ပို့ကုန်ပဲများ အမြင့်ဈေးဖြင့်တည်ငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းမအျား ဆက်လက်ဈေးမြင့်တက်နေ

ရွှေမန်း

ယခင်သီးတင်းပတ်က ဈေးမြင့်တက်လာသည့် ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ရန်ကုန်အဝယ်ကောင်းနေတာကြောင့် ဆက်လက်ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
ပို့ကုန်ပဲများမှာ အမြင့်ဈေးဖြစ်လာတာကြောင့် အဝယ်သမားများ ထိန်းဝယ်ယူနေတာကြောင့်လည်း ဈေးဆက်မတက်နိုင်ဘဲ ဈေးတည်ငြိမ်နေခြင်းဖြစ်ကြောင်း ၊ ပြည်တွင်းသုံးကုလားပဲများမှာ ဒေသအစုံမှ အသစ်ဝင်ရောက်မှုအားကောင်းလာသလို အဝယ်ဈေးမှာလည်း ကျဆင်းသွားခြင်းမရှိဘဲ ဈေးကွက်အတွင်း ဈေးအကောင်းဆုံးဖြစ်လာကြောင်း ၊တရုတ်လိုင်း အဝယ်ကောင်းလာသည့် မြေပဲအနီလုံးဆန်မှာ လည်း ဈေးမြင့်တက်လာကြောင်း ၊ ဈေးကွက်အတွင်း ပဲထောပတ်နှင့်၊စွန်တာနီ၊ပဲဇီးကွက် တို့မှာ ရန်ကုန်အဝယ်ကောင်းနေကြောင်း နှင့် မြေထောက်ပဲမှာ တောင်သူလက်ဝယ်မရှိတော့ကြောင်း တက်နေလင်းပွဲရုံမှ ဦးဇင်မင်းဦးက ပြောသည်။

“ ပို့ကုန်ပဲတွေကတော့ အရင် တက်ထားတဲ့ ဈေးအမြင့်အတိုင်း တည်ငြိမ်နေပါတယ်။ ဒီရက်ပိုင်း ရွှေဈေးတွေလှုပ်လာတော့ ပဲဈေးကွက်မှာလည်း အဝယ်သွက်နေတာ အမြင့်ဈေးတွေဖြစ်နေတာတောင် အဝယ်လိုက်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေက တော့ အများဆုံးအရောင်းအဝယ်ဖြစ်နေတာပါ။ အသစ်ကလည်း ဒေသအစုံဝင်ရောက်နေပေမယ့် ဈေးကျမသွားပါဘူး။ပဲထောပတ်၊ ပဲဇီးကွက်၊စွန်တာနီပဲမာလိုင်းတွေ ဈေးတက်အဝယ်သွက်နေပါတယ်။တရုတ်လိုင်း အဝယ်ပြန်ကောင်းလာလို့ မြေပဲအနီလုံးဆန်တွေ ဈေးတက်လာပါတယ်” ဟု ၎င်းက ပြောသည်။
မတ်လဆန်းပိုင်း ဈေးမြင့်တက်လာသည့် ပို့ကုန် မတ်ပဲ ၊ပဲစင်းနှင့် ပဲတီစိမ်းတို့ မှာသုံးတင်းဝင်တစ်အိတ် လျှင်ငွေကျပ် ၈၀၀၀-၁၀၀၀၀ ဆက်လက်ဈေးမြင့်တက်လာရာမတ်-၁၄ ရက်နေ့တွင် မတ်ပဲ(သစ်) ၆၀ပိဿာတစ်အိတ် ကျပ် ၁၈၈၀၀၀ ၊ ပဲစင်းငုံ(သစ်) ၆၀ ပိဿာတစ်အိတ်ကျပ် ၂၁၀၀၀၀ ၊ပဲတီစိမ်းရွှေဝါ(သစ်) ၅၆.၂၅ ပိဿာတစ်အိတ် ၂၂၅၀၀၀ ပေါက်ဈေး သာရှိပြီး တရုတ်လိုင်း အဝယ်အေးသွားကြောင်း မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများ အရသိရသည်။

အမေရိကန်နိုင်ငံက ဘဏ်ပြိုလဲမှု သတင်းတွေကြောင့် ကမ္ဘာ့ရွေဈေးမြင့်တက်လာ တာနှင့်အတူပြည်တွင်းပဲဈေးကွက်တစ်ခုလုံးဈေးမြင့်တက်လာသလို ဝယ်လိုအားကောင်း လာကြောင်းလက်ရှိပဲဈေးကွက်အခြေနေက ပို့ကုန်ပဲတွေ အကုန်ဈေးကောင်း နေကြောင်း ၊ ပြည်တွင်း သုံးကုလားပဲကတော့ ဈေးအကောင်းဆုံးဖြစ်လာကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) ကပြောသည်။  

ယခုသီတင်းပတ် မတ် ၁၄ ရက်နေ့တွင် ဈေးမြင့်တက်လာသည့် ကုလားပဲ V2 တစ်အိတ်မှာငွေကျပ် ၂၀၃၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ်၂၄၅၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ်၂၅၀၀၀၀၊ မြေထောက်ပဲ တစ်အိတ် ငွေကျပ်၂၈၅၀၀၀၊ မြေပဲအနီလုံးဆန် တစ်ပိသာ ၆၇၀၀-၆၈၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.