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်း၊ ဘုန်းတော်ကြီးမြတ်တော်မူသည့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ဘုန်းကံရှိသောပုဂ္ဂိုလ်များသာ ထောက်ပံ့လှူဒါန်းပူဇော်နိုင်ကြောင်း ဆိုရိုးနှင့်အညီ ယခုကဲ့သို့ ဆရာဒကာညီညွတ်စွာဖြင့် မြတ်စွာဘုရားသခင်ထားရှိခဲ့သော ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေကြတဲ့ သာသနာဝင် ရှင်ရဟန်းတို့ကို COVID-19ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဆွမ်းဆန်စိမ်း ဆပ်ကပ်လှူဒါန်းရခြင်းကြောင့် ထေရဝါဒသာသနာတော်ကြီး နောင်နှစ်၅ထောင်မက ကြာရှည်တည်တံ့ခိုင်မြဲထွန်းလင်းတောက်ပစေကြောင်း ဆုမွန်ကောင်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်












Leave a Reply

Your email address will not be published.