20404

ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေမန်း

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်သည် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ နှင့်အသင်းဝင်အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ နှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်အလုပ်အမှုဆောင်များ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ဥက္ကဋ္ဌနှင့် လိုင်းခေါင်းဆောင်ကော်မတီဝင်များ၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင် ကော်မတီဝင်များ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့်Super Market ၊ Mini Market နှင့် Shopping Mall တို့မှ တာဝန်ခံများနှင့် တွေ့ဆုံ၍ပြည်တွင်းဆန်ဈေး ကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးနှင့်စပ်လျဉ်း ၍ညှိနှိုင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြည်တွင်း ဆန်ဈေးကွက်
ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီးထွက်မှန်ကန်စေရေးအတွက် တက်ရောက်လာသည့် အသင်းအဖွဲ့များက ထိန်းကျောင်းဆောင်ရွက်ပေးသွားနိုင်ရေး၊ တွေ့ကြုံရသည့် အခက်အခဲများကိုပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန်နှင့် ဌာနအနေဖြင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံဆန် စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊
ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)၊ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းတို့မှ တာဝန်ရှိသူများက ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းတည်ငြိမ်ရေးနှင့် စီးဝင်စီး ထွက်မှန်ကန်စေရေးအတွက် စီမံဆောင်ရွက်သွားမည့် အခြေအနေများကိုဝိုင်းဝန်း ဆွေးနွေးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူး ချုပ်က လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.