Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန် ဆွမ်းဆန်စိမ်းလှူဒါန်းမည်

Covid-19ကပ်ရောဂါကာလအတွင်း မင်းဘူး/စကုမြို့နယ်ရှိ ရဟန်းသံဃာတော်များ၊ သီလရှင်များ ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် ဆွမ်းဆန်စိမ်းအပါအဝင် ဝတ္ထုငွေများကို မေလ ၁၇ရက်နေ့ နံနက်ပိုင်း မင်းဘူးခရိုင်အားကစားကွင်းတွင် လှူဒါန်းသွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပါတယ်။
မင်းဘူးမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၅၃ကျောင်း၊ ရဟန်းသံဃာ၊ ကိုရင်ငယ် ၊သီလရှင်အပါဝင် အပါး၃၈၉ပါး၊ စကုမြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း ၃၁ကျောင်း၊ရဟန်းသံဃာ၊ ကိုရင်ငယ် ၁၄၉ပါး၊သီလရှင်၁၇၈ပါး အားလုံးစုစုပေါင်းအပါး၇၂၀ကို Covid-19ကပ်ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမဖြစ်စေရန်အတွက် လှူဒါန်းမယ်လို့ သိရပါတယ်။
COVIDကာလမှာ ဆန်တွေ ဆီတွေဝေဖို့လုပ်နေပါတယ်၊ နှစ်တိုင်း ကဆုန်လပြည့်နေ့မှာ ဆွမ်းဆန်စိမ်းအလှူပွဲပြုလုပ်ခဲ့ပေမဲ့ COVIDဖြစ်လို့ ဒီနှစ်မလုပ်ဖြစ်တဲ့အတွက်ဆရာတော်၊ သီလရှင်တွေအခက်အခဲဖြစ်မှာစိုးတာကြောင့် လှူတန်းမှုပြုလုပ်တာပါလို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးကပြောပါတယ်။
ဆန်အိတ်၁တင်းခွဲအိတ်၇၂၀၊ ဆီပုံး၇၂၀၊ ကြက်သွန်အိတ်၇၂၀နဲ့ ဝတ္ထုငွေ ၁ပါး ၁သောင်းကျပ်နှုန်း လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရပါတယ်။
မေလ၁၇ရက်နေ့မှာ အလှူပွဲကြီးပြုလုပ်မှာဖြစ်ပါတယ်၊ COVID-19စည်းမျဉ်းစည်းကမ်းဘောင်တွေနဲ့ညီအောင် ပြုလုပ်မှာဖြစ်ပါတယ်၊ ဆရာတော်တွေကို ၆ပေခြားပြီးတော့ လှူဒါန်းမှုပြုလုပ်သွားမှာပါ၊မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ပြီးလှူဒါန်းမှာဖြစ်ပါတယ်၊ မင်းဘူးခရိုင်ဘောလုံးကွင်း၊ပညာရည်ချွန်ဆုပေးပွဲလုပ်တဲ့ခန်းမထဲမှာ မေလ၁၇ရက်နေ့ နံနက်၇နာမှာ လှူဒါန်းမှုပြုလုပ်မှာဖြစ်ပါတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

 

Leave a Reply

Your email address will not be published.