မြေပဲဆန်အသစ်များစျေးကွက်အတွင်း အဝင်များလာ သဖြင့် ပဲဆီဈေးနှုန်းကျဆင်းလာ

ရွှေမန်း

ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်ထဲသို့ နယ်စုံဒေသမှ မြေပဲ ဆန်များ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ပြည်တွင်းစားသုံးနေ သည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျင်ငွေကျပ် ၁၂၀၀၀ ဈေးထိ လျော့နည်းကျဆင်းလာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရ သည်။

မြေပဲဆန်များသည် မန္တလေးဈေးကွက်အတွင်းသို့ နယ်စုံ ဒေသအသီးသီးမှ လှိုင်လှိုင်ဝင်ရောက်လာကြောင်း၊ ယခင်လက ပြည်တွင်းစားသုံးနေသည့် ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျင် ငွေကျပ် ၁၄၀၀၀ ဈေးအထိရှိခဲ့သော်လည်း၊ လက်ရှိအချိန်တွင် ပဲဆီ တစ်ပိဿာလျင်ငွေကျပ် ၁၂၀၀၀ ဈေးအထိကျဆင်းလာကြောင်း၊ ယင်းပဲဆီဈေးနှုန်းနှင့်အတူ ကျန်ဆက်စပ်သည့် ဆီဈေးများလည်း အသီးသီးကျဆင်းလာကြောင်း သိရသည်။

” ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲကို နယ်စုံက မြေပဲ ဆန်တွေ လှိုင်လှိုင်ဝင်ရောက်နေတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က မြေပဲဆန်ဈေးနှုန်းက အမြင့်ဆုံးဈေးထိရောက်ရှိခဲ့တယ်။ မြေပဲလုံး ဆန် (အနီ )က တစ်ပိဿာကိုငွေကျပ် ၇၆၀၀ နဲ့ S-1 မြေပဲလုံးဆန်(အဖြူ)က တစ် ပိဿာကိုငွေကျပ် ၇၀၀၀ ဈေးထိဖြစ်ခဲ့တယ်။ ယခုမတ်လလယ်ပိုင်း မှာ မြေပဲဆန်တွေက မန္တလေးဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက် နေတဲ့အတွက် မြေပဲအနီလုံးဆန် တစ်ပိဿာကို ငွေကျပ် ၇၀၀၀ ဈေးနဲ့ S-1 မြေပဲလုံးဆန်တွေကလည်း တစ်ပိဿာကို ကျပ် ၆၈၀၀ ဈေးထိကျဆင်း လာတယ်။ နယ်စပ်ဂိတ်တွေ ဖွင့်လိုက်တဲ့အတွက် ပြည်တွင်းရော၊ ပြည်ပရောဝယ်ယူမှုတွေရှိနေပါတယ်။ ခုရက်ပိုင်းမှာ တရုတ်ဝယ် လက်တွေက မြေပဲလုံးဆန် (အနီ)ကို အဓိကထားဝယ်ယူနေ တယ်။ ” ဟု မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြော သည်။

‌မြေပဲသည်တစ်နှစ်ပတ်လုံးစိုက်ပျိုးထွက်ရှိသည့်ဆီထွက်သီးနှံဖြစ်ပြီး အဆိုပါ မြေပဲကို မန္တလေး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပြည်တွင်းစားသုံးမှုဖူလုံစေရန်အ တွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချရန် အဓိကသီးနှံအဖြစ်အား ထားစိုက်ပျိုးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.