3575

စိမ်းစိုအော်ဂဲနစ် ဓါတ်မြေသြဇာစက်ရုံနှင့် အထွက်နှုန်းမြင့် GW-11 မျိုးစပါးထုတ်လုပ်နေမှုများကို တောင်သူများလာရောက်လေ့လာ

ရွှေမန်း

တောင်သူများ သွင်းအားစုအသုံးပြုမှုစနစ်တကျ အသုံးပြုပြီး စိုက်ပျိုးစရိတ်လျော့ချနိုင်ရန်နှင့် စပါးအထွက်တိုးအောင် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရန် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမှ တောင်သူနှင့် အရောင်းကိုယ်စားလှယ်ကြီးများ က အောက်တိုဘာ၂၃ ရက် နံနက်ပိုင်းကမန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။

ပဲခူးတ်ိုင်းဒေသကြီး အနောက်ပိုင်း မြို့နယ်များမှ တောင်သူများနှင့် သွင်းအားစု အရောင်း ကိုယ်စားလှယ်များ အဖွဲ့သည် အောက်တိုဘာ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ GW-11 စံပြစပါးစိုက်ကွင်းနှင့် စစ်ကိုင်းမြို့ရှိ စိမ်းစိုအော်ဂဲနစ်မြေသြေဇာစက်ရုံတို့ကို သွားရောက် လေ့လာ ခဲ့ကြောင်းသိရသည်။

လက်ရှိကာလတွင် ဓါတ်မြေသြဇာများ ဈေးနှှုန်းကြီးမြင့်စွာ ဝယ်ယူအသုံးပြုနေရချိန် တောင်သူများ၏ လယ်မြေများနှင့်သီးနှံစိုက်ခင်းများအထွက်တိုးစေရန် အရည်အသွေးပြည့်မီဈေးနှုန်းသင့်တော်သော ပြည်တွင်းထုတ်လုပ်သည့် စစ်ကိုင်းစက်မှုဇုံရှိ စိမ်းစို အော်ဂဲနစ်မြေသြဇာထုတ်လုပ်နေမှုများ သွားရောက်လေ့လာရာ နိုင်ငံခြားမှတင်သွင်းသည့် ကုန်ကြမ်းများနှင့် သကြားစက်ရုံမှစွန့်ပစ်သည့် ကြံမြှုပ်ချေးကို ပေါင်းစပ်ပြီး အခြေခံကာထုတ်လုပ်သည့် စိမ်းစို အမှတ်တံဆိပ် မြေဆီထုတ်ကုန်များ အကြောင်းကို စက်ရုံတာဝန်ရှိသူများက အသေးစိပ်လိုက်လံရှင်းပြသည်။

စိမ်းစိုအော်ဂဲနစ်မြေသြဇာစက်ရုံမှ N.P.K အချိုးများကို အော်ဂဲနစ်နှင့်ပေါင်းစပ်ကာ ၁၅ ပတ်လည် အချိုးကွန်ပေါင်းမြေသြဇာများ နှင့်မြေခံအဖြစ်အသုံးပြုနိုင်သည့် သဘာ၀အော်ဂဲနစ်မြေဆီများကို အဓိကထားထုတ်လုပ်ပြီးတောင်သူများကို ဈေးနှုန်းသင့်တင့်စွာရောင်းချပေးလျှက်ရှိကြောင်း သိရ သည်။

ထိုနောက် အထွက်နှုန်းမြင့် GW-11 မျိုးစပါးနှင့်အဲဗားဂရင်းမြက်၊ ပြည်လုံးချမ်းသာ ရောနှောစိုက်ခင်း မွေးမြူရေးလုပ်ငန်းများကို ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက်လေ့လာရာ အောင်မြင်ဖြစ်ထွန်းနေမှုများနှင့်စံပြစိုက်ခင်းများကို တာဝန်ခံများကရှင်းလင်း ပြော ကြားခဲ့သည်။

တောင်သူများအနေဖြင့် ဒေသအလိုက် ကိုက်ညီသည့် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ကြသော်လည်း ဈေးကွက်ဈေးရရှိမှု အထွက်နှုန်းကျဆင်းမှုများကြောင့် မိသားစုဝင်ငွေနည်းမှုများနှင့် ရင်ဆိုင်ကြရသည့် အခြေအနေမှ ပြောင်းလဲနိုင်ရန် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ သစ်တောရောနှောစိုက်ပျိုးခြင်း ၊စိုက်ပျိုးရေးနှင့်မွေးမြုရေးတွဲဖက်ဆောင်ရွက် ခြင်း ၊အထွက်နှုန်းနှင့် တွက်ခြေကိုက်သည့် အရည်အသွေးမီသွင်းအားစုများကို သုံးစွဲနိုင်မှသာ တောင်သူများဝင်ငွေတိုးလာနိုင်မည်ဖြစ်ကြောင်း လာရောက်လေ့လာသည့် တောင်သူများကို ဂရိတ်ဝေါလ်ကုမ္ပဏီ ဥက္ကဌ ဦးတင်မောင်က ရှင်းပြ ခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.