ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ပြီးပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင်

ရွှေမန်း

၂၀၂၃ခုနှစ် ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည် ပြီး ပြည်တွင်းမှပို့ကုန်ပဲ ဈေးကောင်း လာနိုင်ကြောင်းနှင့် ပြည်တွင်း ပဲရာသီအသစ်မှာထွက်ရှိလာသည့် ပဲများ အရည်အသွေးကောင်းရန် လိုအပ်ကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

လက်ရှိပဲသစ်ရာသီအတွက် မိုးရေကောင်းတစ်ချက်လိုအပ်နေသေး ကြောင်း၊ ထွက်ရှိလာသည့်ပဲအရည် အသွေးကျဆင်းမရှိ​အောင် တောင် သူများဂရုပြုသင့်ကြောင်း ပဲကုန် သည်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ လကုန်ပိုင်း တွင် ပို့ကုန်ပဲအသစ်များဖြစ်သည့် မက်ပဲနှင့်ပဲစင်းငုံဈေးကွက်မှာ မန္တလေး ဈေးကွက်အတွင်း အဝင်မများသေးသော် လည်း နယ်ဈေးကွက်မှာ အရောင်း အဝယ်ကောင်းနေကြောင်း မန္တလေး ဈေးကွက်အတွင်း ရောက်ရှိလာပါ က ဈေးပိုမိုမြင့်တက်လာစရာရှိ ကြောင်း၊ အရောင်းအဝယ်ကောင်း နေသည့်နှမ်းမျိုးစုံဈေးကွက်မှာ တစ် အိတ် ငွေကျပ် ၁၀၀၀၀- ၁၅၀၀၀ ခန့် ဈေးကျသွားကြောင်း၊ ပြည် တွင်းသုံးကုလားပဲအုပ်စုမှာ မျိုးစေ့ အဝယ်ရှိနေချိန်ဖြစ်တာကြောင့် အမြင့်ဈေးတန်းအတိုင်းဆက်လက် ရှိနေမည်ဖြစ်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“မတ်ပဲဈေးကတစ်အိတ် ငွေကျပ် ၁၇၈၀၀၀-၁၇၉၀၀၀ ပေါက်ဈေးဖြစ်လာတယ်။မတ်ပဲ နဲ့အတူ ပဲစင်းငုံဈေးကလည်း ကောင်းနေပါတယ်။ ပဲစင်းငုံအသစ် တွေကနယ်ဈေးတွေမှာ ဈေးကောင်း နေပါတယ်။ တစ်တင်း ငွေကျပ် ၅၈၀၀၀ လောက် ပေါက်ဈေးရှိနေပြီ။ ဒီဈေးက မန္တလေးဈေးကွက်ထဲ ရောက်လာရင် ပိုလာနိုင်ပါတယ်။ နှမ်းမျိုးစုံနဲ့ပဲတီစိမ်းကတော့ ဈေး ပြန်အေးနေပါတယ်။ နှမ်းနက် ဆိုရင် သုံးတင်းတစ်အိတ် ငွေကျပ် ၂၈၀၀၀၀ လောက် ပေါက်ဈေးကနေ ငွေကျပ် ၁၀၀၀၀-၁၅၀၀၀ကျော် ဈေးပြန် ကျသွားတယ်။ ကုလားပဲဈေး ကွက်က အမြင့်ဈေး ဆက်တက် သွားတယ်။ ဒီအချိန်က မျိုးစေ့ အဝယ်လည်းရှိနေတော့ ဒီဈေးတန်း အတိုင်း ဆက်သွားလိမ့်မယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ အဟောင်းတွေက စျေးခပ်အေးအေးပဲ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ပဲရာသီ မှာတော့ ပဲအဟောင်း လက်ကျန် သမားတွေ အကုန်ရောင်းကြပါပြီ။ ပဲအသစ်ရာသီမှာ ပဲအထွက်နည်း နိုင်တာတော့ လာမည့်ပဲရာသီမှာ အဝယ်ကောင်းမယ့် အခြေအနေ ပါ။ပေါက်ဈေးကတော့ ဒေါ်လာ ဈေးအတက်မရှိရင် လက်ရှိပေါက် ဈေးဝန်းကျင်အတိုင်း ရှိနေမယ်။ဒေါ်လာဈေးမြင့်လာရင်တော့ ပြည်တွင်းပဲ အဝယ်ဈေးမြင့်လာနိုင် တယ်´´ဟု ၎င်းက ပြောသည်။

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း

မန္တလေးပဲဈေးကွက်တွင် အသစ် ဝင်ပို့ကုန်မတ်ပဲများစျေး ကောင်းလာပြီး ပဲစင်း ငုံဈေးကွက်မှာ နယ်ဈေး အရောင်း အဝယ်ကောင်းနေရာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၁၇၈၀၀၀၀၊ ပဲစင်းငုံ နယ်ဈေး တစ်တင်း ငွေကျပ် ၅၈၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ပေါက်ဈေး ရှိ သည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ကုလားပဲဠ၂ တစ်အိတ်လျှင် ငွေကျပ် ၁၉၄၀၀၀၊ ပဲယင်းတစ်အိတ် လျှင် ငွေကျပ် ၁၁၂၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၀၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀၊ စွန်တာပြာတစ်အိတ် လျှင် ငွေကျပ် ၁၃၇၀၀၀၊ မြေထောက် ပဲ တစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေး ဖြစ်သည်။

Leave a Reply

Your email address will not be published.