ပြည်တွင်းဆန်/စပါးဈေးနုန်းမြင့်တက်နေမှုကြောင့် အကန့်အသတ်စနစ်(Quota)ဖြင့် ပြည်ပသို့ ဆန်တင်ပို့မည် ဟုဆို

ရွှေမန်း

ပြည်တွင်း၌ ဆန်/စပါးဈေးနှုန်းမြင့်တက်လာနေမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုတွင် အကန့်အသတ်စနစ် (Quota)ဖြင့် တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့မှုလိုင်စင်ဟောင်းများကိုလည်း စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းစနစ်အရ တစ်လလျင် ဆန်တန်ချိန် တစ်သိန်းခွဲခန့်သာ တင်ပို့ရမည်ဖြစ်ပြီး ဆန်တင်ပို့ရန် လိုင်စင်သစ် လျှောက်ထားမှုရရှိရန်မလွယ်ကူတော့ဟုဆိုသည်။

“ပြည်ပကို ဆန်တင်ပို့မှုမှာ Quota စနစ်ပြန်လုပ်ထားတာဖြစ်ပြီး တစ်လကို ဆန်တန်ချိန် တစ်သိန်းခွဲလောက်ပဲ တင်ပို့ပါမယ်။လိုင်စင်သစ်လျှောက်ထားမှုလောလောဆယ်မလွယ်ဘဲ ခက်နေသလို လိုင်စင်ဟောင်းတွေလည်း စီစစ်နေတာလုပ်နေပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပဆန်တင်ပို့မှုတွင် တစ်လလျင် ဆန်တန်ချိန်တစ်သိန်းခွဲ(အိပ်ရေ သုံးသန်း)သတ်မှတ်ထားသော်လည်း ဈေးနှုန်းကွာဟနေမှုကြောင့် ဆန်ကုန်စည်ဒိုင်များသို့ ဆန်ဝင်ရောက်မှု နည်းခြင်းနှင့် ဝယ်ယူရရှိမှုခက်ခဲခြင်းများရှိနေကြောင်းသိရသည်။

“ပြည်ပကို ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေက တင်ပို့ ပါတယ်။တရုတ်ဆိုရင် နယ်စပ်လမ်းကြောင်းက အဓိကတင်ပို့ပြီး ပင်လယ်ရေကြောင်းကဆိုရင် အာဖရိက၊ အာရှနဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ပြည်တွင်းဆန်/စပါးဈေးကွက်တွင် ၂၀၂၂ နှစ်ကုန်ပိုင်းခန့်မှ စတင်၍ ဈေးနှုန်းများမြင့်တက်ခဲ့ရာ ဖေဖေါ်ဝါရီလ စတုတ္တပတ်က အနည်းငယ်ကျဆင်းခဲ့ပြီးနောက် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊၁၁ လတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်သို့ဆန်နှင့်ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၀၉၉သန်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.