23227

 တရုတ်နှစ်သစ်ကူးပိတ်ရက် များကြောင့်ဈေးကျဆင်းနေသည့် ပို့ကုန်ပဲများဈေးပြန်လည်မြင့် တက်အဝယ်သွက်လာ

ရွှေမန်း

 တရုတ်နှစ်သစ်ကူးပိတ်ရက် များကြောင့်ဈေးကျဆင်းနေသည့် ပို့ကုန်ပဲများဈေးပြန်လည်မြင့် တက်အဝယ်သွက်လာကြောင်း  ပဲ၊ နှမ်းကုန်သည်များထံက သိရသည်။

 တရုတ်နှစ်သစ်ကူးပိတ်ရက် များကြောင့် ပဲ၊ နှမ်းဈေးကွက်တွင် ဈေးအနည်းကျဆင်းနေသည့် ပို့ ကုန်ပဲများ ဈေးကျဆင်းမှုရပ်တန့် သွားပြီး အတက်ဘက်ကို ပြန် လည်ဦးမော့လာကြောင်း မတ်ပဲနှင့် ပဲစင်းငုံမှာ လှောင်လက်သမား၏ ဝယ်ယူမှုကြောင့် ဆက်လက်မြင့် တက်နိုင်ကြောင်း ပဲကုန်သည် များက သုံးသပ်ထားသည်။  

တရုတ်နှစ်သစ်ကူး ပိတ်ရက် နောက်ပိုင်း မန္တလေးပဲဈေးကွက် အဖွင့်နေ့ ဇန်နဝါရီ ၃၀ ရက်တွင်  အိန္ဒိယနိုင်ငံ၏ဝယ်လို အားကောင်း နေသည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေး ကျဆင်းနေရာမှ အနည်းငယ် ပြန် လည်မြင့်တက်လာကြောင်း၊ ပဲ စင်းငုံမှာ နယ်စုံမှ အသစ်ဝင်ရောက် လာကြောင်း၊ ပဲ၊ နှမ်း ဈေးကွက် အတွင်း အခြားပဲမာလိုင်းများနှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးကျဆင်း အဝယ်အေးနေသေး ကြောင်း  ဦးကျော်သွင် (ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။  

“ တရုတ်နှစ်သစ်ကူးနောက် ပိုင်း မန္တလေးပဲဈေးကွက် အဖွင့် နေ့တွင် ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံ ဈေးများ အကျရပ်သွားပါတယ်။ ဒီနေ့ အတက်ဈေးဖြစ်လာတော့  မတ်ပဲရော ပဲစင်းငုံရော သုံးတင်း တစ်အိတ် ငွေကျပ် ၂၈၁၀၀၀ ပြန် ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံ၏ မတ်ပဲဝယ်လိုအားနဲ့အတူ ပဲစင်းငုံ ပါ အဝယ်ကောင်းလာတာပါ။ အခြား အသစ်ဝင် ပြည်တွင်းသုံး ပဲတွေကတော့ ပုံမှန်ဈေးသာ ရှိ ပါတယ်။ အသစ်ဝင် စားတော်ပဲ တွေလည်း ဈေးကျဆင်းနေတာ တစ်အိတ်ကို ငွေကျပ် ၃၆၀၀၀၀-၃၇၀၀၀၀ သာ ပေါက်ဈေး ရှိပါ တယ်။ ပဲစင်းငုံကတော့ နယ်စုံ ကနေ မန္တလေးဈေးကွက်ကို ဝင် ရောက် နေပါတယ် ´´ ဟု ၎င်းက ပြောသည်။

 မန္တလေးပဲဈေးကွက်တွင် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံတို့သာ အရောင်းအဝယ်သွက် ဈေးကောင်း နေပြီး အခြားပဲမာလိုင်းများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အရောင်းအဝယ် ပုံမှန်သာရှိနေ သည်။

ဇန်နဝါရီ ၃၀ ရက်တွင် ပို့ ကုန်မတ်ပဲ(အသစ်)တစ်အိတ် လျှင်ငွေကျပ် ၂၈၁၀၀၀၊ ပဲစင်းငုံ မှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀ ခန့် ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀  ပေါက်ဈေး ရှိနေသည်။    
အသစ်ဝင် ပဲမာလိုင်းများမှာ  ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၅၀၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၁၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀-၉၈၀၀ ပေါက် ဈေး ရှိနေသည်။

နှမ်းမျိုးစုံမှာ တရုတ်နှစ်သစ် ကူးပိတ်ရက်များသောကြောင့် ဈေး ကွက်အတွင်း ဈေးဖွင့်လှစ်မှု မရှိ အဝယ်အေးနေကြောင်း သိရသည်။        
   

Leave a Reply

Your email address will not be published.